ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်ခဲ့တဲ့ ကျောင်းသားလေး သာသနာဘောင် အပြီးဝင်တော့မယ်

စစ်ကိုင်း၊ ဇွန် ၈ -၂၀၁၉ စောပြည့်ချမ်းသာ(VOM)   မကွေးတိုင်း၊ ထီးလင်းမြို့နယ်က ကျောင်းသားလေး မောင်အောင်ကောင်းဆက်ဟာ ဒီနှစ် တက္ကသိုလ်ဝင်တန်းမှာ ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပေမယ့် သာသနာ့ဘောင်ကို ရာသက်ပန် သီတင်းသုံးနေထိုင်ပြီး ပရိယတ္တိစာပေတွေကိုပဲ သင်ယူသွားမယ်လို့ သိရပါတယ်။   ၂၀၁၈ -၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မန္တလေးတိုင်း၊ မလှိုင်မြို့နယ် မလှိုင်မိသားစု ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဖြေဆိုခဲ့ပြီး အာင်စာရင်းမထွက်ခင် မေလ ၆ ရက်ကစလို့ စစ်ကိုင်းတောင်ရိုး မြစကြာကျောင်းတိုက်မှာ အရှင်ကုဏ္ဍလ ဘွဲ့အမည်နဲ့ သီတင်းသုံးနေထိုင်ခဲ့ပါတယ်။     ”သာသနာဘောင်ကို ဝင်ရတဲ့ အကြောင်းအရင်းက ကျေးဇူးဆပ်ချင်လို့ပါ။ ခုလို ဘဝရတာကလည်း   အနန္ဒော၊ အနန္ဒငါးပါးရဲ့ ကျေးဇူးတွေကြောင့်ပါ။ အဲဒီ ကျေးဇူးတွေကို ဆပ်ချင်လို့ တနည်းအားဖြင့် ဘုရားရဲ့ ကျေးဇူးကိုလည်း ဆပ်ချင်လို့၊ အနန္ဒော အနန္ဒငါးပါးကျေးဇူးကို ကိုယ်တတ်နိုင်သလောက်…

Read More

တက္ကသိုလ်ဝင်တန်းအောင်နှုန်း တစ်နိုင်ငံလုံးမှာ မန္တလေးတိုင်းက ဒုတိယ ရရှိ

မန္တလေး၊ ဇွန် ၈- ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   ဒီနှစ် တက္ကသိုလ်တန်းစာမေးပွဲ အောင်မြင်မှုနှုန်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ မန္တလေးတိုင်းက ဒုတိယအဆင့် ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဖြေဆိုသူ ၁၁၁၃၉၈ ဦး၊ အောင်မြင်သူ ၄၂၅၁၈ ဦး (ရာခိုင်နှုန်းအားဖြင့် ၃၈.၁၇ )နဲ့ တိုင်းနဲ့ပြည်နယ် ၁၈ ခုမှာ ပထမအဆင့်ရခဲ့ပြီး ဒီနှစ်မှာတော့ ဖြေဆိုသူ ၁၁၉၂၁၀ ဦး၊ အောင်မြင်သူ ၄၃၀၇၅  ဦး (ရာခိုင်နှုန်းအားဖြင့် ၃၆.၁၃ )နဲ့ ဒုတိယအဆင့်ရရှိခဲ့ပါတယ်။   ရာခိုင်နှုန်းအရ ကျဆင်းသွားပေမယ့် မနှစ်ကထက် ဖြေဆိုသူ ၇၀၀၀ ဦး၊ အောင်မြင်သူ ၅၅၇ တိုးလာခဲ့တာ ဖြစ်ပါတယ်။ မန္တလေးတိုင်း တစ်ခုလုံးမှာ တစ်ဘာသာဂုဏ်ထူးရှင် ၃၈၅၇၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၀၅၉ ၊သုံးဘာသာဂုဏ်ထူးရှင် ၆၇၃…

Read More

ဗိုလ်ချုပ်ရုပ်ရှင်ကို ဒီနှစ်ထဲမှာ သေချာပေါက်ရိုက်မယ်

ရန်ကုန်၊ ဇွန် ၈-၂၀၁၉ သင်းသဒ္ဒါ(VOM)   ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ဒီနှစ်ထဲမှာ သေချာပေါက်ရိုက်မယ်လို့ ဒါရိုက်တာအနေနဲ့ တာဝန်ယူထားတဲ့ အကယ်ဒမီလူမင်းက ပြောပါတယ်။   ”ကိုယ့်ကတော့ ရိုက်ချင်ပါတယ်။ ပြင်ဆင်စရာတွေ အရမ်းများနေလို့ အတိအကျ မပြောနိုင်သေးတာပါ။ ဒီ နှစ်ထဲမှာတော့ သေချာပေါက် ရိုက်မှာပါ။ မဖြစ်ဖြစ်အောင် သေချာပေါက် အကောင်းအထည်ဖော်မှာပါ။”လို့ ဆိုပါတယ်။   ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဇာတ်ညွှန်းပိုင်းဆိုင်ရာ၊ သရုပ်ဆောင်တွေ ရွေးချယ်ရာတွေမှာ အခက်အခဲလေးတွေ ရှိနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်ကို ရွေးချယ်ပြီးရုံနဲ့ ရိုက်လို့မရသေးသလို တခြားအထင်ကရ နိုင်ငံရေးသမားတွေ၊ အသုံးပြုမယ့် လူသူအင်အား၊ လက်နက်အင်အားတွေအတွက်လည်း ခက်ခဲနေတာပါ။   အဲဒီ ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့  ”ဒီဘက်ခေတ်က မြင်ကွင်းတွေလို ဟိုးဘက်ခေတ် မြင်ကွင်းဖြစ်အောင် ကွန်ပျူတာ အထူးပြုလုပ်ချက်တွေနဲ့ လုပ်ဆောင်ရမယ်။ ပြင်ဆင်မှု အပိုင်းတွေက ခုထိမပြီးနိုင်သေးလို့…

Read More

လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှု ဖိလစ်ပိုင်ပယ်ချ

မနီလာ၊ ဇွန်-၈-၂၀၁၉ မျိုးဆက် (VOM)   ဖိလစ်ပိုင်နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်ဖို့  တိုက်တွန်းချက်ကို ဖိလစ်ပိုင်နိုင်ငံက ဇွန် ၈ ရက်မှာ ပယ်ချလိုက်ပါတယ်။   ကုလသမဂ္ဂကနေ ဒီလိုစုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်တာဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာလို့လည်း ဖိလစ်ပိုင်နိုင်ငံက တုံ့ပြန်ပြောဆိုပါတယ်။   လူ့အခွင့်အရေး ကာကွယ်သူတွေကို သတ်ဖြတ်တာတွေအပါအ၀င် မူးယစ်နှိမ်နင်းရေးခေါင်းစဉ်အောက်မှာ ဥပေဒေနဲ့ မညီညွတ်တဲ့ သေဆုံးမှုတွေ၊ သတ်ဖြတ်မှုတွေရဲ့ တုန်လှုပ်ဖွယ် အရေအတွက်ကို စစ်ဆေးဖို့အတွက် ဇွန် ၇ ရက်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို လူ့အခွင့်အရေးကျွမ်းကျင်သူတွေက တိုက်တွန်းခဲ့ပါတယ်။   ဖိလစ်ပိုင်နိုင်ငံအပေါ် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတစ်ရပ်လုပ်ဖို့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ၁၁ ဦးရဲ့ နောက်ဆုံးတိုက်တွန်းချက်ဟာ စဉ်စားတွေးခေါ်မှု၊ အသိဥာဏ်ဆိုင်ရာ စိန်ခေါ်မှုသာမကဘဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အဓမ္မ…

Read More

ဒီနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်သူတွေထဲက Top Ten ဆယ်ဦးထဲမှာ ဧရာဝတီတိုင်းက ၇ ဦးပါဝင်

ဧရာဝတီ၊ ဇွန် – ၈- ၂၀၁၉ ကိုအောင်(VOM)   ဒီနှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို ဒီနေ့မနက်ပိုင်းမှာ ကြေငြာခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာတော့ မနှစ်ကထက် အောင်ချက်နည်းခဲ့ပြီး မြန်မာနိင်ငံတွင်းမှာရှိတဲ့ စာစစ်ဌာန ၁၈ ခုမှာ အဆင့် ၁၁ ရရှိခဲ့တယ်လို့ တိုင်းအခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။   ဒီနှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ အမှတ်များဆုံး Top Ten စာရင်းဝင်သူ ဧရာဝတီတိုင်းက ၇ ဦးပါဝင်ခဲ့ပြီး ဝိပ္ပံဘာသာတွဲမှာ ၂ ဦး၊ ဝိဇ္ဇာဘာသာတွဲမှာ ၅ ဦး ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ကျုံပျော်မြို့နယ်က မသဇင်ဝင်းနဲ့အင်္ဂပူမြို့နယ်က မောင်ခန့်မောင်မောင်တို့က ဝိဇ္ဇာဘာသာတွဲအတွက် မြန်မာတစ်နိုင်ငံလုံးမှာ အမှတ်များဆုံး ပထမနဲ့ဒုတိယရရှိခဲ့တယ်လို့ ဆိုပါတယ်။   ၂၀၁၉ ပညာသင်နှစ်အတွင်း ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာ ကြံခင်းမြို့နယ်က ၅ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး မြို့နယ်ဖြစ်ခဲ့ပြီး…

Read More

အောင်သပြေရွာသားတစ်ဦး ထောင်တွင်းသေဆုံးမှုနဲ့ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ်

မန္တလေး၊ ဇွန် ၈-၂၀၁၉ ဟိန်းကို(VOM)   အောင်သပြေရွာသား ဦးထွန်းမြင့်ဝင်း ဖမ်းဆီးခံရပြီး (၃)ရက်အကြာမှာ  မန္တလေး၊ အိုးဘိုအကျဉ်းထောင်အတွင်း  သေဆုံးသွားခဲ့တာနဲ့ ပတ်သက်ပြီး သေဆုံးသူရဲ့ မိသားစုဝင်ဘက်ကနေ ဒီကနေ့နံနက်ပိုင်းက မန္တလေးမီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။   အောင်သပြေကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်ဆိုပြီး ဦးထွန်းမြင့်ဝင်းကို ရာဇသတ်ကြီးပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့နဲ့ အမှုဖွင့်ကာ ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ ဖမ်းဆီးစစ်ဆေးနေဆဲကာလ ဇွန်လ ၅ ရက် မနက်ပိုင်းမှာ အိုးဘိုအကျဉ်းထောင်အတွင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။   အကျဉ်းထောင်တွင်း သေဆုံးသွားသူဟာ အရက်ကြောင်ကြောင်ပြီး အဖျားကြီးကာ ထောင်တွင်းဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားတယ်လို့ အကျဉ်းဦးစီးက ထုတ်ပြန်ထားတာကို ကျေနပ်မှုမရှိတဲ့အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။   #voiceofmyanmar#အောင်သပြေရွာသားထောင်တွင်းသေဆုံမှု#သတင်းစာရှင်းလင်းပွဲ#မန္တလေး#

Read More

ရုရှားရဲ့ အက်စ်-၄၀၀ ဒုံးပျံတွေ နှစ်လအတွင်း တူရကီကို ပို့တော့မယ်

စိန့်ပီတာစဘတ်၊ ဇွန်-၈-၂၀၁၉ မျိုးဆက် (VOM)   ရုရှားရဲ့ အက်စ်-၄၀၀ လေကြောင်းရန်ကာကွယ်ရေး ဒုံပျံစနစ်တွေကို တူရကီက ၀ယ်ယူဖို့ လုပ်နေတာဟာ နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးကို ခြိမ်းခြောက်နိုင်တယ်လို့  အမေရိကန်က သတိပေးနေပေမယ့် ဒုံးပျံစနစ်တွေကို နှစ်လအတွင်း တူရကီနိုင်ငံကို စတင်ပေးပို့သွားမယ်လို့ ရုရှားနိုင်ငံပိုင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကော်ပိုရှင်း ရို့တက်ရဲ့ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။   မိမိတို့အနေနဲ့ နှစ်လအတွင်း တူရကီနိုင်ငံကို အက်စ်-၄၀၀ ဒုံးပျံတွေ စတင်ပေးပို့သွားမှာဖြစ်တယ်လို့ ရို့တက်ရဲ့ စီအီးအိုဖြစ်သူ ဆာဂေချန်မီဇော့ဗ်က ဇွန် ၇ ရက်မှာ ကျင်းပတဲ့ စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေး ဆွေးနွေးပွဲမှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီလို လက်နက်တွေဝယ်ယူဖို့ သဘောတူညီချက်ဟာ နောက်ဆုံးအဆင့်ကို ရောက်ပြီးပြီလို့လည်း သူကဆိုပါတယ်။   မြေပြင်ကနေ ဝေဟင်ကို တာဝေးပစ်လွှတ်နိုင်တဲ့ အဲဒီဒုံးပျံစနစ်ကို ကိုင်တွယ်အသုံးပြုဖို့ တူရကီက ကျွမ်းကျင်သူတွေကိုလည်း…

Read More

ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် မနှစ်ကနဲ့ယှဉ်ရင် ရာခိုင်နှုန်းအားဖြင့်နည်းပေမယ့် လူဦးရေတိုးလာ

ရန်ကုန် ၊ဇွန် ၈ – ၂၀၁၉ သိင်္ဂီ(VOM)   တစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းကို ပြောရရင် ဒီနှစ်မှာ   ပြီးခဲ့တဲ့နှစ်ကထက် ၁ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ပေမယ့်  အောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူ အရေအတွက်အရတော့ အခုနှစ်မှာ ၇၀၀၀ ကျော် ပိုများလာခဲ့ပါတယ်။   ပညာရေးဝန်ကြီးဌာန စာရင်းတွေအရ ဒီနှစ် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ  ၈၉၁၅၂၄ ဦးမှာ အောင်မြင်သူ ၂၆၇၆၉၆ ဦး၊ ပြီးခဲ့တဲ့ ၂၀၁၈ က ဖြေဆိုသူ ၇၈၉၈၄၅ ဦးမှာ အောင်မြင်သူ ၂၅၉၁၉၃ ဦး ရှိခဲ့တဲ့အတွက် အောင်ချက်ရာခိုင်းနှုန်းအရဆိုရင် ၁.၃၈ ရာခိုင်နှုန်း လျော့ကျခဲ့တာ ဖြစ်ပါတယ်။   ဒါပေမယ့် မနှစ်ကထက် ဒီနှစ်မှာ ဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက်က ၆၀၀၀၀ ကျော်များလာခဲ့ပြီး…

Read More

တစ်ညကို ဒေါ်လာသုံးသောင်းခွဲကုန်ကျမယ့် အာကာသခရီး လာမယ့်နှစ်ကစပြီး သွားနိုင်ပြီ

နယူးယောက် ၊ ဇွန်-၈-၂၀၁၉ မျိုးဆက် (VOM)   လာမယ့် ၂၀၂၀ ခုနှစ်အစောပိုင်းကစပြီး နိုင်ငံတကာအာကာသစခန်းကို အများပြည်သူ အာကာသခရီးသွားတွေ လာရောက် လည်ပတ်တာကို စတင်ခွင့်ပြုသွားမယ်လို့ အမေရိကန် အာကာသအေဂျင်စီ (နာဆာ) က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ဒီလိုခွင့်ပြုရာမှာ တစ်နှစ်ကို နိုင်ငံတကာအာကာသစခန်းကို လာရောက်မယ့် ပုဂ္ဂလိက အာကာသခရီးစဉ် နှစ်ခုထက်မနည်း ခွင့်ပြုသွားမှာဖြစ်တယ်လို့ ဇွန် ၇ ရက်က နယူးယောက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နာဆာက ထုတ်ပြန်ပါတယ်။   အာကာသခရီးသွားလာမယ့် သူတွေအနေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ စံချိန်စံညွှန်းတွေ ပြည့်စုံရမှာဖြစ်ပြီး  ရက် ၃၀ ကြာမြင့်မယ့် သူတို့ရဲ့  ခရီးစဉ်မတိုင်မီ လေ့ကျင့်မှုတွေလည်း ခံယူရမှာဖြစ်တယ်လို့ နာဆာက ပြောပါတယ်။   ကမ္ဘာ့အပြင်ဘက်ရှိ အာကာသစခန်းပေါ်မှာ အစားအစာနဲ့ နေရာထိုင်ခင်းအတွက် အာကာသခရီး…

Read More

ဝေါမြို့နယ်မှာ သိန်းရှစ်ရာဖိုးလောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိ

ဝေါ၊ ဇွန်​ ၈ – ၂၀၁၉ မိုးယံ(VOM)   မနေ့ညနေ ၆ နာရီလောက်က ပဲခူးတိုင်း ဝေါမြို့နယ်မှာ  မူးယစ်ဆေးဝါး သိန်းရှစ်ရာဖိုးလောက် သယ်ဆောင်လာတဲ့ ကားတစ်စီး ဖမ်းဆီးရမိခဲ့တယ်လို့ ဝေါမြို့မရဲစခန်းက သိရပါတယ်။   ပဲခူးတိုင်း ဒိုက်​ဦး -​ညောင်​ခါးရှည်​ ကားလမ်း မိုင်​တိုင်​အမှတ်​ ၀/၅ မှာ NISSAN JUKE အနီရောင် 4Q-8….. ကားကို ရပ်တန့်စစ်ဆေးခဲ့ရာမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။   “ကားကို စစ်လိုက်တော့ ကားနောက် ဘန်ကာနဲ့ ကိုယ်ထည်ကြားမှာ ကတ်တမင်း ၁၈ ထုပ်တွေ့တယ်။ ကာလတန်ဖိုး သိန်း ၅၄၀ ကျပ်ရှိတယ်။ ကားကို ဝေါမြို့မရဲစခန်းကို မောင်းလာပြီး ထပ်စစ်တော့ ကားနောက်ခန်း ခြေနင်းခုံ အံဝှက်ထဲမှာ WY ပန်းရောင်စိတ်ကြွဆေးပြား ၁၉၀၀ စီ ထုပ်ထားတဲ့…

Read More
VOM News

FREE
VIEW