အိန္ဒိယသမုဒ္ဒရာထွက်ပေါက်၊ QUAD နှင့် တရုတ်-မြန်မာ ပထဝီနိုင်ငံရေး

MT(VOM) ​ ​၂၁ ရာစု၏ ကမ္ဘာ့ပါဝါချိန်ခွင်လျှာသည် အင်ဒို-ပစိဖိတ် (Indo-Pacific) ဒေသဆီသို့ သိသိသာသာ ရွေ့လျားလာခဲ့သည်။ ထိုရွေ့လျားမှုတွင် အရှေ့တောင်အာရှကုန်းမြေနှင့် အိန္ဒိယသမုဒ္ဒရာ (Indian Ocean) ရေပြင်သည် မဟာဗျူဟာမြောက် အချက်အချာ အချက်အခြာများ ဖြစ်လာကြသည်။ အထူးသဖြင့် အမေရိကန်ဦးဆောင်သော QUAD (Quadrilateral Security Dialogue) မဟာမိတ်အုပ်စု၏ တရုတ်နိုင်ငံကို ဝိုင်းရံပိတ်ဆို့ရန် ကြိုးပမ်းမှုနှင့် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရှာသည့် ဗျူဟာမြောက် ရုန်းကန်မှုတို့ ကြောင့် မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး၏ အလယ်ဗဟို (Geopolitical Hotspot) သို့ ရောက်ရှိလာခဲ့သည်။ ​QUAD ၏ ဗျူဟာမြောက်ရည်မှန်းချက်နှင့် အရှေ့တောင်အာရှ ​အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် အော်စတြေးလျ (၄) နိုင်ငံဖြင့် ဖွဲ့စည်းထားသော QUAD အဖွဲ့သည် စစ်ရေးမဟာမိတ်ဟု တရားဝင်မကြေညာသော်လည်း၊ ၎င်းတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ…

Read More

ကျောင်းသုံးပုံနှိပ်စာအုပ် အပြည့်အဝမပေးနိုင်တဲ့ ကျောင်းတချို့ ရှိနေ

ဇွန် ၃ – ၂၀၂၆ SS (VOM) အခြေခံပညာကျောင်းတွေမှာ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ အခမဲ့ ထောက်ပံ့ပေးတာဖြစ်ပေမယ့် ကျောင်းတချို့မှာတော့ ပုံနှိပ်စာအုပ် အပြည့်အဝ မပေးနိုင်တာတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။ ကျောင်းအပ်နှံမှု နောက်ကျတဲ့ ကျောင်းသား၊ ကျောင်းသူ အများစု ပုံနှိပ်စာအုပ် မရရှိသေးတာလို့ သိရပြီး VOM က ရရှိတဲ့ သတင်း အချက်အလက်တွေအရ ကော့ကရိတ်နဲ့ မန္တလေးမြို့က ကျောင်းတချို့မှာ ကျောင်းသားဦးရေအလိုက် ပုံနှိပ်စာအုပ်တွေ ပေးဝေနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ “ကော့ကရိတ် အ.ထ.က (၂) ကျောင်းမှာ ပုံနှိပ်စာအုပ် အပြည့်အဝမရှိပါဘူး။ အဲဒါကြောင့် ကလေးတွေမှာ ပုံနှိပ်စာအုပ်မရှိကြဘူး။ ကျောင်းစတက်တဲ့နေ့မှာ ဆရာမက ကလေးကို စာအုပ်ပါလားမေးပါတယ်။ ကလေးကလည်း ကျောင်းကမပေးလို့ မပါဘူးလို့ မပါဘူးလို့ ဖြေပါတယ်။ အဲဒါကို ဆရာမက ကလေးကိုရိုက်ပါတယ်။…

Read More

မြဝတီ နယ်စပ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းကို ဒရုန်းကျလို့ မြန်မာလုပ်သားမိသားစု သုံးယောက်သေပြီး နှစ်ယောက်ဒဏ်ရာပြင်းထန်ရရှိခဲ့

ဇွန် ၃ ၊ ၂၀၂၆ GG (VOM) ထိုင်း – မြန်မာနယ်စပ် ၊ တာ့ခရိုင် ၊ ဖုတ်ဖရမြို့နယ်၊ ဝါးလေကျေးရွာအုပ်စု၊ မောကဲထိုင်ကျေးရွာ (မူး ၁) ရှိ ငရုတ်သီးစိုက်ခင်းထဲကို ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုဝင် သုံး​ယောက်သေဆုံးကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က ဇွန် ၂ ရက်နေ့၊ ထိုင်း – မြန်မာနယ်စပ် ၊ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ထဲက နယ်စပ်ကျေးရွာဘက်မှာ တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီး ဒရုန်းအပါအဝင် လက်နက်ကြီး လက်နက်ငယ်အပြန်အလှန်ပစ်ခတ်ရာကနေ နယ်နမိတ်ထိစပ်နေတဲ့ ထိုင်းနယ်စပ်က ကျေးရွာ ငရုတ်စိုက်ခင်းထဲကို ဒရုန်းကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ဗုံးပေါက်ကွဲမှုကြောင့် သေတာက မိသားစုသုံးယောက်ပါ ။ ဒရုန်းတစင်းလည်း အဲဒီမှာတွေ့ရ တယ် ။ဖြစ်တာက မနေ့က ညနေ ၄ နာရီလောက်…

Read More

ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်စပြီး​နောက် ပြောင်းကားတစီး တိမ်းမှောက်လို့ ယာဥ်မောင်းသေဆုံး

ဇွန် ၃ ၊ ၂၀၂၆ CC (VOM) ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပြီးနောက် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်​ရေးပြန်လည် စတင်နေပြီဖြစ်တယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။ မြဝတီနယ်စပ်ကနေ ထိုင်း မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးပြန်စပြီးနောက် မနေ့ကဇွန် ၂ ရက်နေ့မှာ မြဝတီမြို့၊ အာရှလမ်း၊ ရင်ကွဲတောင်နေရာ ကွင်းကလေးကုန်းအဆင်း၊ မိုင်တိုင်အမှတ် ၁၆၁/၄ မှာ ပြောင်းတင်လာတဲ့ တွဲကားတစီး တိမ်းမှောက်ပြီး ယာဥ်မောင်းသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” လမ်းချော်ပြီး ကားမှောက်တယ်လို့ ယူဆရတယ်။ ကားသမားက ကားအောက်မှာ ပိနေလို့ တော်တော်လေး ထုတ်ယူရတယ်။ ကားဝိတ်က များနေတာကိုး ။ မိုးရာသီရောက်ရင် အရင်ကလည်း ကားတွေလမ်းချော်ပြီး မှောက်လေ့ရှိတယ်။ ” ဒေသခံ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်…

Read More
VOM News

FREE
VIEW