ဩဂုတ် ၁၆ – ၂၀၂၅
KKO(VOM)
နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ယခင်ကနိုင်ငံရေးပြစ်မှုရှိခဲ့ဘူးသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့စာအုပ်လျှောက်ထားရာမှာကြန့် ကြာမှုတွေနဲ့ အခက်အခဲတွေများစွာရှိနေတယ်လို့ ပြည်တွင်းမှာရှိနေတဲ့ နိုင်/ကျဉ်းဟောင်းတွေထံကနေ သိရပါတယ်။
ယခင်ကနိုင်ငံရေးပြစ်မှုရှိခဲ့ဘူးသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့စာအုပ်လျှောက်ထားရာမှာအစစ်ဆေးခံရတာတွေ နောက်ကြောင်းရာဇဝင်တွေကိုစုံစမ်းခံရတာတွေကိုလည်းကြုံတွေ့နေရတယ်လို့ နိုင်/ကျဉ်းဟောင်းတွေကပြောပါတယ်။
လက်ရှိအချိန်အထိ နိုင်/ကျဉ်းဟောင်းလူဦးရေ ၅ဝ နီးပါးခန့်က နိုင်ငံကူးလက်မှတ်ပတ်စ်ပို့စာအုပ် တွေကိုလျှောက်ထားပေမယ့်အချိန်ကာလကြာမြင့်သည်အထိစာအုပ်လက်ဝယ်မရရှိကြသေးဘူးလို့ နိုင်/ကျဉ်းဟောင်းတွေက ဆိုပါတယ်။
“ပတ်စ်ပို့သက်တမ်းတိုးထားတာ အခုချိန်အထိမရသေးဘူး။သာမန်ဆို ၁၀ ရက်ကြာဆိုရနိုင်ပါလျှက်အခုချိန်ထိမရသေးတာပါ။ကျွန် တော်သားသမီးတွေအားလုံး ၁၀ ရက်နဲ့ ရကြတယ်။အမျိုးသမီးစာအုပ်ရရှိပြီးဖြစ်တယ်။ကျွန်တော်စာအုပ်ကျမရရှိသေးတာပါ။အကြောင်းစုံမေးမြန်းကြည့်တော့ နိုင်ငံရေးပြစ်မှုနဲ့ ထောင်ကျထားတာကိုစုံစမ်းနေလို့ဆိုပြီးပြောပါတယ်” လို့ နိုင်/ကျဉ်းဟောင်းတယောက်က VOM ကို ပြောပါတယ်။
နိုင်/ကျဉ်းဟောင်းတွေအနေနဲ့ ပတ်စ်ပို့စာအုပ်လျှောက်ထားရာမှာ ကြန့်ကြာမှုနဲ့ အခက်အခဲတွေကိုနေပြည် တော်အထိတင်ပြထားပေမယ့် ဒီနေ့အထိထူးခြားမှုမရှိသေးဘူးလို့လည်း သူတို့က ပြောပါတယ်။
“ကျွန်တော်ကလူမျိုးခြားလည်းမဟုတ်ဘူး။သူပုန်လည်းမဟုတ်ဘူး။ကရင်တိုင်းရင်သားပါ။၄ လပိုင်းထဲက QR ဝင်ပြီးလျှောက်ထားတာ သက်တမ်းတိုးထားတာ အခုအထိဆို ၅ လနီးပါးရှိနေပြီ၊စာအုပ်မရသေးဘူး။နယ်မြေခံသတင်းတပ်ဖွဲ့ကလာရောက်စုံစမ်းစစ်ဆေးတယ်။ရယကထောက်ခံချက်၊ရဲစခန်းမှာပြစ်မှုကင်းရှင်းကြောင်းထောင် ထွက်လက်မှတ်ဘယ်နှစ်ခုနှစ်မှာစတင်ပြီးနိုင်ငံရေးလုပ်ခဲ့သလဲ။ထောင်ဘယ်နှစ်ကြိမ်ကျခဲ့သလဲ။ပြစ်ဒဏ်ဘယ်လောက်ကျခဲ့သလဲအကုန်မေးမြန်းခံရတယ်၊အစစ်ခံရတယ်”လို့ သူက ဆက်ပြီး ပြောပြပါတယ်။
နိုင်/ကျဉ်းဟောင်းတယောက်က တော့ပတ်စ်ပို့စာအုပ်လျှောက်ထားခဲ့တာဟာ ပြည်ပနိုင်ငံမှာကျောင်းတက်နေတဲ့ သူရဲ့သမီးဘွဲ့ယူတာကို သွားရောက်ဖို့ဖြစ်ပြီး နိုင်ငံခြားမှာအပြီးနေဖို့မဟုတ်ဘူးလို့လည်းသူကပြောပြပါတယ်။
“သမီးဘွဲ့ယူရင်သွားဖို့ပတ်စ်ပို့လျှောက်တာပါ။နိုင်ငံခြားမှာနေဖို့လည်းမဟုတ်ပါဘူး။ဟိုမှာလည်းမနေပါဘူးလို့လာစစ်တဲ့သူတွေကိုပြောလိုက်တယ်။သူတို့ကတော့စာအုပ်ရရင်ဖုန်းဆက်ပေးပါမယ်လို့ပြောပါတယ်”လို့ သူက VOM ကို ထပ်ပြီး ပြောပြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်းအလုပ်နိုင်ငံကူးလက်မှတ် (PJ)အမျိုးအစားမှတခြားနိုင်ငံကူးလက်မှတ်အမျိုးအစားတွေပြောင်း လဲလျှောက်ထားခွင့်ကိုအစိုးရကပိတ်ပင်ခဲ့လို့ ပြည်ပကိုသွားရောက်မယ့်သူတွေအနေနဲ့ အခက်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အလုပ်အကိုင်နိုင်ငံကူးလက်မှတ်အမျိုးအစား(PJ)ကနေတခြားအမျိုးအစားတွေဖြစ်တဲ့အလည် အပတ်နိုင်ငံကူးလက်မှတ်(PV)၊ ပြည်ပမှာအလုပ်လုပ်နေသူနဲ့လိုက် ပါနေထိုင်တဲ့ မှီခိုနိုင်ငံသားအတွက် ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ် (Dependent Passport – PT)၊ ပညာရေးနိုင်ငံကူးလက်မှတ်(PE)၊ သင်္ဘောသား(PS)အမျိုးအစားတွေ ပြောင်းလဲလျှောက်ထားမှုကိုမြန်မာတနိုင်ငံလုံးရှိနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေမှာ ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့မှ စတင်ပြီးပိတ်ပင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလိုနိုင်ငံကူးလက်မှတ်အမျိုးအစားပြောင်းလဲခွင့်ပိတ်ပင်လိုက်တာနဲ့ပတ်သက်လို့ အစိုးရရဲ့တရား ဝင် ဝက်ဘက်ဆိုက်ဖြစ်တဲ့မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဝက်ဘက်ဆိုက်မှာတော့သတင်း ထုတ်ပြန်ထားခြင်းမျိုးမရှိသေးပါဘူး။
“အချိန်ကုန်ပြီး စာအုပ်မရဘူးဆိုတော့အလကားဖြစ်တာပေါ့၊ပိုက်ဆံလည်းကုန်တယ်။စာအုပ်မရတဲ့သူတွေလည်းအများကြီးရှိနေတယ်”လို့ ပြည်သူတယောက်က မှတ်ချက်ပြု ပြောပြပါတယ်။
Photo – CJ
