စစ်ဘေးကြောင့် ထွက်ပြေးနေရတဲ့အတွက် ချေးငွေပြန်မဆပ်နိုင်တဲ့တောင်သူတွေရှိနေ

စစ်တွေ၊ ဇွန် ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM)   အခု ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် တောင်သူတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ချေးငွေတွေ ထုတ်ချေးပေးနေပြီ ဖြစ်ပါတယ်။   တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေမှာ  နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းက ချေးယူခဲ့တဲ့ ချေးငွေတွေကို တချို့တောင်သူတွေအနေနဲ့ ပြန်လည်ပေးသွင်းနိုင်ခြင်းမရှိဘူးလို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။   “ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် တောင်သူတချို့လည်း နေရပ်စွန့်ခွာသွားတဲ့အထဲမှာ ပါသွားတယ်။ တချို့ကလည်း နေရပ်စွန့်ခွာမသွားပေမယ့် ဒီပိုက်ဆံကို ဆပ်လိုက်လို့ရှိရင် ချေးငွေသစ်တွေနောက်ထပ်မရမှာကိုစိုးရိမ်မှုတွေရှိနေတဲ့အတွက် ချေးငွေပေးသွင်းမှုက နည်းနေတာ ဖြစ်ပါတယ်။”လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးအေးသိန်းက ပြောပါတယ်။   မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်အနေနဲ့ မေလ ၆ ရက်ကစတင်ပြီး ချေးငွေတွေကို ပုံမှန်ထုတ်ချေးပေးနေတာပါ။  ချေးငွေပေးသွင်းပြီးတဲ့ တောင်သူတွေကို ချေးငွေသစ်တွေထုတ်ချေးပေးနေတာဖြစ်ပြီး တချို့တောင်သူတွေအနေနဲ့လည်း ကြွေးကျန်တွေကို လာရောက်ပေးသွင်းမှုတွေ ရှိတယ်လို့ ဆိုပါတယ်။…

Read More

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ နိုင်ငံရေးပါတီတွေ ပထမအကြိမ် တွေ့ဆုံ

မန္တလေး၊ ဇွန် – ၁၂ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ တိုင်းအတွင်းက နိုင်ငံရေးပါတီတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဒီနေ့မနက်က ၂၆ ဘီလမ်းနဲ့ ၆၆ လမ်းထောင့်ရှိ ဟစ်လ်တန်မန္တလေးဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။   အခုတွေ့ဆုံပွဲက မန္တလေးတိုင်းမှာရှိတဲ့ဌာနချုပ် ပါတီ ၃ ခု၊ တိုင်းအဆင့်ပါတီ ၁၅ ခုတို့ တွေ့ဆုံခဲ့တာပါ။ လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး  နိုင်ငံရေးပါတီတွေရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လမ်းညွှန်ချက်၊ ကျင့်ဝတ်များအပြင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး၊  စေ့စပ်ညှိနှိုင်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ အထွေထွေလုပ်ငန်းစဉ်တွေကို အဓိကဆွေးနွေးတာလို့ ဆိုပါတယ်။  နောက်ပိုင်းမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာလည်း ခုလိုတွေ့ဆုံပွဲတွေ လုပ်သွားမယ်လို့ သိရပါတယ်။ အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဆင့်မှာလည်း နိုင်ငံရေးပါတီတွေနဲ့ အခုလို…

Read More

မူးယစ်မှုနဲ့ထောင်ကျနေသူကို လာတွေ့တဲ့ အမျိုးသမီးဆီက မူးယစ်ဆေးတွေ ဖမ်းမိ

မြောင်းမြ၊ ဇွန်  – ၁၂ -၂၀၁၉ ကိုအောင် (VOM)   ဧရာဝတီတိုင်း မြောင်းမြမြို့နယ် မြောင်းမြအကျဉ်း​ထောင်​မှာ မူးယစ်​​ဆေးဝါးအမှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားကို လာတွေ့တဲ့ အမျိုးသမီးက ထောင်ဝင်စာပို့တဲ့ ပစ္စည်းထဲ မူးယစ်ဆေးတွေ ထည့်သွင်းပို့ဆောင်တာကို ဖမ်းမိခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က သိရပါတယ်။   “ထောင်ဝင်စာလာတွေ့တဲ့ အမျိုးသမီးဆီကနေ ပစ္စည်းတွေကို အကျဉ်းထောင်ရှာဖွေရေး တာဝန်ကျ ဝန်ထမ်းတွေက စစ်တဲ့အခါမှာ မသင်္ကာစရာကြက်သွန်နီဥတွေ တွေ့တယ်လို့အကြောင်းကြားလို့ ရဲတပ်ဖွဲ့ကသွားပြီးစစ်ဆေးရာမှာ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးမိတာပါ။ အလားတူ ထောင်ဝင်စာလာတွေ့တဲ့ သူတွေယူဆောင်လာတဲ့ ပစ္စည်းတွေထဲမှာ မူးယစ်ဆေးဝါးတွေ မိတဲ့ဖြစ်စဉ်မျိုးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။”လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။   မူးယစ်မှုနဲ့ ထောင်​ဒဏ် ​(၂၄) နှစ်​ကျခံ​နေသူ မြတ်လင်းစံကို မနေ့ ဇွန် ၁၁ ရက် ညနေပိုင်းက ထောင်ဝင်စာတွေ့ဖို့လာတဲ့ မညွန့်ညွန့်စန်း(ခ)မသဇင်ဟာ…

Read More

ဖက်ဝန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး မိုင်းနင်းမိလို့ ဒဏ်ရာရ

ကျောက်တော်၊ ဇွန် ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဖက်ဝန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟာ မနေ့ ဇွန်လ ၁၁ ရက်က မြေမြှုပ်မိုင်းနင်းမိလို့ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။   ဖြစ်စဉ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲထွန်း (၃၉ နှစ်)ဟာ သူတို့ရဲ့တောင်ယာရှိတဲ့ဘက်ကို ဟင်းရှာသွားစဉ် တောင်ယာခင်းထဲမှာ ထောင်ထားတဲ့မြေမြှုပ်မိုင်းကို နင်းမိခဲ့တာ ဖြစ်ပါတယ်။   “မိုင်းနင်းမိတာပါ။ ကျမတို့လင်မယားနှစ်ယောက်လုံး မနေ့ကမနက်စောစော ဟင်းရှာဖို့ဆိုပြီး တောကိုသွားပါတယ်။ ကိုယ့်တောင်ယာမီးရှို့ထားတဲ့နေရာကို သွားတာပါ။ အဲ့ဒီမှာ မျှစ်တွေထွက်နေတော့ မျှစ်သွားချိုးတာ တောင်ယာခင်းထဲမှာ ထောင်ထားတဲ့မိုင်းကို ကျမယောက်ျားက နင်းမိသွားတာပါ။”လို့ ဇနီးသည် ဒေါ်ဖြူက ပြောပါတယ်။   အဲဒီပေါက်ကွဲမှုကြောင့် ဇနီးသည် ထိခိုက်မှုမရှိခဲ့ပေမယ့် မိုင်းနင်းမိခဲ့တဲ့ ဦးရဲထွန်းကတော့ ခြေထောက်နှစ်ဖက်လုံးနဲ့ တခြားထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။   “ခြေထောက်နှစ်ဖက်လုံးမှာ…

Read More

စိုက်ဘဏ်မှာ ပုံစံ ၇ မူရင်းအပ်ပြီးမှ ချေးငွေထုတ်ခွင့်ရတာဟာ တောင်သူတွေအတွက် အဆင်မပြေ

သာယာဝတီ၊ ဇွန် – ၁၂- ၂၀၁၉ ကိုနေထွန်း (VOM)   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကနေ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ရာမှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) မူရင်းကို အပ်နှံပြီး ထုတ်ယူနေရတဲ့အတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာရှိတဲ့ တောင်သူတွေက ဆိုပါတယ်။   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ စိုက်ပျိုးစရိတ်အဖြစ် တစ်ဧကကို တစ်သိန်းခွဲနှုန်းသာ ထုတ်ချေးပေးနေတာဖြစ်ပြီး တောင်သူတွေအနေနဲ့ကတော့ တကယ်တမ်းစိုက်ပျိုးစရိတ်ဟာ တစ်ဧကကို၂ သိန်းခွဲလောက် ကုန်ကျနေတာကြောင့် ချေးငွေထုတ်ပေးမှုလည်း မလုံလောက်ဘူးလို့ ဆိုကြပါတယ်။   ပုံစံ(၇)မူရင်းကို အပ်နှံထားရတာ မဟုတ်ဘဲ အရင်လို မိတ္တူကိုသာအပ်နှံထားခွင့် ရမယ်ဆိုရင် စိုက်ပျိုးစရိတ်အတွက် လိုအပ်တဲ့ငွေရရှိဖို့  ပြင်ပမှာ ပုံစံ(၇) ပေးပြီး အတိုးနှုန်းသက်သာစွာနဲ့ ထပ်မံချေးငှားခွင့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ပုံစံ (၇) မူရင်းပေးထားရတာကြောင့် အပြင်မှာ ပစ္စည်းအပေါင်မရှိဘဲ ငွေအလွတ်ချေးရတဲ့အတွက်…

Read More
VOM News

FREE
VIEW