ကရာကတ်၊ မေ-၅-၂၀၁၉
မျိုးဆက် (VOM)
ဗင်နီဇွဲလား စစ်ဘက် ရဟတ်ယာဉ်တစ်စင်းဟာ ကရာကတ်မြို့အနီးမှာ မေ ၄ ရက်နံနက်ပိုင်းက ပျက်ကျသွားပြီး လိုက်ပါလာသူ ခုနှစ်ဦးစလုံးသေဆုံးသွားတယ်လို့ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရဟတ်ယာဉ်ဟာ မြို့တော် ကရာကတ်ကနေ ကိုဟိစ်ပြည်နယ်ကို ပျံသန်းခဲ့တာဖြစ်ပြီး ပျက်ကျရတဲ့ အကြောင်ရင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီမတော်တဆမှုနဲ့ ပတ်သက်လို့ အလွန်တရာဝမ်းနည်းကြောင်းနဲ့သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်း မိတ်ဆွေတွေနဲ့ထပ်တူ ၀မ်းနည်းကြောင်း သမ္မတမာဒူရိုက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။
နီကိုလပ်မာဒူရိုလည်း စစ်ရေးလေ့ကျင့်ခန်းတွေကို ကြည့်ရှုစစ်ဆေးဖို့ ကိဟိစ်ပြည်နယ်ကို ရောက်ရှိနေပြီး အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ဖို့ ဗင်နီဇွဲလားစစ်တပ်က အဆင်သင့်ရှိတယ်ကို ပြသတာဖြစ်တယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။
မာဒူရိုရဲ့ သမ္မတရာထူးဟာ တရားမမ၀င်ဘူးလို့ ကြေညာထားပြီး သူ့ကိုယ်သူ ပြိုင်ဘက်သမ္မတအဖြစ် ယူဆထားတဲ့ အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုကို ထောက်ခံပြီး အာဏာသိမ်းမှုတစ်ရပ်ဖြစ်အောင် အမေရိကန်က ကြိုးစားနေတယ်လို့ မာဒူရိုက စွပ်စွဲထားပါတယ်။
Ref : Reuters
Photo: Getty Images
#voiceofmyanmar #ဗင်နီဇွဲလား #စစ်ရဟတ်ယာဉ်ပျက်ကျ