ရိုဟင်ဂျာ( မူရင်းသတင်းအသုံး) တွေကို နိုင်ငံသားပေးဖို့အချက်ပါတဲ့ ဆုံးဖြတ်ချက်မှုကြမ်း ကုလလူ့အခွင့်ရေးကော်မတီမှာ အတည်ပြုလိုက်ပြီ

 

ဂျီနီဗာ၊ နိုဝင်ဘာ-၁၇-၂၀၁၈
မျိုးဆက် (VOM)

ရိုဟင်ဂျာ( မြန်မာအစိုးရက ဒီအသုံးကိုလက်ခံမထားပါ) အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့အတွက် တင်သွင်းထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီမှာ နိုဝင်ဘာ ၁၆ ရက်က အတည်ပြုလိုက်ပါတယ်။

ဒီမူကြမ်းကိုတော့ ကနေဒါနိုင်ငံအပါအ၀င် ဥရောပနိုင်ငံ ၂၅ နိုင်ငံနဲ့ OIC ( Organisation of Islamic Cooperation ) အဖွဲ့ဝင် ၅၇ နိုင်ငံတို့က ကမကထပြုရေးဆွဲထားပြီး နိုဝင်ဘာ ၇ ရက်မှာ တရားဝင်ဖြန့်ဝေခဲ့တာဖြစ်ကာ အဲဒီလူမျိုးတွေအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ (မြန်မာအခေါ် ဘင်္ဂါလီ) အပေါ် ခွဲခြားဆက်ဆံမှုတွေ၊ နှိပ်ကွပ်မှုတွေ အပေါ်အပြစ်တင်ထားပြီး သူတို့ကို နိုင်ငံသားဖြစ်ခွင့်ရရေးနဲ့ လွတ်လပ်တဲ့ အဖွဲ့တစ်ဖွဲ့ ကစုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ တောင်းဆိုထားပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၁၄၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲနဲ့ ကြားနေမဲ ၂၆ မဲနဲ့အတည်ပြုလိုက်တာဖြစ်ပါတယ်။ မြန်မာ၊ တရုတ်၊ ရုရှား၊ ဂျပန်အပါအ၀င် နိုင်ငံ ၂၆ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ကြပါတယ်။

လူ့အခွင့်အရေး ကော်မတီမှာ အတည်ပြုလိုက်တဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းကို လာမယ့် ဒီဇင်ဘာလမှာပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲပြီး တရားဝင်အတည်ပြုနိုင်ဖွယ်ရှိနေပါတယ်။
မြန်မာနိုင်ငံကနေထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်လက်ခံရေးအစီစဉ်ကို နိုဝင်ဘာ ၁၅ ရက်မှာစတင်ခဲ့ပေမယ့် မြန်မာနိုင်ငံကို ပြန်လိုခြင်းမရှိတဲ့အတွက် အစီအစဉ်ကို ဆိုင်းငံထားရပါတယ်။

အဆိုပါနေ့မှာဘဲ ကော့ဘဇားခရိုင်အတွင်းက ဒုက္ခသည်စခန်းမှာ ရှိနေသူတွေဟာ မြန်မာနိုင်ငံကို မပြန်လိုကြောင်း၊ တရားမျှတမှုကို လိုလားကြောင်းနဲ့ နိုင်ငံသားဖြစ်ခွင့် မပေးသရွေ့ မြန်မာနိုင်ငံကို ပြန်မှာမဟုတ်ဘူးလို့ ဆန္ဒပြခဲ့ကြပါတယ်။

Ref: bdnews24/ Daily Mail
Photo : bdnews24/ AP

Related posts

Leave a Comment

VOM News

FREE
VIEW