ဗြိတိန်နိုင်ငံမှာ  အိမ်ရာမဲ့ဦးရေ စံချိန်တင်မြင့်တက်နေ

လန်ဒန်၊ နိုဝင်ဘာ-၂၅-၂၀၁၈

မျိုးဆက် (VOM)

ဗြိတိန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း အိမ်ရာမဲ့ဦးရေ သုံးသိန်း၂သောင်း ကျော်ရှိပြီး ယင်းပမာဏဟာ  စံချိန်တင်အရေအတွက်ဖြစ်တယ်လို့ အိမ်ရာဆိုင်ရာ ပရဟိတအဖွဲ့အစည်းတစ်ခုရဲ့ လေ့လာမှုစစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ အဆိုပါအကြပ်အတည်းကိုကိုင်တွယ်ဖြေရှင်းဖို့ ကတိပြုထားပေမယ့်လည်း အိမ်ရာမဲ့ပမာဏမှာ နှစ်စဉ် ၁၃၀၀၀ အထိတိုးမြင့်လာပြီး နိုင်ငံသား ၂၀၀ တွင် တစ်ဦးမှာ အိမ်ရာမဲ့ဖြစ်တယ်လို့ ခန့်မှန်သုံးသပ်ထားပါတယ်။

အိမ်ရာမဲ့ဦးရေမှာ မြင့်တက်လျှက်ရှိပြီး တစ်နှစ်ကို လူဦးရေတစ်ထောင်ကျော်နှုန်း ပိုများလာတယ်လို့ အဆိုပါစစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီလိုပြသနာဖြစ်ပေါ်နေတာဟာ အိမ်ငှားရမ်းခမတတ်နိုင်တာတွေ၊ အိမ်ယာဆိုင်ရာ အကျိုးဖြစ်ထွန်းမှု ရပ်တန့်နေတာတွေနဲ့ အိမ်ယာရှားပါးတာတွေ စတဲ့ ပြသနာတွေကြောင့် ဖြစ်တယ်လို့ အဆိုပါအဖွဲ့က ထောက်ပြပြောဆိုပါတယ်။

ဒီလို အိမ်ရာမဲ့ ပြသနာဟာ အင်္ဂလန်အနောက်မြောက်ပိုင်း ၊ မစ်လန်းစ်၊ ယော့ရှိုင်းယားနဲ့ ဟမ်းဘားတို့မှာ အလျှင်အမြန်မြင့်တက်လာနေတယ်လို့ လေ့လာမှုစစ်တမ်းတွင် ဖော်ပြထားပါတယ်။

Ref: Metro

Photo : Getty Images

#voiceofmyanmar

Related posts

Leave a Comment

VOM News

FREE
VIEW