ရဲဘော်သုံးကျိပ်ပန်းခြံ ပြန်လည်ရရှိဖို့ လူထုထောက်ခံလက်မှတ်ရယူခြင်းနဲ့ဆန္ဒထုတ်ဖော်ပွဲ ကျင်းပ

ရန်ကုန် မေ ၅-၂၀၁၉ သစ်တော် (VOM)   လှည်းတန်းဘူတာနဲ့ ကုန်းကျော်တံတား အနီးမှာရှိတဲ့ရဲဘော်သုံးကျိပ် ပန်းခြံကို မူလနေရာမှာပြန်လည်ရရှိဖို့  လူထုထောက်ခံလက်မှတ်ရယူခြင်းနဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့ညနေ ၃ နာရီက ရဲဘော်သုံးကျိပ် ပန်းခြံရှေ့မှာကျင်းပခဲ့ပါတယ်။     ဆန္ဒပြရာမှာ ဦးးဆောင်သူတစ်ဦးက ”တကယ်​လို့ အဲ့ဒီရဲ​ဘော်​သုံးကျိပ်​ ပန်းခြံကြီးထဲမှာ ကွန်​ဒိုပဲဖြစ်​ဖြစ်​ ပန်းခြံပဲဖြစ်​ဖြစ်​ ဘာပဲဖြစ်​ဖြစ်​ တခုခုသာ​ဆောက်​လုပ်​ပြီးးစီးသွားမယ်​ဆိုရင်​ အခုလူ​တွေ​ရော ​နောင်​လာ​နောင်​သားအဆက်​ဆက်​က​ ပြောစရာဖြစ်မယ်။ ဒါကြီးကို လက်ညိုး​ထိုးပြီး​တော့ ​ရောင်းကြ​တော့ ရဲ​ဘော်​သုံကျိပ်​ပန်းခြံကြီးကို ​ပေါ်တင်​ကြီးကို အကြီးအကျယ်​ဒုက္ခပေးကြ​တော့ သူများကလက်​ညိုးထိုးကြလိမ့်​မယ်​” လို့ ဆိုပါတယ်။     ရဲဘော်သုံးကျိပ်ပန်းခြံဟာ ၁၉၅၆ ခုနှစ်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက သတ်မှတ်ပေးထားခဲ့ခြင်းဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင်ဖြစ်တဲ့ ဗိုလ်စောနောင်နဲ့ ဗိုလ်မှူးအောင်တို့က ဖွင့်လှစ်ပေးခဲ့တဲ့ပန်းခြံ ဖြစ်ကြောင်းလည်းသိရပါတယ်။     ၁၉၅၆ ခုနှစ်က ကမာရွတ်မြို့နယ်အတွင်း…

Read More

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု အရှိန်မြင့်နေ

 ဂါဇာစီးတီး၊ မေ-၅-၂၀၁၉  မျိုးဆက် (VOM) မကြာသေးမီနှစ်တွေအတွင်းက တင်းမာမှုတွေမြင့်တက်ခဲ့တဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေအကြား အပြန်အလှန်တိုက်ခိုက်မှုတွေ အရှိန်အဟုန်မြင့်လာနေပါတယ်။ ပါလက်စတိုင်းစစ်သွေးကြွတွေဟာ မေ ၄ ရက်နေ့ကတည်းက အစ္စရေးပိုင်နက်ထဲကို ဒုံးကျည် ၄၃၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီဒုံးပျံအများစုကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပါတယ်။ မေ ၅ ရက်မှာတော့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းပစ်မှတ် ၂၀၀ ကိုပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လေးဦးသေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းဘက်က ပြောပါတယ်။ ပြီးခဲ့တဲ့လက နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားခဲ့ပေမယ့်လည်း ဒီလိုတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ရေရှည်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် အီဂျစ်နဲ့ ကုလသမဂ္ဂတို့က မကြာသေးမီက ကြိုးစားခဲ့ကြပါတယ်။ စစ်သွေးကြွတွေဆီကို လက်နက်တွေမရောက်ဖို့ လိုအပ်တယ်လို့ အစ္စရေးတို့က ပြောဆိုပြီး ဂါဇာဒေသကို ပိတ်ဆို့ထားတာကို ဆန္ဒပြနေတဲ့ မေ…

Read More

ကောလင်းမြို့နယ်မှာ ကားစီးရင်မမူးတဲ့ ဆေး သောက်ရာက သေဆုံး

ကောလင်း မေ ၅၊၂၀၁၉ မိုင်ချယ်ရီ ( VOM) စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ  ကားစီးရင် မမူးဖို့ ဆေးသောက်ရာက လူသေဆုံးတဲ့ ဖြစ်စဉ်တခု မေလ ၄ ရက်နေ့ မနက်ပိုင်း က ဖြစ်ပွားခဲ့တယ်လို့ ကောလင်းမြို့မရဲစခန်း ကနေ သိရပါတယ်။ ကောလင်းမြို့နယ် စွယ်ရကျေးရွာမှာနေထိုင်တဲ့ မအိချောမွန် (၁၇) နှစ် ဟာဆိုရင် မေလ ၄ ရက်နေ့ နေ့လယ်ပိုင်းကား နဲ့ ကောလင်းမြို့ကနေ မန္တလေးမြို့ကို သူ့ရဲ အမေဖြစ်သူ နဲ့ သွားရောက်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲ့ဒီလို စီစဉ်ထားတာကြောင့် မနက် ၆ နာရီ အချိန်ခန့်က သားအမိ နှစ်ဦး ဟာဆိုရင် Stugeron တံဆိပ်ပါတဲ့ ကားမူပျောက်ဆေး တစ်ဦးကို တစ်ပြား သောက်သုံးခဲ့ပါတယ်။ အဲ့ဒီဆေး သောက်ပြီး ခဏအကြာ မှာ မချောအိမွန်…

Read More

ဒိုင်နိုဆောခေတ်က ကမ္ဘာဦးကင်းခြေများရုပ်ကြွင်း မြန်မာ့ပယင်းကျောက်ထဲမှာရှာတွေ့

ဆိုဖီယာ၊ မေ-၅-၂၀၁၉ မျိုးဆက် (VOM)   လွန်ခဲ့တဲ့ နှစ်သန်း ၉၉ သန်းက ဒိုင်နိုဆောခေတ်မှာ ရှင်သန်ခဲ့တဲ့ ကမ္ဘာဦးကင်ခြေများတစ်ကောင်ရဲ့ ရုပ်ကြွင်းတစ်ခုကို မြန်မာနိုင်ငံ မြစ်ကြီးနားမြို့က တူးဖော်ရရှိတဲ့ ပယင်းကျောက်ထဲကနေ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။     အရွယ်အစား ၀ ဒသမ ၄ လက်မဘဲရှိတဲ့ အဲဒီကင်းခြေများကို Burmano Petalum Inexpextatum လို့ရှာဖွေတွေ့ရှိခဲ့တဲ့ ဘူလ်ဂေးရီးယား သိပ္ပံပညာရှင်တွေက အမည်ပေးထားပါတယ်။   ဒိုင်နိုဆောတွေရှင်သန်ခဲ့ကြတဲ့ ခရီတေးစီးယပ်စ်ခေတ်အတွင်းက ရှင်သန်ခဲ့တဲ့ B.Inexpectatum ကင်းခြေများတွေဟာ Callipodida မျိုးရင်းဝင် ကင်းခြေများ မျိုးစိတ်သစ်တစ်မျိုးရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။   တွေ့ရှိခဲ့တဲ့ ကမ္ဘာဦးကင်းခြေများမျိုးစိတ်ဟာ လက်ရှိခေတ်ကင်းခြေများတွေထက် အရွယ်အစားအလွန်သေးငယ်ကြပြီး ကင်းခြေများအုပ်စုတွေရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို ဖော်ထုတ်နိုင်ဖို့ အရေးကြီးတဲ့ သဲလွန်စတွေပေးနိုင်မယ်လို့ ဘူလ်ဂေးရီးယား သိပ္ပံပညာရှင်တွေက မျှော်လင့်ထားပါတယ်။…

Read More

ဗင်နီဇွဲလား စစ်ဘက်ရဟတ်ယာဉ်ပျက်ကျ ၊ လိုက်ပါလာသူအားလုံးသေဆုံး

ကရာကတ်၊ မေ-၅-၂၀၁၉ မျိုးဆက် (VOM)     ဗင်နီဇွဲလား စစ်ဘက် ရဟတ်ယာဉ်တစ်စင်းဟာ ကရာကတ်မြို့အနီးမှာ မေ ၄ ရက်နံနက်ပိုင်းက ပျက်ကျသွားပြီး လိုက်ပါလာသူ ခုနှစ်ဦးစလုံးသေဆုံးသွားတယ်လို့ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။   ရဟတ်ယာဉ်ဟာ မြို့တော် ကရာကတ်ကနေ ကိုဟိစ်ပြည်နယ်ကို ပျံသန်းခဲ့တာဖြစ်ပြီး ပျက်ကျရတဲ့ အကြောင်ရင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒီမတော်တဆမှုနဲ့ ပတ်သက်လို့ အလွန်တရာဝမ်းနည်းကြောင်းနဲ့သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်း မိတ်ဆွေတွေနဲ့ထပ်တူ ၀မ်းနည်းကြောင်း သမ္မတမာဒူရိုက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။   နီကိုလပ်မာဒူရိုလည်း စစ်ရေးလေ့ကျင့်ခန်းတွေကို ကြည့်ရှုစစ်ဆေးဖို့ ကိဟိစ်ပြည်နယ်ကို ရောက်ရှိနေပြီး အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ဖို့ ဗင်နီဇွဲလားစစ်တပ်က အဆင်သင့်ရှိတယ်ကို ပြသတာဖြစ်တယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။   မာဒူရိုရဲ့ သမ္မတရာထူးဟာ တရားမမ၀င်ဘူးလို့ ကြေညာထားပြီး သူ့ကိုယ်သူ ပြိုင်ဘက်သမ္မတအဖြစ်…

Read More

ထင်းခုတ်သွားတဲ့ ကျေးရွာသားတစ်ဦး မိုင်းနင်းမိပြီးသေဆုံး

မြောက်ဦး၊ မေ ၄-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ထင်းခုတ်သွားတဲ့ ကျေးရွာသားတစ်ဦးဟာ တောင်ကုန်းပေါ်မှာထောင်ထားတဲ့ မြေမြှုပ်မိုင်းကိုနင်းမိလို့ ပေါက်ကွဲသေဆုံးသွားခဲ့တာဖြစ်ပါတယ်။       သေဆုံးသူဟာ မြောက်ဦးမြို့  ထမ္မရာဇ်ရပ်ကွက်က အသက် ၃၈ နှစ်အရွယ် ဦးသန်းမြင့်ဖြစ်ပြီး သူဟာမနေ့ ၃ ရက်နေ့ မနက်ပိုင်းမှာ ထင်းခုတ်ဖို့ထွက်သွားခဲ့တာဖြစ်ပြီး တောင်ဖြူတောင်ပေါ်မှာ အခုလိုမိုင်းကွဲသေဆုံးသွားခဲ့တာဖြစ်ပါတယ်။     “သူက မနေ့ကမနက်ကနေ ထင်းခုတ်ဖို့အတွက် ထွက်သွားတာပါ။ ညနေထိပြန်မရောက်တဲ့အတွက် လိုက်ရှာခဲ့ကြတယ်။ ရှာမတွေ့တဲ့အတွက် ဒီကနေ့မှာ ထပ်ရှာတော့ သူ့ကိုတောင်ဖြူတောင်ထိပ်မှာ မိုင်းကွဲပြီးသေဆုံးနေတာတွေ့ရပါတယ်။ မြှေထဲမှာမြှုပ်ထားတဲ့မိုင်းကို နင်းမိပြီးခုလိုပေါက်ကွဲခဲ့တာဖြစ်နိုင်ပါတယ်။”လို့ ထမ္မရာဇ်ဒေသခံတဦးကပြောပါတယ်။   အဲ့ဒီသေဆုံးသူ ဦးသန်းမြင့်ရဲ့အလောင်းကို တွေ့ရှိလို့ တောင်ဖြူတောင်ပေါ်ကနေ ကျေးရွားတွေယူဆောင်လာခဲ့ကြပြီး ဒီကနေ့မှာမြောက်ဦးဆေးရုံကိုပို့ဆောင်ခဲ့ကြတာဖြစ်ပါတယ်။   “ဒဏ်ရာတွေကတော့ တစ်ကိုယ်လုံးပါပဲ။ မိုင်းကိုနင်းမိတာဖြစ်နိုင်ပါတယ်။ သူ့ဘယ်ဘက်ခြေထောက်မှာ ပွင့်ထွက်နေတဲ့ ဒဏ်ရာကိုတွေ့ရတယ်။…

Read More

မြောက်ဦးမြို့နယ်အတွင်း တပ်မတော်ကားတန်း ဖောက်ခွဲခံရ

မြောက်ဦး၊ မေ ၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာအနီး ဒီကနေ့နံနက်ပိုင်း ၉ နာရီခန့်အချိန်က တပ်မတော်ကားတန်းတစ်ခု ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရတာဖြစ်ပါတယ်။ အဲ့ဒီကားတန်းဟာ မင်းပြားဘက်ကနေ မြောက်ဦးမြို့နယ်အတွင်းကို ဖြတ်သန်းလာခဲ့တာဖြစ်ပြီး မြောက်ဦးမြို့နဲ့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ တိမ်ညိုတံတားထိပ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ “ပေါက်ကွဲမှုဖြစ်တယ်လို့တော့ သိရပါတယ်။ တိမ်ညိုတံတားနားမှာဖြစ်တယ်လို့ ပြောကြပါတယ်။ မနက် ၉ နာရီလောက်က ဖြစ်တာပါ။ တပ်မတော်ကားတန်း တိုက်ခိုက်ခံရတယ်လို့တော့ ပြောကြတယ်။ ကျွန်တော်တို့လည်း သွားမကြည့်ရဲဘူး။ ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ မပြောတတ်ဘူးဗျ။ ကားတစ်စီးနှစ်စီးလောက်တော့ ထိခိုက်တယ်လို့ သိရတယ်။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အဲ့ဒီပေါက်ကွဲမှုဖြစ်ပွားခဲ့အပြီးမှာတော့ တပ်မတော်ကားတန်းကနေ တိမ်ညိုကျေးရွာဘက်ကို သေနတ်တွေနဲ့ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် နေအိမ်တချို့ပျက်စီးသွားခဲ့ကြောင်း သူကပြောပါတယ်။ “အဲ့ဒီတိမ်ညိုတံတားဆိုတာက အရင်ကနေ ကင်းစခန်းတွေရှိနေတဲ့နေရာဖြစ်ပါတယ်။ အခုဆိုပိုပြီး တော့တောင် ကင်းတွေရှိတာပါ။ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ပြောဖို့ခက်တာပေါ့နော်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ စစ်တပ်ကရွာဘက်ကို ပစ်ခတ်သွားတယ်။…

Read More

ဇီးကုန်းနဲ့ နတ္တလင်းမှာ မေလ ၄ ရက် လေပြင်းတိုက်လို့ အိမ်ခြေ ၂၀၀ကျော်ပျက်စီး

ဇီးကုန်း မေ ၅-၂၀၁၉ မိုးယံ (VOM)     ​မေလ ၄ ရက်​​နေ့က ဇီးကုန်းမြို့နယ်​ ဆိတ်​ဖူးကျင်းအုပ်​စု ၊ ဘုရားကြီးကုန်းအုပ်​စု ၊ မီး​ကောက်​ပင်​အုပ်​စု စတဲ့​ကျေး ရွာတွေမှာ ​ ​(၄-၅-၂၀၁၉)ရက်​​​နေ့ညနေက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့်  အိမ်ခြေ ၂၀၀ ကျော်ပျက်စီးခဲ့ပြီး တန်​ဖိုး သိန်းတ​ရာ​ကျော်​ ဆုံးရှုံးခဲ့တယ်လို့ နတ္တလင်းမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ် ရေးဦးစီးဌာနကနေ သိရပါတယ်။   ခုလို​ လေ​ဘေးသင့်​ခဲ့တဲ့ အတွက်​ မိသားစု တချို့ဟာ နီးစပ်​ရာ ဘုန်းကြီး​ကျောင်းမှာ ခိုလှုံနေကြပါတယ်​။ လေဘေးသင့်မိသားစု​တွေကို ခိုလှုံခွင့်​​ပေးထားတဲ့ ရတနာပုံမန္တ​လေး​ကျောင်းတိုက်​က ဆရာ​တော်​ ဦးဥတ္တရကို ​မေး​လျောက်​ကြည့်​​တော့   `ဒီ​ကျောင်းမှာ အိမ်​​ထောင်​စု ၃၈၅ စု လာ​နေတယ်​ ညက​တော့ ဘုန်​ကြီးကိုယ်​တိုင်​ သူတို့ကို ထမင်း ​ရေသန့်​ ​ကျွေးထားပါတယ်​ အခုမနက်​​တော့…

Read More
VOM News

FREE
VIEW