ဟားခါးမြို့ အပူချိန် ရေခဲမှတ်အောက် ၃ ရက်ဆက်တိုက် ရောက်ရှိ

ဟားခါး ဒီဇင်ဘာ၂၆-၂၀၁၈
မိုင်ချယ်ရီ(VOM)

ချင်းပြည်နယ် ဟားခါးမြို့ရဲ့ အပူချိန်တွေကို တိုင်းထွာ ထားချက်အရ အပူချိန် ရေခဲမှတ်အောက် ရောက်ရှိခဲ့တာ ဆိုရင် ၃ ရက်ဆက်တိုက် ရှိပြီလို့  ရုံးရဲ့ ထုတ်ပြန်ထားချက် အရ သိရပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနးခါးမြို့ရဲ့ အနိမ့်ဆုံး အပူချိန်တွေဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဆိုရင် ရေခဲမှတ်အောက် အနုတ် ၃ ဒီဂရီ ၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဆိုရင် ရေခဲမှတ်အောက် အနုတ် ၁ ဒီဂရီ နဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ကျော် အချိန်တိုင်းထွာချက်အရ ရေခဲမှတ်အောက် အနုတ် ၁ ဒီဂရီ အထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလို ရေခဲမှတ်အောက် ရောက်ရှိနေတာကြောင့် ဟားခါးမြို့ကို သွားရောက်လိုသူတွေ အနေနဲ့ အနွေးထည်ထူထူ ခြေအိတ်၊လက်အိတ်ထူထူ ဝတ်ဆင် သယ်ဆောင်ပြီးတော့မှ သွားရောက်သင့်တယ်လို့လဲ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဟားခါးမြို့ကို သွားရောက်လည်ပတ်သူ တစ်ဦး ဖြစ်တဲ့ ဦးသန်းဝင်းနိုင် က ပြောပါတယ်။

သူက “မနက်ဆိုရင် ရေခဲနေပြီ၊ ညနေ နေဝင်တာနဲ့ကို တအားအေးနေပြီ၊ရေရှိတဲ့ နေရာတွေဆိုရင် ရေခဲတွေနဲ့ ဖွေးနေတာပဲ” လို့ ပြောပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့ဟာဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေပေါင်း ၆၅၀၀ ကျော်မှာ တည်ရှိတဲ့ မြို့ဖြစ်ပြီး ချင်းပြည်နယ်ရဲ့မြို့တော် တစ်ခုလည်း ဖြစ်ပါတယ်။

ဟားခါးမြို့နယ် မှာ မနက်ပိုင်းကာလတွေမှာ ရေခဲနေသလို ချင်းပြည်နယ် မင်းတပ်ခရိုင် အတွင်းမျာ ရှိတဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း တစ်သောင်းကျော်မှာရှိတဲ့ ခေါနူးစုမ်(ခေါ်)နတ်မတောင် အမျိုးသားဥယျာဉ်အတွင်းမှာ ဆိုရင်လည်း ရေခဲနေပြီ ဖြစ်တယ်လို့ မင်းတပ်မြို့မှာနေထိုင်တဲ့ သူတွေ ဆီကနေ လာတဲ့ သတင်းတွေ အရ သိရပါတယ်။

မင်းတပ်မြို့ နဲ့ ခေါးနူးစုမ်တောင်တန်း မှာ ရာသီဥတု အေးတာနဲ့ ပတ်သတ်လို့ မင်းတပ်မြို့မှာနေတဲ့ ကိုဟာကလေး က “မနက်ဆိုရင် ခေါနူးစုမ်တောင်အောက်ခြေမှာ ရှိတဲ့ ရေကန်တစ်ကန်လုံးကို ခဲတာ၊မင်းတပ်မြို့ကလည်း အေးနေပြီဆိုတော့ မြို့ကနေ အဲ့ဒီကို သွားမယ်ဆိုရင် အနွေးထည် အများကြီး အထပ်ထပ်ဝတ်ပြီး ခြေအိတ် လက်အိတ် အစုံဝတ်ပြီး သွားရတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ် မှာ တည်ရှိတဲ့ မြို့တွေဟာဆိုရင် အနိမ့်ဆုံး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၃၀၀၀ ကျော်မှာ တည်ရှိကြတာ ဖြစ်ပြီး တစ်မြို့နဲ့ တစ်မြို့ တစ်နေရာရဲ့ တစ်နေရာ ဆက်သွယ်သွားလာတဲ့ ကားလမ်းတွေဟာဆိုရင်လည်း မြင့်မားတဲ့ တောင်တန်းတွေ့ေးမှာ ဖြတ်ဖောက်ထားတဲ့ ဖြစ်တဲ့ အတွက် မင်းတပ်-မတူပီ ကားလမ်းနဲ့ တီးတိန်-ဖလမ်း-ဟားခါး သွားတဲ့ ကားလမ်းဘေး ဝဲယာတစ်လျှောက်မှာလဲ ခုရက်ပိုင်းအတွင်းမှာ ရေခဲနေတာကို မြင်တွေ့နေရတယ်လို့ ဒေသခံတွေ ထံကနေ သိရပါတယ်။

#voiceofmyanmar#ဟားခါး#ရေခဲအမှတ်အောက်ရောက်#

Related posts

Leave a Comment

VOM News

FREE
VIEW