မြန်မာနိုင်ငံသို့ မပြန်လိုကြောင်း ဘင်္ဂါလီဒုက္ခသည်တွေ ဆန္ဒပြနေကြ

 

ကော့ဘဇား၊ နိုဝင်ဘာ-၁၅-၂၀၁၈

မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီ ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ နှစ်နိုင်ငံသဘောတူညီချက်အရ ယနေ့မှာ စတင်မှာဖြစ်ပြီး ပြန်ပို့မယ့်စာရင်းမှာပါဝင်နေတဲ့ ဘင်္ဂါလီတွေက မြန်မာနိုင်ငံကို မပြန်လိုကြောင်း ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေပါတယ်။

ပထမဆုံးပြန်လည်ပို့ဆောင်မယ့် နေ့မှာဘဲ ဆန္ဒပြသူ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေက မြန်မာနိုင်ငံကို မိမိတို့ ပြန်မှာမဟုတ်ဘူလို့  မြန်မာနယ်စပ်အနီးမှာ အော်ဟစ်ဆန္ဒပြနေကြပြီး အငြင်းပွားဖွယ် ပြန်လည်လက်ခံရေးအစီအစဉ်အပေါ် သံသယဖြစ်ဖွယ်ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် မဟာမင်းကြီးကတော့ စီစဉ်ထားတဲ့ ပြန်လည်လွှဲပြောင်းရေးအတွက် နယ်စပ်မှာရှိတဲ့ လွှဲပြောင်းရေးစခန်းကို ရောက်ရှိနေပါတယ်။ ဒုက္ခသည်စခန်းအနီးက လွဲပြောင်းရေးစခန်းမှာတော့ ဘတ်စ်ကား ငါးစီးက ပြန်ပို့မယ့်သူတွေကို နယ်စပ်ပို့ဖို့ စောင့်ဆိုင်းနေပါတယ်။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် ဘင်္ဂါလီ ဒုက္ခသည် ၁၀၀၀ က ပြန်လည်ပို့ဆောင်မယ့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြတာတွေ လုပ်ဆောင်နေပြီး တရားမျှတမှုကို လိုချင်ကြောင်း အော်ဟစ် နေကြပါတယ်။

ယနေ့မနက် ကော့ဘဇားမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ် ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေး မဟာမင်းကြီး မိုဟာမက် အဘူကာလန်က ဘန်ဒါဘန်မှာရှိတဲ့ ဂူဒန်လွှဲပြောင်းရေးစခန်းကနေ မြန်မာဘက်ကိုပြန်လိုတဲ့သူတွေကို နေ့လည် ၂ နာရီကစပြီး ပြန်လည်လွှဲပြောင်းပေးမယ်လို့ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

ဒီလိုပြန်မယ့်သူတွေအတွက် သုံးရက်စာ အစားအသောက်တွေလဲ စီစဉ်ထားပြီး လွဲပြောင်းပေးရာမှာ အသုံးပြုဖို့ မော်တော်ယာဉ်ငါးစီးကို လည်း အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို မပြန်လိုဘူးဆိုရင်တော့ ဘယ်ဒုက္ခသည်ကိုမှ ဖိအားပေးမှာမဟုတ်ဘူးလို့ မိုဟာမက် အဘူကာလန်က ပြောပါတယ်။

Source :AFP/ Daily Star

Photo: AFP

Related posts

Leave a Comment

VOM News

FREE
VIEW