ဇွန် ၃ – ၂၀၂၆ SN (VOM) မုတ်သုံလေ အားကောင်းလာတဲ့အတွက် အခု ဇွန်လ ၅ ရက်နေ့ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံ တောင်ပိုင်းစွန်းနဲ့ မြောက်ပိုင်းစွန်း ဒေသတွေမှာ လက်ရှိအနေအထားထက် မိုးပိုလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “မိုးအရမ်းများမှာတော့ မဟုတ်ဘူး။ အခု ရွာနေတဲ့ အနေအထားထက်ကို မိုးပိုလာမှာ။ တအားကြီး၊ အများကြီးရွာမယ့် အနေအထားမျိုးတော့ မဟုတ်ဘူး။ အဓိက ကတော့ မိုးဦးကာလ ရောက်လာပြီဆိုတော့ မိုးနည်းနည်းလေး များလာပြီ။ ဒါကြောင့် မြစ်ငယ်၊ ချောင်းငယ်တွေမှာ ရေတက်လာမယ့် အနေအထားမျိုးတွေ သတိပြုဖို့လိုတယ်။ ပြီးတော့ အလယ်ပိုင်းဒေသက ချောင်းခြောက်တွေဆိုရင်လည်း မိုးနည်းနည်းလောက် ရွာလိုက်တာနဲ့ တောင်ကျချောင်းရေ စီးဆင်းတတ်တာမျိုးတွေ ရှိနိုင်တယ်။ ဒါမျိုးတွေလည်း သတိပြုဖို့လိုတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။…
Read MoreDay: June 3, 2026
ယာဉ် စုံ/မ စစ်ဆေးမှုနဲ့ မန္တလေးသူ မန္တလေးသားတွေရဲ့ အခက်အခဲ
မန္တလေး၊ ဇွန်- ၃- ၂၀၂၆ KKA(VOM) “စုံလား၊မလား” အခုရက်ပိုင်း မန္တလေးမှာ မနက်မိုးလင်း အိမ်ကမထွက်ခင် ဒါမှမဟုတ် လမ်းမပေါ်တက်ခါနီးတိုင်း ဆိုင်ကယ်နဲ့ ကားမောင်းသူဟာ ခေါင်းထဲ အရင်ဆုံးေရာက်လာတဲ့ အတွေးတစ်ခုပါ။ ၂၀၂၆ ခုနှစ်ရဲ့ ဇွန်လဆန်းပိုင်း ရောက်လာတာနဲ့အမျှ မန္တလေးမြို့ရဲ့ လမ်းဆုံလမ်းခွတွေမှာ ယာဉ်တွေကို စုံ/မ နံပါတ်ခွဲပြီး စစ်ဆေးဖမ်းဆီးတာတွေ သိသိသာသာလုပ်လာတာကိုေတွ့ရပါတယ်။ ဒီအခြေအနေက မြို့ခံလူထု၊ အထူးသဖြင့် နေ့စဉ်ရုန်းကန်နေရတဲ့ သာမန်လက်လုပ်လက်စား ပြည်သူတွေအတွက်တော့ တကယ့်ကို ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေရပါတယ်။ မန္တလေးဆိုတာက ဆိုင်ကယ်ကို အဓိကအားပြုပြီး သွားလာလှုပ်ရှားရတဲ့ မြို့ပါ။ ဒီလိုမြို့မျိုးမှာ ယာဉ်နံပါတ် စုံ/မ ခွဲပြီး ဖမ်းဆီးတဲ့ဒဏ်ကို အခံရဆုံးကတော့ ကျောင်းကြိုကျောင်းပို့ လုပ်နေရတဲ့ မိဘတွေပါပဲ။ ဇွန်လဆိုတာ ကျောင်းဖွင့်ရာသီဖြစ်လို့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ ကလေးတွေကို ကျောင်းပို့၊ ကျောင်းကြို လုပ်ရတာ မိဘတွေရဲ့…
Read Moreမကွေးနဲ့ စစ်ကိုင်းက EPC ရုံးမန်နေဂျာ၊ ကျောင်း ဆရာမနဲ့ အရပ်သားတယောက်တို့ကို လက်နက် ကိုင်အဖွဲ့က ဖမ်းဆီးသွား
ဇွန် ၃ ၊ ၂၀၂၆ CC (VOM) မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းထဲက လျှပ်စစ်ရုံးမန်နေဂျာ ၊ကျောင်းဆရာမ အပါအဝင် လူသုံးယောက်ကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဇွန် ၁ ရက်နေ့မှာ အဆိုပါ သုံးယောက်လုံးကို ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးသွားပြီးနောက် မန်နေဂျာနဲ့ ကျောင်းဆရာမ တို့နှစ်ယောက်က အဆက်အသွယ်ပြတ်နေပြီး ကျန်တယောက်ကတော့ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ် ။ မကွေးမြို့နယ်လျှပ်စစ်ရုံးမှ မန်နေဂျာဖြစ်သူ ဦးအောင်ကျော်ကျော်ဟာ ဇွန် ၁ ရက်နေ့၊ နေ့လယ်ပိုင်းမှာမကွေးမြို့ကနေ မကြီးကုန်းကျေးရွာကို မကွေး-ကံပြား-မြို့သစ်-နတ်မောက်လမ်းအတိုင်း ကားနဲ့သွားလာစဥ် မကြီးကုန်းကျေးရွာအနီးအရောက်မှာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” EPC ရုံးက မန်နေဂျာကို ဖမ်းသွားတာဟုတ်တယ်။ ကားရော လူရောခေါ်သွားတာ။ ခုထိတော့ ပြန်ရောက်တဲ့အသံလည်း မကြားမိသေးဘူး…
Read Moreသူတို့အိမ်အခန်း (၁၃၀)
ဆူးငှက် ဘုံဆိုင်မှာ နှမ်းဘတ်ချဉ် အမြီးစားသူပါ ——————————————– ကျွန်တော် မွေးခဲ့ရတာက လက်လုပ်လက်စား မိဘဖြစ်သောကြောင့် ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း လက်လုပ် လက်စားတွေ ချည်းပဲဖြစ်သည်။ လူလတ်တန်းစားလို့တောင် ပြောဖို့ ခပ်ခက်ခက်ပါ။ မွေးချင်း အိမ်နီးချင်းမှာလည်း ရွယ်တူမရှိပေ။ ကစားဖော်မရှိ။ ဦးလေးတွေ အစ်ကိုဝမ်းကွဲတွေနှင့်ပဲ ကြီးရသည်။ သူတို့ သွားလေရာ လိုက်ရသည်မှာ ကလေးကတည်းက လိုက်ရတာ လူပျိုကြီးဖားဖား တက္ကသိုလ်ရောက်သည့် အထိ။ သူတို့သွားသည် ဆိုတာကလည်း အရက်ဆိုင်က တစ်နေ့တစ်ခေါက် မရောက်မဖြစ်ကိုး။ ဒီတော့ ငယ်ငယ်ကတည်းက သူတို့စက်ဘီးထုတ်လာသည်နှင့် ကိုယ်က စက်ဘီး ဘားတန်းပေါ်ခုန်တက် လိုက်ပြီးသား။ ကြီးလာသည့်အခါ ကိုယ့်စက်ဘီးနဲ့ကိုယ် ထပ်ချပ်မကွာ ပါပြီးသား။ လူသာလဲမည်။ ကိုယ်က ပင်တိုင်။ ဤသို့ဖြင့် သူတို့နှင့် အရက်ဆိုင် ရုပ်ရှင်ရုံ ဗထူးကွင်း မလွန်ကွင်း ဘုရားပွဲခင်းများဆီ သာမက ဘုံဆိုင်ခေါ်…
Read Moreအလုပ်သမားစေလွှတ်မှုတွေ လျှော့ချမယ့်အရေးကြောင့် ပြည်ပထွက်ခွာဖို့ စောင့်ဆိုင်းနေသူတွေ စိုးရိမ်မှုတွေ မြင့်တက်နေ
ဇွန် ၃ – ၂၀၂၆ SS (VOM) လက်ရှိမှာ ပြည်ပနိုင်ငံတွေဆီ မြန်မာလုပ်သား တရားဝင်စေလွှတ်မှုတွေကို ထပ်မံလျှော့ချဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ပြည်ပထွက်ခွာဖို့ စောင့်ဆိုင်းနေသူတွေအနေနဲ့ ငွေကြေးဆုံးရှုံးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား အစရှိတဲ့ နိုင်ငံတွေဆီ မြန်မာလုပ်သား စေလွှတ်မှုကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လကုန်ပိုင်းကတည်းက လူဦးရေပမာဏ လျှော့ချထားတာဖြစ်ပြီး အကန့်အသတ်နဲ့သာ ထွက်ခွာခွင့်ပြုနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်ငံတော်သမ္မတက ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မှုတွေကြောင့် ပြည်တွင်းမှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေ လျှော့နည်းလာနေတယ်လို့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တဲ့အတွက် အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ပြည်ပလုပ်သား…
Read Moreတိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေပူးပေါင်းမှုအရေးကြီးကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ဆို
မန္တလေး ၊ဇွန် ၃၊၂၀၂၆ VOM မန္တလေးတိုင်းဟာ တိုင်းပြည်စီးပွားရေးအတွက်အဓိကတိုင်းထဲမှာပါတာမို့ မန္တလေးတိုင်းဒေသကြီးအစိုးရအနေနဲ့ ဘာတွေစီမံထားပါသလဲ? ဘာတွေကအရေးတကြီးလုပ်ဖို့လိုနေလဲဆိုတာတွေသိနိုင်ဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ စိုက်ပျိုးရေးကိုအခြေခံပြီး တိုးတက်အောင်လုပ်မယ့်ကိစ္စတွေ၊ မန္တလေးတိုင်းဒေသကြီးမှာ တည်ငြိမ်အေးချမ်းပြီး ရင်းနှီးမြုပ်နှံမှုတွေတိုးတက်လာအောင် လုပ်မယ့်အစီအစဥ်တွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်ဖြေဆိုထားတာကို တင်ပြပေးလိုက်ပါတယ်။ #voiceofmyanmar #VOM #မန္တလေးတိုင်းဒေသကြီးအစိုးရ #ဝန်ကြီးချုပ်ဦးမျိုးအောင်
Read Moreသူတို့အိမ် အခန်း (၁၂၉)
ဆူးငှက် ဖိနပ်အလုပ်သမားများ၏ စာကြည့်တိုက် ———————————————— ဖိနပ်ကုန်ထုတ် သ/မ သည် ၁၉၆၄ ခုနှစ်လောက် ကတည်းက ၂၆ဘီလမ်းက ရှပ်ရှင်းခြေနင်းဆိုင် အပါအဝင် တရုတ်ခြေနင်းဆိုင်ကြီးများက လျော်ကြေးဖြင့် ထွက်လာကြသော အလုပ်သမား ၅ဦးက ကိုယ်ပိုင်ငွေ ကျပ်(၅၀)စီ စုပေါင်းကာ ကိုယ်ပိုင်ခြေ နင်းလုပ်ငန်း၊ ဖိနပ်လုပ်ငန်းထူထောင်ခဲ့ကြခြင်း ဖြစ်သည်။ လုပ်ငန်း၏ နာမည်က “လုပ်အား စုပေါင်း ဖိနပ်ချုပ်လုပ်ငန်း” ပါတဲ့။ သူတို့က ဆိုရှယ်လစ်စံနစ်ဟူသော နိုင်ငံရေးစံနစ်အပေါ် ရိုးသားစွာ ယုံကြည်ကြသည်။ အများစုက ဘုန်းကြီးကျောင်း ပညာရေး အဆင့်လောက်သာ တတ်မြောက်ကြသော်လည်း စာဖတ်အားကောင်းသော ပညာတတ် အချို့၏ လမ်းညွှန်မှု သင်ကြားမှုကို တက်တက်ကြွကြွနာခံကြ၏။ ထို့ကြောင့် လုပ်သားဆိုင်တွင် စာကြည့်တိုက်ကို အစောကတည်းက ထူထောင်နိုင်ခဲ့သည်။ အလုပ်သမားများကလည်း အတတ်နိုင်ဆုံး ကြိုးစားကာ စာအုပ်တွေ ဖတ်ကြသည်။ မူလဆိုင်တည်ရှိရာ ပုလိုင်းရပ်ကွက်မှာ လုပ်အားတံဆိပ်…
Read Moreစစ်ရှောင်တွေအတွက် အမိုးအကာနဲ့ ကလေးတွေပညာသင်ဖို့ သင်ထောက်ကူပစ္စည်း ၊မိုးကာတွေအရေးပေါ်လိုအပ်နေ
ဇွန် ၂ ၊ ၂၀၂၆ GG (VOM) စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာနဲ့ စစ်ရှောင်ကလေးငယ်တွေအတွက် စာသင်ကြားပေးနိုင်ဖို့ အကူအညီ အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေဆီက စုံစမ်းသိရှိ ရပါတယ်။ မိုးရာသီရောက်ရှိလာပြီဖြစ်တာကြောင့် တောထဲမှာ နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာ ၊ စောင်ခြင်ထောင် စတဲ့ အကူအညီအထောက်အပံ့တွေ လိုအပ်ချက်ပိုများလာတယ်လို့ သိရပါတယ်။ လက်ရှိ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ တနင်္သာရီ တိုင်း၊ ကရင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ ကယား ၊ ကချင် ၊ရခိုင် စတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေပြီး စစ်ဘေးရှောင်ပြည်သူကလည်း သိန်းနဲ့ချီရှိနေသေးတာကြောင့် အဆိုပါ စစ်ရှောင်တွေအတွက် အမိုးအကာတွေ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ စစ်ရှောင်ပြည်သူ…
Read Moreရထားဥဩသံမကြားရတော့တဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်မြေ
KKA(VOM) “တချို့ မြို့တွေမှာတော့ ခေတ်မီရထားသစ်ကြီးတွေနဲ့ အဆင်ပြေပြေ သွားလာနေကြပြီ။ ဝမ်းသာရ၊ အားကျရ၊ ကျွန်ေတာ်တို့မှာေတာ့ စစ်ဒဏ်ေတွေကြာင့် ရထားလမ်းနဲ့ဘူတာကိုငေးနေရတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်ရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းကြီးမှာ ရထားအသံ ပျောက်ဆုံးနေတာ အခုဆိုရင် (၆) နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။” ဒါကတော့ ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကို နှစ်ရှည်လများ ခါးစည်းခံနေရတဲ့ ဒေသခံ ပြည်သူတစ်ဦးရဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ညည်းတွားလိုက်တဲ့ စကားသံပဲ ဖြစ်ပါတယ်။ တကယ်တော့ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းဟာ ကချင်ပြည်နယ်ရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ကုန်စည်စီးဆင်းမှုအတွက် အဓိက အသက်သွေးကြော လမ်းမကြီး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု မရှိခြင်း၊ လမ်းပိုင်းဆိုင်ရာ ခရီးသည်လုံခြုံရေး အခြေအနေများနှင့် နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲေတွကြောင့် အဲဒီ လမ်းပိုင်းမှာ ရထားခရီးစဉ်တွေ…
Read More