အမေရိကန်က လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေတယ်လို့ ဗင်နီဇွဲလားသမ္မတ မာဒူရိုစွပ်စွဲ

ကရာကတ်၊ ဒီဇင်ဘာ ၁၃-၂၀၁၈

မျိုးဆက် (VOM)

အမေရိကန်သည် ၎င်းကို လုပ်ကြံသတ်ဖြတ်ပြီး ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချဖို့  ကြံစည်နေတယ်လို့  ဗင်နီဇွဲလားသမ္မတ နီကိုလပ်မာဒူရိုက စွပ်စွဲပြောဆိုလိုက်ပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်ဟာလည်း ဒီလိုကြံစည်ရာမှာ  ပါဝင်နေတယ်လို့ မာဒူရိုက သတင်းထောက်များကိုပြောဆိုပါတယ်။ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်တဲ့  သက်သေအထောက်အထား တစ်စုံတစ်ရာကိုတော့ ထုတ်ဖော် ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို  လက်ဝဲယိမ်းအာဏာရှင်ခေါင်းဆောင်တစ်ဦးအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတ်မှတ်ထားပြီး အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

ဒါ့အပြင် ဗင်နီဇွဲလားသို့ ရုရှားဗုံးကြဲလေယာဉ်နှစ်စင်း လာရောက်တာနဲ့ ပတ်သက်ပြီး ယခုတစ်ပတ်အစောပိုင်းမှာ အမေရိကန်က ဝေဖန်ပြောဆိုပါတယ်။  ရုရှားဗုံးကြဲလေယာဉ်နှစ်စင်းဟာ နျူကလီးယားလက်နက်တွေကို သယ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်၊ ကိုလံဗီယာနဲ့ ဗင်နီဇွဲလားအတိုက်အခံတွေက ၎င်းကိုသတ်ဖြတ်ဖို့  ကြံစည်နေတယ်လို့ မာဒူရိုက ယခင်ကလည်းစွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။

ဗင်နီဇွဲလားအစိုးရဟာ အမေရိကန်နဲ့ သဘောထားခြင်းမတိုက်ဆိုင်တဲ့ ရုရှား၊ တရုတ် အပါအ၀င် အခြားနိုင်ငံတွေနဲ့  ဆက်နွယ်မှုရှိနေတာကြောင့် အမေရိကန်အနေနဲ့ စိုးရိမ်ပူပန်မှုများမြင့်တက်နေပါတယ်။

#voiceofmyanmar#ဗင်နီဇွဲလားသမ္မတ# အမေရိကန်ကလုပ်ကြံသတ်ဖြတ်ဖို့ကြံစည်နေတယ်လို့စွပ်စွဲ#

Ref: BBC

Photo :AFP

Related posts

Leave a Comment

VOM News

FREE
VIEW