ရန်ကုန်၊ ဇွန် ၈-၂၀၁၉
သင်းသဒ္ဒါ(VOM)
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ဒီနှစ်ထဲမှာ သေချာပေါက်ရိုက်မယ်လို့ ဒါရိုက်တာအနေနဲ့ တာဝန်ယူထားတဲ့ အကယ်ဒမီလူမင်းက ပြောပါတယ်။
”ကိုယ့်ကတော့ ရိုက်ချင်ပါတယ်။ ပြင်ဆင်စရာတွေ အရမ်းများနေလို့ အတိအကျ မပြောနိုင်သေးတာပါ။ ဒီ နှစ်ထဲမှာတော့ သေချာပေါက် ရိုက်မှာပါ။ မဖြစ်ဖြစ်အောင် သေချာပေါက် အကောင်းအထည်ဖော်မှာပါ။”လို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဇာတ်ညွှန်းပိုင်းဆိုင်ရာ၊ သရုပ်ဆောင်တွေ ရွေးချယ်ရာတွေမှာ အခက်အခဲလေးတွေ ရှိနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်ကို ရွေးချယ်ပြီးရုံနဲ့ ရိုက်လို့မရသေးသလို တခြားအထင်ကရ နိုင်ငံရေးသမားတွေ၊ အသုံးပြုမယ့် လူသူအင်အား၊ လက်နက်အင်အားတွေအတွက်လည်း ခက်ခဲနေတာပါ။
အဲဒီ ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ ”ဒီဘက်ခေတ်က မြင်ကွင်းတွေလို ဟိုးဘက်ခေတ် မြင်ကွင်းဖြစ်အောင် ကွန်ပျူတာ အထူးပြုလုပ်ချက်တွေနဲ့ လုပ်ဆောင်ရမယ်။ ပြင်ဆင်မှု အပိုင်းတွေက ခုထိမပြီးနိုင်သေးလို့ အစနိုင်သေးတာပါ။ တချို့သရုပ်ဆောင်တွေကိုတော့ မိတ်ကပ်တွေလည်း စမ်းသက် လိမ်းချယ်နေပါပြီ။”လို့ လူမင်းက ပြောပါတယ်။
#voiceofmyanmar # ဗိုလ်ချုပ်ရုပ်ရှင်ကို ဒီနှစ်ထဲမှာ သေချာပေါက်ရိုက်မယ် # လူမင်း #ရန်ကုန်