”တရားစွဲချင်စွဲလို့ ဝေဠုကျော်က စိန်ခေါ်ခဲ့တယ်လို့ အလှမယ် သင်းသင်းဆို”

ရန်ကုန် ဒီဇင်ဘာ ၁၁-၂၀၁၈

သင်းသဒ္ဒါ(VOM)

သရုပ်ဆောင် ဝေဠုကျော်က အလှမယ် သင်းသင်းကိုတော့ ”သူကိုယ်၌က တရားစွဲချင်စွဲလို့ ဝေဠုကျော်က စိန်ခေါ်ခဲ့တယ်”လို့ဆိုပါတယ်။

”ဒါကြောင့်  ညီမ မခံနိုင်လွန်းလို့ ကာမလိမ်လည်မှုနဲ့ တရားစွဲမို့ ဖြစ်လာတာပါ၊ညီမကတော့ သူ့ကို တရားစွဲသွားမှာပါ၊ လက်ရှိမှာ တိုင်ပင်နေတုန်းမို့ပါ၊သူ့ ဒီနေ့ဖြေသွားတာက လောကမှာ ရည်းစားဖြစ်တိုင်း ထောင်ကျမှာဆိုရင် အကုန်လုံးထောင်ကျမှာပေါ့လို့ သူ့ဖြေသွားခဲ့တယ်၊ မင်းသား ဆိုတဲ့အတိုင်း လှလှပပလေးသုံးသွားခဲ့တယ်၊ အဲလိုမျိုးမဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူ့က ကမ္ဘာကျော်ပရဟိတ ကိုလုပ်နေတယ်၊ အစ်မကို တွဲလိုက်တာသည် ကိုယ့်ဘယ်လိုမိန်းကလေးလည်းဆိုတာ အကုန်လုံးသိ ပါတယ်၊ သူ့ဟာဘယ်လို ယောက်ျားလဲဆိုတာ အမှန်တရားနဲ့သွားမှာပါ၊ညီမကို လာမညှိပါနဲ့၊ ဒီကြားထဲမှာ ရှေ့ နေတွေ၊ ကိုယ့်ဘေးလူတွေရော ပြန်ညှိဖို့ပြောပါတယ်၊ အစ်မလုံးဝလက်မခံပါဘူး”လို့ဆိုပါတယ်။

“ခုလိုထပြီး တရားစွဲတာကတော့ အစ်မလိုမိန်းကလေးတွေခံရခဲ့ဘူးသူတွေလည်း ရှိပါလိမ့်မယ် ၊ ရှိချင်မှလည်း ရှိလိမ့်မယ်၊ ညီမကတော့ အဆုံးထိခံရတာမို့ သူ့ဆီကငွေကြေးမလိုပါ၊ သိန်းတစ်သောင်းပုံပေးလည်း လက်မခံပါ၊ မြန်မာအမျိုးသမီးမိန်းကလေး တစ်ယောက်အနေနဲ့ လုပ်ချင်တိုင်း လုပ်လို့မရဘူးဆိုတာကို ချပြချင်တာပါ၊ ညီမနဲ့ တွဲနေပြီးတခြား ကောင်မလေးတစ်ယောက်ကို ယူမယ်ဆိုတာကို လက်ခံနိုင်မလား၊သမီးရည်းစားဘ၀မှာ မိသာစုချင်းအဆင်မပြေလို့ အပြုံးနဲ့ လက်ခွဲသွားတဲ့သူတွေအများကြီး ရှိပါတယ်၊မတူမတန်းသလိုဆက်ဆံခံရတယ်၊ သူတို့အသိုင်းအ၀ိုင်းရဲ့ စော်ကားတာလည်း ခံရတယ်၊သူကိုယ်တိုင် ပြောဆိုခဲ့တာကို ညီမမခံနိုင်ပါဘူး၊သူကို အရမ်းလည်း စိတ်နာသွားတယ်၊ သူ့ကိုချစ်ခဲ့တာသည် အဖြူထည်သက်သက်ချစ်ခဲ့တာပါ”လို့ဆိုပါတယ်။

 

ဝေဠုကျော်နဲ့ သင်းသင်းကတော့ ချစ်သူသက်တမ်း(၈) လ ကျော်တွဲခဲ့ပြီးတော့ ငွေလိုချင်လို့ ခုလို့တရားစွဲဖို့လုပ်တာလည်း မဟုတ်ပါဘူးလို့ သိရပါတယ်၊ ဒီဇင်ဘာ ၂ ရက်အထိ ချစ်သူနှစ်ယောက်ဟာ အဆက်အသွယ်ရှိခဲ့တာလည်း ဖြစ်ပါတယ်၊သူတို့နှစ်ယောက်ကတော့ facebook ကနေ တွေ့ခဲ့တာမဟုတ်ဘူးလို့လည်း သိရပါတယ်။

”Miss တစ်ယောက်ဆိုပေမယ့် နာမည်ကြီး တစ်ယောက်လဲ မဟုတ်ပါဘူး၊စပွန်ဆာရှာနေတာလည်း မဟုတ်ပါဘူး၊ Miss လောကထဲမှာရောက်နေတာ မှန်တယ်၊အဲဒီအရာတစ်ခုနဲ့ အသက်မွေးဝမ်းကြောင်းပြုတာလည်း မဟုတ်ပါဘူး၊ညီမက လိုင်းကားတိုးစီးတဲ့ Miss တစ်ယောက်ပါ၊သူနဲ့ ညီမတို့ ဖြစ်ခဲ့တယ်ဆိုတာ facebook တင်ထားပါတယ်၊ညီမကို ဟိုတယ်ကို လိမ်ခေါ်သွားပြီးတော့ မပတ်သက်ချင်ပဲ ပတ်သက်လိုက်ရတာပါ၊နောက်ပိုင်းမှ သံယောဇဉ်ဖြစ်သွားတာပါ”လို့ဆိုပါတယ်။

#voiceofmyanmar#Missသင်းသင်း#ဝေဠုကျော်ကိုတရားစွဲမည်#

ဓာတ်ပုံ – သင်းသင်းfacebook

Related posts

Leave a Comment

VOM News

FREE
VIEW