ရုရှားရဲ့ အက်စ်-၄၀၀ ဒုံးပျံတွေ နှစ်လအတွင်း တူရကီကို ပို့တော့မယ်

စိန့်ပီတာစဘတ်၊ ဇွန်-၈-၂၀၁၉

မျိုးဆက် (VOM)

 

ရုရှားရဲ့ အက်စ်-၄၀၀ လေကြောင်းရန်ကာကွယ်ရေး ဒုံပျံစနစ်တွေကို တူရကီက ၀ယ်ယူဖို့ လုပ်နေတာဟာ နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးကို ခြိမ်းခြောက်နိုင်တယ်လို့  အမေရိကန်က သတိပေးနေပေမယ့် ဒုံးပျံစနစ်တွေကို နှစ်လအတွင်း တူရကီနိုင်ငံကို စတင်ပေးပို့သွားမယ်လို့ ရုရှားနိုင်ငံပိုင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကော်ပိုရှင်း ရို့တက်ရဲ့ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

 

မိမိတို့အနေနဲ့ နှစ်လအတွင်း တူရကီနိုင်ငံကို အက်စ်-၄၀၀ ဒုံးပျံတွေ စတင်ပေးပို့သွားမှာဖြစ်တယ်လို့ ရို့တက်ရဲ့ စီအီးအိုဖြစ်သူ ဆာဂေချန်မီဇော့ဗ်က ဇွန် ၇ ရက်မှာ ကျင်းပတဲ့ စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေး ဆွေးနွေးပွဲမှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီလို လက်နက်တွေဝယ်ယူဖို့ သဘောတူညီချက်ဟာ နောက်ဆုံးအဆင့်ကို ရောက်ပြီးပြီလို့လည်း သူကဆိုပါတယ်။

 

မြေပြင်ကနေ ဝေဟင်ကို တာဝေးပစ်လွှတ်နိုင်တဲ့ အဲဒီဒုံးပျံစနစ်ကို ကိုင်တွယ်အသုံးပြုဖို့ တူရကီက ကျွမ်းကျင်သူတွေကိုလည်း လေ့ကျင့်ပေးပြီးဖြစ်တယ်လို့  ချန်မီဇော့ဗ်က ပြောဆိုလိုက်ပြီး အမေရိကန်က ပြင်းပြင်းထန်ထန်ကန့်ကွက်နေတဲ့  လက်နက်ဝယ်ယူရေး ကိစ္စမှာ သဘောတူညီချက်ရရှိဖို့ အလွန်နီးစပ်နေတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

 

လက်နက်တွေဝယ်ယူတဲ့အပေါ် နေတိုးမဟာမိတ်တွေအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေချိန်မှာဘဲ  တူရကီနဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေမြင့်တက်နေပြီး အက်ဖက်-၃၅ လေ့ကျင့်ရေးအစီအစဉ်အတွက် တူရကီ လေယာဉ်မှူးတွေကို နောက်ထပ်လက်ခံသင်ကြားခြင်းမပြုဖို့ အမေရိကန်က ဆုံးဖြတ်လိုက်ပါတယ်။

 

ဒီလို ၀ယ်ယူတာဟာ အက်ဖ်-၃၅ လေ့ကျင့်ရေးအစီအစဉ်နဲ့ နေတိုးအဖွဲ့မှာ တူရကီရဲ့  အနာဂါတ်အတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေရှိလာမယ်လို့ အမေရိကန်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတိပေးပြောဆိုထားပါတယ်။

Ref : RT

Photo : Reuters

#voiceofmyanmar # ရုရှားရဲ့အက်စ်-၄၀၀ဒုံးပျံတွေနှစ်လအတွင်းတူရကီကိုပို့တော့မယ် #စိန့်ပီတာစဘတ်  #

Related posts

Leave a Comment

VOM News

FREE
VIEW