တက္ကသိုလ်ဝင်တန်းအောင်နှုန်း တစ်နိုင်ငံလုံးမှာ မန္တလေးတိုင်းက ဒုတိယ ရရှိ

မန္တလေး၊ ဇွန် ၈- ၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

ဒီနှစ် တက္ကသိုလ်တန်းစာမေးပွဲ အောင်မြင်မှုနှုန်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ မန္တလေးတိုင်းက ဒုတိယအဆင့် ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဖြေဆိုသူ ၁၁၁၃၉၈ ဦး၊ အောင်မြင်သူ ၄၂၅၁၈ ဦး (ရာခိုင်နှုန်းအားဖြင့် ၃၈.၁၇ )နဲ့ တိုင်းနဲ့ပြည်နယ် ၁၈ ခုမှာ ပထမအဆင့်ရခဲ့ပြီး ဒီနှစ်မှာတော့ ဖြေဆိုသူ ၁၁၉၂၁၀ ဦး၊ အောင်မြင်သူ ၄၃၀၇၅  ဦး (ရာခိုင်နှုန်းအားဖြင့် ၃၆.၁၃ )နဲ့ ဒုတိယအဆင့်ရရှိခဲ့ပါတယ်။

 

ရာခိုင်နှုန်းအရ ကျဆင်းသွားပေမယ့် မနှစ်ကထက် ဖြေဆိုသူ ၇၀၀၀ ဦး၊ အောင်မြင်သူ ၅၅၇ တိုးလာခဲ့တာ ဖြစ်ပါတယ်။ မန္တလေးတိုင်း တစ်ခုလုံးမှာ တစ်ဘာသာဂုဏ်ထူးရှင် ၃၈၅၇၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၀၅၉ ၊သုံးဘာသာဂုဏ်ထူးရှင် ၆၇၃ ၊လေးဘာသာဂုဏ်ထူးရှင် ၆၂၁ ၊ငါးဘာသာဂုဏ်ထူးရှင် ၄၉၀ ၊ ခြောကဘာသာဂုဏ်ထူးရှင် ၂၂၀ စုစုပေါင်း ဂုဏ်ထူးရှင် ၆၉၂၀ ဦးရှိခဲ့ပါတယ်။

 

ဒီနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက်ရာခိုင်နှုန်းကိုယှဉ်ပြရရင်  မွန်ပြည်နယ်က ၃၇.၅၄ ရာခိုင်နှုန်းနဲ့ အောင်ချက်အမြင့်ဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၃၆.၁၃ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ စစ်ကိုင်းတိုင်းက ၃၄.၁၅ ရာခိုင်းနှုန်းနဲ့ တတိယ၊ တနင်္သာရီတိုင်းက ၃၃.၇၈ ရာခိုင်နှုန်းနဲ့ စတုတ္ထ၊ ရန်ကုန်တိုင်းက ၃၂.၆၃ ရာခိုင်နှုန်းနဲ့ ပဉ္စမ အသီးသီးရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

#voiceofmyanmar # တက္ကသိုလ်ဝင်တန်းအောင်နှုန်းတစ်နိုင်ငံလုံးမှုမန္တလေးတိုင်းကဒုတိယရရှိ  #မန္တလေး  #

Related posts

✕
VOM News

FREE
VIEW