မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ နိုင်ငံရေးပါတီတွေ ပထမအကြိမ် တွေ့ဆုံ

မန္တလေး၊ ဇွန် – ၁၂ – ၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ တိုင်းအတွင်းက နိုင်ငံရေးပါတီတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဒီနေ့မနက်က ၂၆ ဘီလမ်းနဲ့ ၆၆ လမ်းထောင့်ရှိ ဟစ်လ်တန်မန္တလေးဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

 

အခုတွေ့ဆုံပွဲက မန္တလေးတိုင်းမှာရှိတဲ့ဌာနချုပ် ပါတီ ၃ ခု၊ တိုင်းအဆင့်ပါတီ ၁၅ ခုတို့ တွေ့ဆုံခဲ့တာပါ။ လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး  နိုင်ငံရေးပါတီတွေရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လမ်းညွှန်ချက်၊ ကျင့်ဝတ်များအပြင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး၊  စေ့စပ်ညှိနှိုင်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ အထွေထွေလုပ်ငန်းစဉ်တွေကို အဓိကဆွေးနွေးတာလို့ ဆိုပါတယ်။  နောက်ပိုင်းမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာလည်း ခုလိုတွေ့ဆုံပွဲတွေ လုပ်သွားမယ်လို့ သိရပါတယ်။ အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဆင့်မှာလည်း နိုင်ငံရေးပါတီတွေနဲ့ အခုလို တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့နိုင်ငံရေးပါတီတွေပထမအကြိမ်တွေ့ဆုံ   # မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW