ဒီနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်သူတွေထဲက Top Ten ဆယ်ဦးထဲမှာ ဧရာဝတီတိုင်းက ၇ ဦးပါဝင်

ဧရာဝတီ၊ ဇွန် – ၈- ၂၀၁၉

ကိုအောင်(VOM)

 

ဒီနှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို ဒီနေ့မနက်ပိုင်းမှာ ကြေငြာခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာတော့ မနှစ်ကထက် အောင်ချက်နည်းခဲ့ပြီး မြန်မာနိင်ငံတွင်းမှာရှိတဲ့ စာစစ်ဌာန ၁၈ ခုမှာ အဆင့် ၁၁ ရရှိခဲ့တယ်လို့ တိုင်းအခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။

 

ဒီနှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ အမှတ်များဆုံး Top Ten စာရင်းဝင်သူ ဧရာဝတီတိုင်းက ၇ ဦးပါဝင်ခဲ့ပြီး ဝိပ္ပံဘာသာတွဲမှာ ၂ ဦး၊ ဝိဇ္ဇာဘာသာတွဲမှာ ၅ ဦး ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ကျုံပျော်မြို့နယ်က မသဇင်ဝင်းနဲ့အင်္ဂပူမြို့နယ်က မောင်ခန့်မောင်မောင်တို့က ဝိဇ္ဇာဘာသာတွဲအတွက် မြန်မာတစ်နိုင်ငံလုံးမှာ အမှတ်များဆုံး ပထမနဲ့ဒုတိယရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

၂၀၁၉ ပညာသင်နှစ်အတွင်း ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာ ကြံခင်းမြို့နယ်က ၅ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး မြို့နယ်ဖြစ်ခဲ့ပြီး ပန်းတနော်မြို့နယ်ကတော့ အောင်ချက်အနည်းဆုံးမြို့နယ်ဖြစ်တယ်လို့ ဧရာဝတီတိုင်း အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။

 

#voiceofmyanmar # တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်နှုန်း Top Ten စာရင်းဝင်ဧရာဝတီတိုင်းက၇ဦးပါဝင်  # ဧရာဝတီတိုင်း # ကျုံပျော်  #အင်္ဂပူ

Related posts

Leave a Comment

VOM News

FREE
VIEW