ဆိုးလ်၊ မတ်-၁၅-၂၀၂၅
ရတီ(VOM)
တောင်ကိုရီးယားနိုင်ငံမှာ ဇန်နဝါရီလအတွင်းက ခရီးသည်တင်လေယာဉ်မီးလောင်မှုဟာ ပါဝါဘန့်ခ် တခုကြောင့် စတင်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဘူဆန်လေကြောင်းလိုင်းမှ လေယာဉ်ဟာ နိုင်ငံတောင်ပိုင်း ဂင်ဟေးလေဆိပ်တွင် ဇန်နဝါရီ ၂၈ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ်မှာ ခရီးသည်သုံးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ပါဝါဘန့်ခ် ဘက်ထရီအတွင် လျှပ်ကာများ ပျက်စီးပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ စုံစမ်းစစ်ဆေးမှု ကနဦးရလဒ်တွေမှာ ဖော်ပြထားပါတယ်။
ခရီးသည်နေရာအပေါ်ရှိ ခရီးဆောင်အိတ်အတွင်းမှ ပါဝါဘန့်ခ်မီးစတင်လောင်ကျွမ်းခဲ့တဲ့ အပျက်အစီးတွေကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒါဟာ နောက်ဆုံး အပြီးသတ်အစီရင်ခံစာ မဟုတ်ဘူးလို့ ဆိုပါတယ်။
လေယာဉ် မီးလောင်ပြီးနောက် တပတ်အကြာမှာ ခရီးဆောင်အိတ်တွေအတွင်း ပါဝန်ဘန့်ခ်တွေ သယ်ဆောင်ခွင့်မပြုဘူးလို့ ဘူဆန်လေကြောင်းလိုင်းက ကြေညာခဲ့ပါတယ်။ နိုင်ငံတကာ အရပ်ဘက်လေကြောင်းအဖွဲ့အစည်းကတော့ လစ်သစ်ယံအိုင်းယွန်း ဘက်ထရီတွေကို လေယာဉ်ကုန်သိုလှောင်ခန်းတွေမှာ ထားရှိမှုကို ၂၀၁၆ ခုနှစ်ကတည်းက တားမြစ်ခဲ့ပါတယ်။
တရုတ်လေကြောင်းလိုင်းနဲ့ ထိုင်းလေကြောင်းလိုင်းအပါအဝင် လေကြောင်းလိုင်းအများအပြားကလည်း အလားသူစည်းမျဉ်းများကို စတင်ကျင့်သုံးနေပြီဖြစ်ပါတယ်။ စင်ကာပူလေကြောင်းလိုင်းနဲ့ စကော့လေကြောင်းလိုင်းတို့ကလည်း ဧပြီ ၁ ရက်စပြီး ဒီလိုကန့်သတ်သွားဖို့ ရှိနေပါတယ်။
Ref:BBC
Photo:Reuters