အင်းတော်မြို့နယ်က ရှေးဟောင်းသေတ္တာကြီးကို အမျိုးသားပြတိုက်အပ်တော့မယ်

အင်းတော် နိုဝင်ဘာ ၂၅ -၂၀၁၈ နိုင်ကြီး(ကသာ) စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပင်ဝဲကျေးရွာအုပ်စု ဖားပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ရှိနေတဲ့ ရှေးဟောင်းသေတ္တာကြီး တစ်လုံးကို မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန သို့ အပ်နှံရန် စီစဉ်လျှက်ရှိကြောင်း သိရပါတယ် ။ “လွန်ခဲ့တဲ့ (၂)နှစ်က ဦးစိုင်းခင်မောင်က ကျောင်းမှာ လာရောက် လှူဒါန်းခဲ့တာ  ဖြစ်ပါတယ် ။  ဦးစိုင်းခင်မောင် က ယခု အသက်(၈၃)နှစ် ရှိပါပြီ ။ ဒီ သေတ္တာကြီးက သူ့ဖခင်လက်ထက်က ကျန်ရစ်ခဲ့တဲ့  ရှေးဟောင်းပစ္စည်းဖြစ်တာမို့  ဘုန်းကြီးရဲ့ ကျောင်းကို လာရောက်လှူဒါန်းထားတာ ဖြစ်ပါတယ် ´´ ဟု ဖားပန်ကျောင်းတိုက် ဆရာတော် ဦးဇနိန္ဒ က မိန့်ပါတယ်။   အဲဒီ ရှေးဟောင်းလက်ရာတွေပါတဲ့ သေတ္တာကြီးဟာ အလျား သုံးဆယ့်တစ်လက်မ ၊…

Read More

ဗြိတိန်နိုင်ငံမှာ  အိမ်ရာမဲ့ဦးရေ စံချိန်တင်မြင့်တက်နေ

လန်ဒန်၊ နိုဝင်ဘာ-၂၅-၂၀၁၈ မျိုးဆက် (VOM) ဗြိတိန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း အိမ်ရာမဲ့ဦးရေ သုံးသိန်း၂သောင်း ကျော်ရှိပြီး ယင်းပမာဏဟာ  စံချိန်တင်အရေအတွက်ဖြစ်တယ်လို့ အိမ်ရာဆိုင်ရာ ပရဟိတအဖွဲ့အစည်းတစ်ခုရဲ့ လေ့လာမှုစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ အဆိုပါအကြပ်အတည်းကိုကိုင်တွယ်ဖြေရှင်းဖို့ ကတိပြုထားပေမယ့်လည်း အိမ်ရာမဲ့ပမာဏမှာ နှစ်စဉ် ၁၃၀၀၀ အထိတိုးမြင့်လာပြီး နိုင်ငံသား ၂၀၀ တွင် တစ်ဦးမှာ အိမ်ရာမဲ့ဖြစ်တယ်လို့ ခန့်မှန်သုံးသပ်ထားပါတယ်။ အိမ်ရာမဲ့ဦးရေမှာ မြင့်တက်လျှက်ရှိပြီး တစ်နှစ်ကို လူဦးရေတစ်ထောင်ကျော်နှုန်း ပိုများလာတယ်လို့ အဆိုပါစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီလိုပြသနာဖြစ်ပေါ်နေတာဟာ အိမ်ငှားရမ်းခမတတ်နိုင်တာတွေ၊ အိမ်ယာဆိုင်ရာ အကျိုးဖြစ်ထွန်းမှု ရပ်တန့်နေတာတွေနဲ့ အိမ်ယာရှားပါးတာတွေ စတဲ့ ပြသနာတွေကြောင့် ဖြစ်တယ်လို့ အဆိုပါအဖွဲ့က ထောက်ပြပြောဆိုပါတယ်။ ဒီလို အိမ်ရာမဲ့ ပြသနာဟာ အင်္ဂလန်အနောက်မြောက်ပိုင်း ၊ မစ်လန်းစ်၊ ယော့ရှိုင်းယားနဲ့ ဟမ်းဘားတို့မှာ အလျှင်အမြန်မြင့်တက်လာနေတယ်လို့ လေ့လာမှုစစ်တမ်းတွင် ဖော်ပြထားပါတယ်။ Ref: Metro…

Read More

ကောင်းမှုတော်စေတီကို ဒီဇင်ဘာ ၁ရက်ကစပြီး  အဖြူရောင်ဆေးင်္ကန်းကပ်တော့မည်

စစ်ကိုင်း၊ နိုဝင်ဘာ ၂၅-၂၀၁၈ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့၊ကောင်းမှုတော်စေတီတော်ကြီးကို လက်ရှိ ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်း အဖြစ် ပြောင်းလဲကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ လုပ်ဆောင်သွားမယ်လို့ ကောင်းမူတော်စေတီဂေါပကအဖွဲ့က ပြောပါတယ်။ ကောင်းမှုတော်စေတီတော်ကြီးရဲ့ လက်ရှိ ရွှေဆေးသင်္ကန်းကနေ အဖြူရောင်ဆေးသင်္ကန်း အဖြစ် ပြောင်းလဲကပ်လှူပူဇော်ရန်အတွက် အဆိုပြုလွှာ တင်ထားတဲ့ ကုမ္ပဏီသုံးခုထဲကနေ  ကုမ္ပဏီတခု ကိုရွေးချယ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း နဲ့ အဖြူရောင်ဆေးသင်္ကန်းပြောင်းလဲ ကပ်လှူပူဇော်မှုကို  သီတဂူဆရာတော်ဘုရားကြီးမွေးနေ့ လာမည့် (တပေါင်းလပြည့်)နေ့ အမှီ လုပ်သွားမယ်လို့ ကောင်းမှုတော်စေတီ ဂေါပကဥက္ကဌ ဦးတင်မျိုးလွင်က ပြောပါတယ်။ “ဆေးကုမ္ပဏီသုံးခုဖြစ်တဲ့ ယူပီဂျီ၊ ကန်ဆမ်၊ အောင်ပြည်တန်တို့လာပြီး ဆေးစမ်းသပ် သုတ်ပြပါတယ်။ သုံးခုထဲကမှ အောင်ပြည်တန်ကုမ္ပဏီကိုရွေးချယ်ခဲ့ပါတယ်။ သီတဂူဆရာတော်ကြီးမွေးနေ့ တပေါင်းလပြည့်အမီ အဖြူရောင်ဆေးအပြီးကပ်လှူသွားမှာပါ။ ဒါကြောင့် လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး အဖြူရောင်ဆေးကပ်လှူခြင်းလုပ်ငန်းကို လုပ်သွားမှာပါ။…

Read More

ဒေသဆိုင်ရာရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ပြီးနောက် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် ပါတီဥက္ကဌ ရာထူးမှ နှုတ်ထွက်

ထိုင်ဝမ်၊ နိုဝင်ဘာ-၂၅-၂၀၁၈ မျိုးဆက် (VOM) ထိုင်ဝမ်မှာ ကျင်းပခဲ့တဲ့ ဒသဆိုင်ရာအစိုးရရွေးကောက်ပွဲတွေမှာ အကြီးအကျယ်ရှုံးနိမ့်ပြီးနောက် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ဟာ ပါတီဥက္ကဌအဖြစ်ကနေ နိုဝင်ဘာ ၂၄ ရက်က  နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။ ထိုင်ဝမ်ရဲ့  ပထမဆုံးအမျိုးသမီးသမ္မတဖြစ်သူ ဆိုင်အင်းဝမ်ဟာ တရုတ်နိုင်ငံထံမှ ထိုင်ဝမ်လွတ်လပ်ရေးကို လိုလားတဲ့  ဒီမိုကရက်တစ်တိုးတက်ရေးပါတီရဲ့ ဥက္ကဌအဖြစ်ကနေ နှုတ်ထွက်လိုက်ပေမယ့် သမ္မတအဖြစ် ကျန်ရှိနေသည့် သက်တမ်းကို တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၄ ရက်က ရွေးကောက်ပွဲတွေမှာ သမ္မတ ဆိုင်အင်းဝမ်ရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီက မြို့၊ ခရိုင် ၁၆ ခုနဲ့ ထိုင်ဝမ် အထူးမြူနီစီပယ် လေးနေရာအတွက် ကြိုတင်ထိန်းချုပ်ဖို့အတွက်  ကြိုးစားခဲ့ပေမယ့် လက်ရှိမှာတော့  ခြောက်နေရာသာ အနိုင်ရရှိခဲ့ပါတယ်။ ထိုင်ဝမ်မှာ နောက်ထပ်ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် ဇန်န၀ါရီလမှာ ကျင်းပဖို့ သတ်မှတ်ထားပြီး ဒီလိုရှုံးနိမ့်မှုတွေက ဒုတိယသက်တမ်းအတွက် သမ္မတအဖြစ်ဝင်ရောက်ရွေးချယ်ခံမယ့် ဆိုင်အင်းဝမ်အတွက် အဓိက…

Read More
VOM News

FREE
VIEW