ဇီးပင်​ကြီးရှင်းလင်းပွဲပျက်​တာကို ​​အားနာပါတယ်​လို့ ဒု-ပါချုပ်​​ပြော

မန္တ​လေး၊ ဒီဇင်​ဘာ ၂၆-၂၀၁၈ ဟိန်းကို(VOM) ပြင်​ဦးလွင်​ခရိုင်​အတွင်းက ဇီးပင်​ကြီး ဗဟိုဝန်​ထမ်းတက္ကသိုလ်​ရဲ့ ​နေထိုင်​မှုပုံစံ​တွေကို ​ဝေဖန်​​ရေးသားထားတဲ့ “ဇီးပင်​ကြီး စစ်​တမ်း” နဲ့ပက်​သက်​ပြီး ဗဟိုဝန်​ထမ်းတက္ကသိုလ်​ဘက်​ကရှင်းလင်းပွဲကို ယ​နေ့ ဒီဇင်​ဘာ၂၆ရက်​​နေ့မှာ ပြုလုပ်​မယ်​လို့ သတင်းမီဒီယာသမား​တွေကို ​ဖိတ်​ထားပြီး အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ရှင်းလင်းပွဲပျက်​သွားခဲ့ပါတယ်​။ ” ကျွန်​​တော်​တို့ ရှင်းလင်းပွဲပျက်​ရတာက အဲ့ဒီအတွက်​လည်း အားနာပါတယ်​ မီဒီယာစင်​တာမှာ ကျွန်​​တော်​တို့ရှင်းလင်းပွဲအတွက်​ လွတ်​လိုက်​တဲ့ ကား​ရောက်​ပြီးကာမှ ခုလိုမလုပ်​ဖြစ်​ပဲဖြစ်​သွားတဲ့အတွက်​ ​တောင်းပန်​ပါတယ်​လို့ ” ဇီးပင်​ကြီး ဗဟိုဝန်​ထမ်းတက္ကသိုလ်​ စီမံဌာနမှ ဒု-ပါ​မောက္ခချုပ်​ ဦး​ဇော်​​ဇော်​က​ပြောပါတယ်​။ ရှင်းလင်းပွဲကို သတင်းမီဒီယာအချို့ထဲမှာမှ ဆိုင်​ကယ်​နဲ့သတင်းယူဖို့လာတဲ့ သတင်း​ထောက်​ မခင်​နှင်း​ဝေ က ” ညီမတို့က ဆိုင်​ကယ်​နဲ့သွား​တော့ အခက်​အခဲ​တော့ရှိတာ​ပေါ့ ​ဝေးပြီးအန္တရာယ်​လည်းများတာ​ကြောင့်​ရယ်​ပေါ့ ၊ အဲ့ဒီ​ကျောင်း​ရှေ့ကို​ရောက်​​တော့ အဲ့​ကျောင်းဂိတ်​​ပေါက်​မှာ ဆရာတစ်​​ယောက်​ရှိတယ်​​လေ အဲ့ဆရာ ​ပြောတာက အထက်​က​နေပြီး​တော့ သတင်းစာရှင်းပွဲမလုပ်​ခိုင်းလို့​ပြောတာ​ပေါ့ အဲ့အ​ကြောင်း​ကို တရားဝင်​​ဖြေ​ပေးဖို့​ပြော​တော့ သူကတရားဝင်​​တော့မ​ပြောဘူး​လို့ ​ပြောတယ်​၊…

Read More

နိုင်ငံတကာ ဝေလငါးကော်မရှင်မှ ဂျပန်နှုတ်ထွက်၊ စီပွားဖြစ်ဝေလငါးဖမ်းဆီးခြင်း ပြန်လည်စတင်မည်

တိုကျို၊ ဒီဇင်ဘာ ၂၆-၂၀၁၈ မျိုးဆက် (VOM) နိုင်ငံတကာအသိုင်းအ၀ိုင်းက ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်နိုင်ဖွယ်ရှိတဲ့ အပြောင်းအလဲတစ်ရပ်အဖြစ် စီးပွားဖြစ် ဝေလငါးဖမ်းဆီးတွေကို ဇူလိုင်လမှာ ဂျပန်နိုင်ငံက ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ဝေလငါထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေတဲ့ နိုင်ငံတကာ ဝေလငါးကော်မရှင်မှလည်း ဂျပန်နိုင်ငံက နှုတ်ထွက်တော့မှာဖြစ်ပါတယ်။ အချို့သော ဝေလငါးမျိုးစိတ်တွေဟာ မျိုးသုံးလုနီး ပါးဖြစ်ပေါ်ပြီးနောက် ၁၉၈၆ ခုနှစ်မှာ နိုင်ငံတကာဝေလငါးကော်မရှင်က စီးပွားဖြစ်ဝေလငါးဖမ်းဆီးတာတွေကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်ကတည်းက နိုင်ငံတကာဝေလငါးကော်မရှင်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာ ဝေလငါးစားသုံးတာဟာ ဂျပန်နိုင်ငံရဲ့ နိုင်ငံယဉ်ကျေးမှု တစ်ရပ်ဖြစ်တယ်လို့ ဂျပန်တာဝန်ရှိသူများက ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ သိပ္ပံဆိုင်ရာ သုတေသနပြုရန်အတွက်ဆိုပြီး ဝေလငါးတွေကို နှစ်ပေါင်းများစွာ ဖမ်းဆီးပြီး အသားတွေကိုရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး ဝေလငါးထိန်းသိမ်းစောင့်ရှောက်အဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ ဂျပန်အစိုးရရဲ့ စီးပွားဖြစ် ဝေလငါးဖမ်းဆီးမယ်ဆိုတဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ဝေလငါးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက…

Read More

ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုဖို့ ထိုင်းမှာ တရားဝင်ခွင့်ပြုလိုက်ပြီ

ဗန်ကောက်၊ ဒီဇင်ဘာ-၂၆ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ဆေးဘက်ဆိုင်ရာအတွက် ဆေးခြောက်အသုံးပြုခြင်းကို ထိုင်းပါလီမန်မှာ ဒီဇင်ဘာ ၂၅ ရက် မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ သုံးစွဲသူများအနေနဲ့ ဆေးညွှန်းသို့မဟုတ် အသိအမှတ်ပြုလက်မှတ်ရှိပါက ဆေးဝါးအဖြစ်အသုံးပြုရန် သတ်မှတ်ထားတဲ့ ဆေးခြောက်ပမာဏကို ၀ယ်ယူအသုံးပြုနိုင်မှာဖြစ်ပြီး ဆေးခြောက်ထုတ်လုပ်တာနဲ့ ရောင်းချတာတွေကိုတော့ တင်းကြပ်စွာ ထိန်းချုပ်ထားမှာဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ် မူးယစ်ဥပဒေကို ပြင်ဆင်ဖို့ ထိုင်းပါလီမန်မှာ ဒီဇင်ဘာ ၂၅ ရက်က မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး အစိုးရက ပြန်တမ်းထုတ်ပြီးချိန်တွင် အဆိုပါပြင်ဆင်ချက်မှာ ဥပဒေဖြစ်လာမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံအချို့မှာ မူးယစ်ဆေးဝါး ပိုင်ဆိုင်ခြင်းနဲ့ သုံးစွဲခြင်းတို့အတွက် အတင်းကြပ်ဆုံး အပြစ်ပေးတာတွေရှိနေပြီး ထိုင်းနိုင်ငံကတော့ ဒေသတွင်းနိုင်ငံတွေထိ ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုဖို့ ခွင့်ပြုလိုက်တဲ့ ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ ဒီလို ခွင့်ပြုလိုက်တာက ထိုင်းနိုင်ငံသားများအတွက် နှစ်သစ်ကူးလက်ဆောင်တစ်ခုဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့​ထိပ်တန်းအမတ်တစ်ဦးက ပြောဆိုပါတယ်။ သို့သော် ဆေးခြောက်ကို အပန်းဖြေရန်အသုံးပြုခြင်းကိုတော့ တရားမ၀င်ကြောင်း သတ်မှတ်ထားဆဲဖြစ်ပါတယ်။…

Read More

ရတနာပုံတက္ကသိုလ်​​ကျောင်းသားဓားထိုးခံပြီး ​သေဆုံးမှု အမှုမှန်​​ပေါ်​ပေါက်​​ရေး ​​ရတနာပုံသမဂ္ဂ​ကျောင်းသားများ ​ဆောင်​ရွက်​မည်

မန္တ​လေး၊ ဒီဇင်​ဘာ ၂၆-၂၀၁၈ ဟိန်းကို(VOM) မန္တ​လေးမြို့ ၊ အမရပူရမြို့နယ်​ ၊ ​တောင်​သမာန်​အင်းကန်​ပတ်​လမ်း တာရိုး​ပေါ်မှာ ဒီဇင်​ဘာ ၂၅ရက်​​နေ့ ည​နေပိုင်းက ရတနာပုံတက္ကသိုလ်​က ကုန်​ထုတ်​ဓာတု​ဗေဒ​နောက်​ဆုံးနှစ်​​ကျောင်းသားတစ်​ဦးဓားထိုးခံရပြီး ​သေဆုံးမှုဖြစ်​စဉ်​ ဖြစ်​ပွားခဲ့ပါတယ်​။ ဖြစ်​ပွားခဲ့တဲ့ ဖြစ်​စဉ်​က ဓားထိုးခံရတဲ့ ​ကျောင်းသား ​မောင်​စိုးမိုးဟိန်းနဲ့ သူ့ရဲ့​​ကောင်​မ​လေးက တာရိုး​ပေါ်မှာချိန်း​တွေ​နေတဲ့အချိန်​ အမည်​မသိလူ​လေးဦး​ရောက်​လာပြီး အကူညီ​တောင်းချင်လို့ဟုပြောပြီး အမည်မသိသူထဲက တစ်ဦးမှ ပွေ့ဖက်၍ စိုးမိုးဟိန်းအား ဓားဖြင့် ဘယ်ဘက်ရင်ညွန့်အားထိုးသဖြင့် တောင်သမန်အင်းအတွင်းပြုတ်ကျခဲ့ပြီး ​လေးယောက်အုပ်စုထဲက လူတစ်ဦးကလည်း စိုးမိုးဟိန်း၏ဝဲဘက်တင်ပါးဆုံအားထပ်မံထိုးခဲ့သဖြင့် ​​မောင်​စိုးမိုးဟိန်းရဲ့ ​​ကောင်​မ​လေးဟာ ပတ်ဝန်းကျင်ကို ​အော်ဟစ်အကူအညီတောင်းရာ ၎င်းတို့မှာထွက်ပြေးသွားပြီး အနီးအနားကလူ​တွေက ​​အော်​ဟစ်​သံ​ကြောင့်​ လာ​ရောက်​ကူညီပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ည(၁၀)အချိန်မှာပဲ ရထားတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်​။ ” ​လော​လောဆက်​ ကျွန်​​တော်​​တို့က ရဲစခန်းသွားပြီး အမှုမှန်​သိ​အောင်​လုပ်​မယ်​ ၊ တရားခံ​တွေအမြန်​ဖမ်းမိဖို့လညပ်​မယ်​၊ ဖြစ်​တာက သူတို့ချိန်း​တွေတဲ့​နေရာမှာ အဲ့လူ​လေး​ယောက်​က ပိုက်​ဆံအိပ်​၀င်​လုပြီး…

Read More

ဟားခါးမြို့ အပူချိန် ရေခဲမှတ်အောက် ၃ ရက်ဆက်တိုက် ရောက်ရှိ

ဟားခါး ဒီဇင်ဘာ၂၆-၂၀၁၈ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် ဟားခါးမြို့ရဲ့ အပူချိန်တွေကို တိုင်းထွာ ထားချက်အရ အပူချိန် ရေခဲမှတ်အောက် ရောက်ရှိခဲ့တာ ဆိုရင် ၃ ရက်ဆက်တိုက် ရှိပြီလို့  ရုံးရဲ့ ထုတ်ပြန်ထားချက် အရ သိရပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနးခါးမြို့ရဲ့ အနိမ့်ဆုံး အပူချိန်တွေဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဆိုရင် ရေခဲမှတ်အောက် အနုတ် ၃ ဒီဂရီ ၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဆိုရင် ရေခဲမှတ်အောက် အနုတ် ၁ ဒီဂရီ နဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ကျော် အချိန်တိုင်းထွာချက်အရ ရေခဲမှတ်အောက် အနုတ် ၁ ဒီဂရီ အထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို ရေခဲမှတ်အောက် ရောက်ရှိနေတာကြောင့် ဟားခါးမြို့ကို သွားရောက်လိုသူတွေ…

Read More

အချစ်ရေးမှာ အတ္တကြီးရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်ဆိုတဲ့ ထွန်းထွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၅-၂၀၁၈ သင်းသဒ္ဒါ(VOM) အဆိုပိုင်းရော ၊ သရုပ်ဆောင်ပိုင်းပါ အားပေးမှုရထားတဲ့ အကယ်ဒမီ ထွန်းထွန်းကတော့ အချစ်ရေးမှာ တချို့ အတ္တကြီးရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်။ငယ်ငယ်တုန်းကတော့ ဂမူရှုးတိုးနဲ့ လုပ်ချင်တာ တွေ ဖြစ်ခဲ့ဘူးတယ်လို့ဆိုပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ “ကျွန်တော်တည်ဆောက်နေတဲ့ မိသားစု၊ အဖေအမေပဲဖြစ်ဖြစ် တချို့ အတ္တကြီး ရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်၊ အမေတို့ကလည်း ပြောတယ် ကိုယ့်ဘ၀ကိုယ်​တည်​ဆောက်ရမှာ၊နင်အဆင်ပြေတာ နင်လုပ်ရမှာလို့ ပြောတယ်၊ ကျွန်တော် အဆင်ပြေဖို့ပဲ ကျွန်တော် ကြိုးစားရမှာ၊ ဒါကြောင့် ကိုယ့်မိသားစုကိုပဲပိုပြီး ကျစ်ကျစ်လစ် လစ်ဖြစ်အောင် နေထိုင်ဖြစ်ပါတယ်”လို့ဆိုပါတယ်။ ထွန်းထွန်းရဲ့အသက် ၃၅ နှစ်ပြည့်မွေးနေ့မှာတော့ အိမ်မှာ ဘုန်းကြီးတွေကို ဆွမ်းကပ် ခဲ့တယ်လို့ သိရပါတယ်။ ညနေပိုင်းမှာလည်း အဖွေားတွေဆီသွားပြီး တွေ့ဆုံကန်တော့မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကြောက်ကြောက်ကြောက် ၂ ကိုရိုက်ကူးနေပြီးတော့ ၂၀၁၉ နှစ်ဆန်းပိုင်းမှာတော့ ပပ၀တီစီရင်ခန်း ရုပ်ရှင်ကားရိုက်ကူးသွားဖို့…

Read More

ပွဲတက်ဌားရင် Sexy ဘက်သွားတဲ့ ပုံတွေပဲဌားကြတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

ရန်ကုန် ဒီဇင်ဘာ ၂၅-၂၀၁၈ သင်းသဒ္ဒါ(VOM) Sexy ဖက်ရှင်တွေကြောင့် ပရိသတ်စိတ်ဝင်စားခြင်းခံရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ပွဲတက်ဌားရင် Sexy ဘက်သွားတဲ့ ပုံတွေပဲဌားကြတယ်လို့ ဆိုပါတယ်။ “သင်ဇာရဲ့ ဖက်ရှင်ဒီဇိုင်းကတော့ သူတို့ရဲ့ တောင်းဆိုမှုကြောင့်ပါ၊ အဖြူလေးကိုဝတ်ပေး ပါးပါးလေးဝတ်ပေး ပေါ့၊ အဲဒါကြောင့် ဒီလိုမျိုးလေးဝတ်ဖြစ်တာပါ၊ ဘယ်လိုဝတ်ပေးဆိုပြီးတော့ သူတို့လိုချင်တာကို ပြောပြလာတယ်၊ ကိုယ့်အဆင်ပြေရင်တော့ လက်ခံပြီး တက်ပေးတာပေါ့”လို့ ဆိုပါတယ်။ ၂၀၁၈မှာတော့ သင်ဇာဝင့်ကျော်အနေနဲ့ ရုပ်ရှင်ကားတွေလည်း အများကြီး ရိုက်ထားသလို ဆိုင်ပွဲတွေ ၊ကြော်ငြာတွေလည်း အများကြီး ရိုက်ကူးလာရတယ်လို့ သိရပါတယ်။သူမအတွက် ကံကောင်းတဲ့ နှစ်​တစ်နှစ်လို့ သိရပါတယ်။ ” ဘာပဲဖြစ်ဖြစ် သင်ဇာကိုခေါ်ပေးတာ ဖိတ်ပေးတာကို အများကြီး ကျေးဇူးတင်ပါ တယ်၊ သူတို့က သင်ဇာရဲ့ ထမင်းရှင်လို့လည်း ပြောလို့ရပါတယ်”လို့ ဆိုပါတယ်။ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ “၂၀၁၉ မှာတော့ ဖက်ရှင်ကို…

Read More

အင်ဒိုနီးရှား ဆူနာမီကြောင့် သေဆုံးသူ ၄၀၀ကျော်အထိမြင့်တက်လာ

ဂျကာတာ၊ ဒီဇင်ဘာ ၂၅-၂၀၁၈ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံမှာ အန်နက်ကရာကာတူမီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီဖြစ် ပွားပြီးနောက် သေဆုံးသူ အရေအတွက်ဟာ ၄၂၉ ဦးအထိတိုးမြင့်လာတယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီက ပြောပါတယ်။ ဒီဇင်ဘာ ၂၂ ရက်က ဆူမာတြားကျွန်းနဲ့ ဂျာဗားကျွန်းပေါ်ရှိ ကမ်းရိုးတန်းမြို့တွေကို ကြီးမားတဲ့ ဆူနာမီလှိုင်းတွေရိုတ်ခတ်ခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ပင်လယ်ကြမ်းပြင်မှာ မြေပြိုမှုများဖြစ်ပြီး အဆိုပါဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာတယ်လို့ ယူဆရပါတယ်။ လူပေါင်း ၁၄၅၉ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး ၁၅၀ ဦးပျောက်ဆုံးနေဆဲဖြစ်ကာ လူဦးရေ ၁၆၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပါဝိုနျူ ဂရိုဟို ကပြောပါတယ်။ လက်ရှိမှာ ဆူနာမီဒါဏ်အဓိက ခံလိုက်ရတဲ့ ဒေသတွေမှာ လမ်းတွေပိတ်ဆို့နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေပြီး ပိတ်မိနေသူတွေကိုရှာဖွေဖို့အတွက် အကြီးစား ကယ်ဆယ်ရေးကိရိယာတွေ ပို့ဆောင်လျက်ရှိပါတယ်။ အဆိုပါဒေသမှာ နောက်ထပ်ဆူနာမီလှိုင်းတွေဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပြီး…

Read More

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်​ဦး ​သေနတ်​ပစ်​ခံရပြီး​သေဆုံး

မြေပုံ၊ ဒီဇင်ဘာ ၂၅-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကြာအင်းတောင်ကျေးရွာက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးခင်သန်းမောင်ဟာ မနေ့ညက သေနတ်နဲ့ပစ်သတ်ခံလိုက်ရပြီး သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူဦးခင်သန်းမောင်ဟာ မနေ့ညနေက မိမိနေအိမ်မှာ တစ်ဦးတည်းအိမ်စောင့်လျက် ဘောလုံးပွဲထိုင်ကြည့်နေစဉ် ပစ်ခတ်ခံလိုက်ရတာဖြစ်ပါတယ်။ “ဘယ်သူတွေပစ်သတ်ခဲ့တယ်ဆိုတာတော့ မသိဘူးဗျ ၊ ကျွန်တော်လည်း မနေ့က ရွာမှာဘိုးဘွားရိပ်သာဖွင့်ပွဲမှာ ဇာတ်ပွဲကိုရောက်နေတယ်၊ အခုလိုသေဆုံးနေတယ်ဆိုတာကို အကြောင်းကြားတော့မှ သိရတာ၊ ကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့ ၁၀ နာရီ ၁၀မိနစ်လောက်ရှိပါပြီ သူသေဆုံးနေပါပြီ ”လို့ ကြာအင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ခင်ရွှေက ပြောပါတယ်။ ပြီးခဲ့တဲ့ညက အခင်းဖြစ်ပွားချိန်မှာ ကျေးရွာအပြင်ဘက် နှစ်ဖာလုံခန့်အကွာမှာ ဇာတ်ပွဲကလျက်ရှိနေပြီး ရွာလုံးကျွတ်ဇာတ်ပွဲ ကြည့်ရန်ရောက်ရှိနေပြီးတော့ သေဆုံးသူရဲ့မိသားစုတွေလည်း အဲဒီပွဲခင်းထဲကိုရောက်ရှိနေကြတာဖြစ်ပါတယ်။ “အစကတော့ ကျွန်တော်တို့က ဘာကြောင့်သေနေတယ်ဆိုတာကိမသိဘူး၊ ရဲတွေရောက်လာတော့မှ သူ့ကိုသေနတ်နဲ့ပစ် သတ်သွားတယ်ဆိုတာသိရတာပါ၊ သူသေနေတဲ့နေရာအနားကနေ ကျည်ခွံတစ်ခံနဲ့ ကျည်ဖူးတစ်ခုကို…

Read More

ဒေသတည်ငြိမ်နေပြီဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေကို ရွာပြန်ခိုင်း

ကျောက်တော်၊ ဒီဇင်ဘာ ၂၅-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာ လေးရွာကို စစ်ဘေးရှောင်ပေါင်း ၁၀၀၀ ကျော်ရောက်ရှိနေတာ ဖြစ်ပါတယ်။ အဲဒီစစ်ဘေးရှောင်းကျေးရွာသားတွေကို ဒေသတည်ငြိမ်နေပြီဖြစ်တဲ့အတွက် မိမိတို့ရဲ့ကျေးရွာတွေဆီကို ပြန်သွားကြဖို့ ဒီဇင်ဘာ ၂၄ ရက်နေ့က သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က လာပြောသွားတယ်လို့ ကန်ဇောက်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။ “လောလောဆယ်မှာ တိုက်ပွဲတွေမဖြစ်တော့ဘူး။ အေးဆေးနေပြီ ရွာတွေကိုပြန်နေလို့ရပြီဆိုပြီးတော့ စစ်ဘေးရှောင်တွေကို ရွာပြကြဖို့ မနေ့ကလာပြောပါတယ်၊ကန်ဇောက်မှာရှိတဲ့ စစ်တပ်ကလာပြောသွားတာပါ ”လို့ ကန်ဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသင်္ခါကျော်က ပြောပါတယ်။ လက်ရှိမှာတော့ ယိုချောင်းဖျားဒေသ ကန်ဇောက်ကျေးရွာအထက်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေဖြစ်တဲ့ သလူချောင်းနဲ့ ငစရိုင်းကိုင်းကျေးရွာတွေက စစ်ဘေးရှောင်တွေကို အကူအညီသွားပေးတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို သွားလာခွင့်ပိတ်ပင် ထားသေးတာဖြစ်ပါတယ်။ “စစ်ဘေးရှောင်တွေကို ရွာပြန်ခိုင်းနေတယ်ဆိုပေမယ့် အထက်ပိုင်းက ရွာတွေကိုတော့ ရိက္ခာပို့တဲ့အဖွဲ့တွေ သွားလာခွင့် မပေးသေးဘူး၊ စစ်ဘေးရှောင်တွေလည်း မနေ့ကအထိ ကျွန်တော်တို့ရွာကို ရောက်လာနေတုန်းပါပဲ၊ မနေ့က အိမ်ထောင်စု…

Read More
VOM News

FREE
VIEW