ဝေါမြို့နယ်မှာ သိန်းရှစ်ရာဖိုးလောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိ

ဝေါ၊ ဇွန်​ ၈ – ၂၀၁၉

မိုးယံ(VOM)

 

မနေ့ညနေ ၆ နာရီလောက်က ပဲခူးတိုင်း ဝေါမြို့နယ်မှာ  မူးယစ်ဆေးဝါး သိန်းရှစ်ရာဖိုးလောက် သယ်ဆောင်လာတဲ့ ကားတစ်စီး ဖမ်းဆီးရမိခဲ့တယ်လို့ ဝေါမြို့မရဲစခန်းက သိရပါတယ်။

 

ပဲခူးတိုင်း ဒိုက်​ဦး -​ညောင်​ခါးရှည်​ ကားလမ်း မိုင်​တိုင်​အမှတ်​ ၀/၅ မှာ NISSAN JUKE အနီရောင် 4Q-8….. ကားကို ရပ်တန့်စစ်ဆေးခဲ့ရာမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

 

“ကားကို စစ်လိုက်တော့ ကားနောက် ဘန်ကာနဲ့ ကိုယ်ထည်ကြားမှာ ကတ်တမင်း ၁၈ ထုပ်တွေ့တယ်။ ကာလတန်ဖိုး သိန်း ၅၄၀ ကျပ်ရှိတယ်။ ကားကို ဝေါမြို့မရဲစခန်းကို မောင်းလာပြီး ထပ်စစ်တော့ ကားနောက်ခန်း ခြေနင်းခုံ အံဝှက်ထဲမှာ WY ပန်းရောင်စိတ်ကြွဆေးပြား ၁၉၀၀ စီ ထုပ်ထားတဲ့ လေးထုပ်တွေ့တယ်။” လို့ ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ပဲခူး မူးယစ်တပ်ဖွဲ့စုက တာဝန်ရှိသူက ပြောပါတယ်။

 

 

ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါး တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်း နန့်စန်မြို့ဝမ်ပိန်းရွာက ကိုတရုတ်လေး ဆီက သယ်ဆောင်လာတာဖြစ်ပြီး ဘုရားသုံးဆူမြို့က ဒေါ်ကေသီ အိမ်ကို ပို့ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့  ဘုရားသုံးဆူမြို့ ကိုဘစံတန်းလျား (၃)ရပ်ကွက်မှာ နေထိုင်တဲ့ ဦးတင်အောင်ဆိုသူနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ နန့်လင်းကျေးရွာက စိုင်းဟားဆိုသူ တို့ကို မယ(ပ)၁/၂၀၁၉ မူး/စိတ်​ ပုဒ်​မ ၁၉(က)/၂၁နဲ့ အမှုဖွင့်​ အ​ရေးယူ​ဆောင်​ရွက်​​နေတယ်​လို့​ ဝေါမြို့မရဲစခန်းက သိရပါတယ်​။

 

#voiceofmyanmar # ဝေါမြို့နယ်မှာသိန်းရှစ်ရာဖိုးလောက်တန်ဖိုးရှိတဲ့မူးယစ်ဆေးဝါးတွေဖမ်းမိ  #ပဲခူး  #ဝေါ

Related posts

Leave a Comment

VOM News

FREE
VIEW