ဒေသဆိုင်ရာရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ပြီးနောက် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် ပါတီဥက္ကဌ ရာထူးမှ နှုတ်ထွက်

ထိုင်ဝမ်၊ နိုဝင်ဘာ-၂၅-၂၀၁၈

မျိုးဆက် (VOM)

ထိုင်ဝမ်မှာ ကျင်းပခဲ့တဲ့ ဒသဆိုင်ရာအစိုးရရွေးကောက်ပွဲတွေမှာ အကြီးအကျယ်ရှုံးနိမ့်ပြီးနောက် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ဟာ ပါတီဥက္ကဌအဖြစ်ကနေ နိုဝင်ဘာ ၂၄ ရက်က  နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။

ထိုင်ဝမ်ရဲ့  ပထမဆုံးအမျိုးသမီးသမ္မတဖြစ်သူ ဆိုင်အင်းဝမ်ဟာ တရုတ်နိုင်ငံထံမှ ထိုင်ဝမ်လွတ်လပ်ရေးကို လိုလားတဲ့  ဒီမိုကရက်တစ်တိုးတက်ရေးပါတီရဲ့ ဥက္ကဌအဖြစ်ကနေ နှုတ်ထွက်လိုက်ပေမယ့် သမ္မတအဖြစ် ကျန်ရှိနေသည့် သက်တမ်းကို တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၄ ရက်က ရွေးကောက်ပွဲတွေမှာ သမ္မတ ဆိုင်အင်းဝမ်ရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီက မြို့၊ ခရိုင် ၁၆ ခုနဲ့ ထိုင်ဝမ် အထူးမြူနီစီပယ် လေးနေရာအတွက် ကြိုတင်ထိန်းချုပ်ဖို့အတွက်  ကြိုးစားခဲ့ပေမယ့် လက်ရှိမှာတော့  ခြောက်နေရာသာ အနိုင်ရရှိခဲ့ပါတယ်။

ထိုင်ဝမ်မှာ နောက်ထပ်ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် ဇန်န၀ါရီလမှာ ကျင်းပဖို့ သတ်မှတ်ထားပြီး ဒီလိုရှုံးနိမ့်မှုတွေက ဒုတိယသက်တမ်းအတွက် သမ္မတအဖြစ်ဝင်ရောက်ရွေးချယ်ခံမယ့် ဆိုင်အင်းဝမ်အတွက် အဓိက ထိုးနက်ချက်ဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ သူတို့ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောကြားထားတဲ့ တရုတ်နိုင်ငံကတော့ ရွေးကောက်ပွဲတွေကိုအနီးကပ်စောင့်ကြည့်နေခဲ့ပါတယ်။

နိုင်ငံတဝှမ်း ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေ ကျင်းပရာနေရာ ၂၂ ခုမှာ အတိုက်အခံ ကေအမ်တီ ပါတီက ၁၆ နေရာအနိုင်ရခဲ့တာဖြစ်ပါတယ်။ စိတ်ပျက်ဖွယ်ရလဒ်များအတွက် တာဝန်ခံခြင်းဖြစ်ကြောင်း နှုတ်ထွက်ကြောင်း ကြေညာပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ဆိုင်အင်းဝမ်က ပြောသွားတာဖြစ်ပါတယ်။

Ref: UPI/ CNA

Related posts

VOM News

FREE
VIEW