အချစ်ကြီးပေမယ့် လက်လွှတ်လိုက်ပြီဆိုရင် ဘယ်တော့မှ ပြန်မကြည့်ဘူးဆိုတဲ့ ရွှေအိမ်စည်
ရန်ကုန် နိုဝင်ဘာ ၁၇ – ၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ် လောကမှတဆင့် သရုပ်ဆောင်လောကထဲကိုပါ ရောက်ရှိလာတဲ့ သရုပ်ဆောင် ရွှေအိမ် စည်ကတော့ “ အိမ်စည်က အချစ်ကြီးတဲ့ သူတစ်ယောက်ဆိုပေမဲ့ ကိုယ်အပေါ်တစ်ခုခု အမှားလုပ်မိလို့ပဲ ဖြစ်ဖြစ် ကိုယ့်အပေါ်မှာ မကောင်းဘူးဆိုရင် လုံးဝမလှည်ကြည့်တော့ဘူး။ ကိုယ့်ဆီ ဘယ်လောက်ဘဲ တောင်းပန်ပန် လုံးဝ သူစိမ်းတစ်ယောက်လို ဖြစ်သွားရော။ အချစ်ကြီးတယ်ဆိုတာကလည်း အတိုင်းအတာ တစ်ခုထိ ပါ ဘဲ”လို့ ဆိုလာပါတယ်။   သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတဲ့ အပြင် နိုဝင်ဘာ ၁၉ ရက်မှာ ရန်ကုန်မြို့ ကတော့ ထွက်ခွာပြီးတော့ ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational International 2018 ပြိုင်ပွဲ ကြီးမှာ ၀င်ရောက် ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။ “အိမ်စည်က ဘယ်လိုမိန်းကလေးမျိုးလဲဆိုရင် မိန်းကလေးမဆန်တတ်တဲ့…
Read More
တနှစ်ကြာပျောက်ဆုံးနေတဲ့ အာဂျင်တီးနားရေငုပ်သင်္ဘော ပြန်တွေ့ပြီ
ဗျူနိုအေရီစ်၊ နိုဝင်ဘာ-၁၇ မျိုးဆက် (VOM) သင်္ဘောအမှုထမ်း ၄၄ ဦးနဲ့အတူ လွန်ခဲ့တဲ့ တစ်နှစ်က ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောကို အာဂျင်တီးနားရေတပ်က ပြန်လည်တွေ့ရှိသွားပြီဖြစ်ပါတယ်။ ARA San Juan လို့အမည်ရတဲ့ အဆိုပါသင်္ဘောကို နိုဝင်ဘာ ၁၆ ရက်က အတ္တလန္တိတ်သမုဒ္ဒရာ ကြမ်းပြင်အောက် ပေပေါင်း ၂၆၂၀ အနက်မှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရေငုပ်သင်္ဘောဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ အာဂျင်တီးနား ကမ်းရိုးတန်းကနေ မိုင် ၂၇၀ အကွာမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ရေငုပ်သင်္ဘောပျောက်ဆုံးသွားတဲ့ နေရာအတိအကျကို စုံစမ်းစစ်ဆေးရှာဖွေနိုင်ခြင်းမရှိတော့လို့ ပျောက်ဆုံးပြီး နှစ်ပတ်အကြာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကို အမေရိကန် ရှာဖွေရေးကုမ္ပဏီတစ်ခုကနေ တည်နေရာကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ရီမုနဲ့ထိန်းချုပ်တဲ့ ရေငုပ်သင်္ဘောအသေးစား သွားရောက်စေပြီး တစ်နှစ်ကျော်ပျောက်ဆုံးနေတဲ့ ARA San Juan ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။ အဆိုပါ…
Read More
ရိုဟင်ဂျာ( မူရင်းသတင်းအသုံး) တွေကို နိုင်ငံသားပေးဖို့အချက်ပါတဲ့ ဆုံးဖြတ်ချက်မှုကြမ်း ကုလလူ့အခွင့်ရေးကော်မတီမှာ အတည်ပြုလိုက်ပြီ
  ဂျီနီဗာ၊ နိုဝင်ဘာ-၁၇-၂၀၁၈ မျိုးဆက် (VOM) ရိုဟင်ဂျာ( မြန်မာအစိုးရက ဒီအသုံးကိုလက်ခံမထားပါ) အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့အတွက် တင်သွင်းထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီမှာ နိုဝင်ဘာ ၁၆ ရက်က အတည်ပြုလိုက်ပါတယ်။ ဒီမူကြမ်းကိုတော့ ကနေဒါနိုင်ငံအပါအ၀င် ဥရောပနိုင်ငံ ၂၅ နိုင်ငံနဲ့ OIC ( Organisation of Islamic Cooperation ) အဖွဲ့ဝင် ၅၇ နိုင်ငံတို့က ကမကထပြုရေးဆွဲထားပြီး နိုဝင်ဘာ ၇ ရက်မှာ တရားဝင်ဖြန့်ဝေခဲ့တာဖြစ်ကာ အဲဒီလူမျိုးတွေအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ (မြန်မာအခေါ် ဘင်္ဂါလီ) အပေါ် ခွဲခြားဆက်ဆံမှုတွေ၊ နှိပ်ကွပ်မှုတွေ အပေါ်အပြစ်တင်ထားပြီး သူတို့ကို နိုင်ငံသားဖြစ်ခွင့်ရရေးနဲ့ လွတ်လပ်တဲ့ အဖွဲ့တစ်ဖွဲ့ ကစုံစမ်းစစ်ဆေးတာတွေလုပ်ဖို့…
Read More
အိမ်ထောင်ပြုဖို့အတွက် အဆင်သင့်ဖြစ်အောင် ကိုယ်ကိုကိုယ် ပြုပြင်ပြောင်းလဲနေတယ်ဆိုတဲ့ အေးမြတ်သူ
  ရန်ကုန် နိုဝင်ဘာ ၁၇ – ၂၀၁၈ သင်းသဒ္ဒါ (VOM) ပါးချိုင့်လေးနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ အချစ်တော် အပျိုကြီး သရုပ်ဆောင် အေးမြတ်သူကတော့ “အိမ်ထောင်ပြုဖို့ အတွက်ကတော့ ဘာမှမစီစဉ်ရသေးပါဘူး။ ကိုယ့်ကိုကိုတော့ အမြဲတမ်း အိမ် ထောင်ပြု ဖို့အတွက် အဆင့်သင့်ဖြစ်အောင် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲနေပါတယ်”လို့ ဆိုလာပါတယ်။ အေးမြတ်သူကတော့ ဒါနသာသနာအလှူတွေလည်း ပြုလုပ်နေပြီးတော့ နိုဝင်ဘာ ၁၈ ရက်မှာ ကန်တော့ပေးမိတ်ဆက်မယ့် ဒါရိုက်တာ စတီးလ် ရိုက် ကူးမယ့် ကျားနှင့် ဆင် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နေတိုး၊နေထက်လင်း၊ထွန်းထွန်း၊ဇင်ဝိုင်း နဲ့ ရွှေသမီးတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ဖို့လည်း ရှိပါတယ်။ အိမ်ထောင်ပြုမယ်ဆိုရင်ရော အေးမြတ်သူက “လက်ရှိမှာတော့ အေးမြတ်သူ အပျိုကြီးတော့ မလုပ် ချင်ပါဘူးရှင့် ။ အေးမြတ်သူသည် အိမ်ထောင်ရှင်မကောင်း တစ်ယောက်လည်း ဖြစ်ချင်ပါသေးတယ်။ ဘဝမှာ…
Read More
အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမှု လျော့ကျနိုင်ဖွယ်ရှိ
Read More
ပိဿာချိန် ၄၀ ကျော်ခန့်ရှိမယ့် ရေလိပ်တကောင် ကျွန်းလှမှာ ဖမ်းဆီးရမိ
  ကျွန်းလှ နိုဝင်ဘာ ၁၇ -၂၀၁၈ ဗျဂ္ဃ (Voice of Myanmar) စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီး မဒေါင်ကျေးရွာတွင် ရွာသားတွေက အလေးချိန် ပိဿာ ၄၀ ကျော်ခန့်ရှိမယ့် ရှားပါးလိပ်တကောင်ကို အခု နိုဝင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ တံငါမဟုတ်တဲ့ တောသွားတောလာတွေကနေ ကုန်းပေါ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး စေတနာရှင်တဦးက ပိုက်ဆံ ၁ သိန်းနဲ့ဝယ်ယူခဲ့ကာ ကန့်ဘလူမြို့ ရွှေစည်ကြီးဘုရားဝင်းရှိ လိပ်ကန်မှာ ဘေးမဲ့ ပြန်လွှတ်ပေးထားတယ်လို့ သိရပါတယ်။ “ကန့်ဘလူနဲ့ ၂၃ မိုင်လောက်ဝေးတဲ့ လွှတ်တိုက်အုပ်စု၊ မဒေါင်ကျေးရွာကနေ လိပ်ကိုသနားလို့ဆိုပြီး ဦးမောင်မြင့်က ၁ သိန်းနဲ့ဝယ်ခဲ့တာ။ အဲဒီကနေ ၃ ဘီးကို ၂သောင်းခွဲပေးငှားပြီး ကန့်ဘလူကို သယ်ခဲ့တာ။ လိပ်က ရှင်တော့ရှင်တယ်။ သိပ်မလှုပ်ဘူး။ ကြီးကြီးမားမားဒဏ်ရာရတာတော့မရှိဘူး။ လောလောဆယ်တော့ကြားတဲ့သူတွေ လာကြည့်နေကြတာပဲ။…
Read More
VOM News
FREE
VIEW