ပိဿာချိန် ၄၀ ကျော်ခန့်ရှိမယ့် ရေလိပ်တကောင် ကျွန်းလှမှာ ဖမ်းဆီးရမိ

 

ကျွန်းလှ နိုဝင်ဘာ ၁၇ -၂၀၁၈

ဗျဂ္ဃ (Voice of Myanmar)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီး မဒေါင်ကျေးရွာတွင် ရွာသားတွေက အလေးချိန် ပိဿာ ၄၀ ကျော်ခန့်ရှိမယ့် ရှားပါးလိပ်တကောင်ကို အခု နိုဝင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ တံငါမဟုတ်တဲ့ တောသွားတောလာတွေကနေ ကုန်းပေါ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး စေတနာရှင်တဦးက ပိုက်ဆံ ၁ သိန်းနဲ့ဝယ်ယူခဲ့ကာ ကန့်ဘလူမြို့ ရွှေစည်ကြီးဘုရားဝင်းရှိ လိပ်ကန်မှာ ဘေးမဲ့ ပြန်လွှတ်ပေးထားတယ်လို့ သိရပါတယ်။

“ကန့်ဘလူနဲ့ ၂၃ မိုင်လောက်ဝေးတဲ့ လွှတ်တိုက်အုပ်စု၊ မဒေါင်ကျေးရွာကနေ လိပ်ကိုသနားလို့ဆိုပြီး ဦးမောင်မြင့်က ၁ သိန်းနဲ့ဝယ်ခဲ့တာ။ အဲဒီကနေ ၃ ဘီးကို ၂သောင်းခွဲပေးငှားပြီး ကန့်ဘလူကို သယ်ခဲ့တာ။ လိပ်က ရှင်တော့ရှင်တယ်။ သိပ်မလှုပ်ဘူး။ ကြီးကြီးမားမားဒဏ်ရာရတာတော့မရှိဘူး။ လောလောဆယ်တော့ကြားတဲ့သူတွေ လာကြည့်နေကြတာပဲ။ အရင်က ဒါမျိုးလိပ်ကို မမြင်ဖူးဘူး။ လူ ၄ ယောက်လောက်မရတယ်။”လို့ ဒေသခံ ဦးသောင်းဟိန်းက ပြောပါတယ်။

လိပ်ကြီးက နပန်းပျော့အမျိုးအစားဖြစ်ပါတယ်။ လိပ်နဲ့ပတ်သက်ပြီး ဒေသခံတွေကြားထဲမှာတော့ အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသလို စိတ်ဝင်တစား လာရောက်ကြည့်ရှုသူတွေလည်းရှိနေပါတယ်။ လိပ်ကိုယ်ထည်အရှည်က ဦးခေါင်းမမြီးမပါ ၂ တောင်ကျော်ရှိပြီး ကျောကုန်းအကျယ်ကလည်း ၁ တောင်ခွဲလောက်ရှိတယ်လို့ ဆိုပါတယ်။

#voiceofmyanmar #ကန့်ဘလူ #ကျွန်းလှ #ရှားပါးလိပ်

Related posts

Leave a Comment

VOM News

FREE
VIEW