ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာက ပေါ်တာဆွဲခံရသူတွေ ပြန်လည်ရောက်ရှိ

ဘူးသီးတောင်၊ ဒီဇင်ဘာ ၂၇-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာသား ၁၁ ဦးကို ဒီကနေ့မနက်ပိုင်း ၈ နာရီခွဲလောက်မှာ တပ်မတော်စစ်ကြောင်းက ပေါ်တာဆွဲသွားခဲ့ပြီး ညနေ ၃ နာရီလောက်မှာ ပြန်လည်လွှတ်ပေးလိုက်တဲ့အတွက် ကျေးရွာကိုပြန်လည်ရောက်ရှိလာခဲ့ကြပြီဖြစ်ပါတယ်။ အဲဒီကျေးရွာသားတွေဟာ ဒီကနေ့မနက်ပိုင်းက သူတို့ရဲ့လယ်ထဲမှာ စပါးရိတ်၊ တလင်းသိမ်းလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့အချိန်မှာ သပြေဆိပ်ဘက်ကမ်းကနေ ကူးလာတဲ့တပ်မတော်စစ်ကြောင်းက ပေါ်တာဆွဲသွားတာဖြစ်ပါတယ်လို့ စည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “ကျွန်တော်တို့ရွာသား ၁၁ယောက်ကို မနက် ၈ နာရီခွဲလောက်မှာ ပေါ်တာဆွဲသွားတယ်၊ ပြီးတော့ ရေကောင်းချောင်းဘက်ကို ခေါ်သွားတယ်၊ အဲဒီဘက်မှာတိုက်ပွဲတွေဖြစ်နေတယ်၊ သူတို့ကစစ်ကူသွားတာနဲ့တူတယ်၊ အဲဒီလူတွေကို လူသားဒိုင်းအဖြစ် ခေါ်သွားတာဖြစ်နိုင်တယ် ”လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်က ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့ကညနေပိုင်းမှာ စစ်တွေ-ဘူးသီးတောင် ကားလမ်းမအတိုင်းထွက်လာခဲ့တဲ့အချိန် ရေကောင်းချာင်းကျေးရွာအနီး ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့တာကြောင့် သပြေဆိပ်ကျေးရွာမှာ ညအိပ်ခဲ့တာဖြစ်ပါတယ်။ “မနေ့က ညနေပိုင်းစစ်ကြောင်းလာတဲ့အချိမှာ ဗုံးသုံးလုံးပေါက်တယ်၊…

Read More

အသံထက်မြန်တဲ့ နျူဒုံးပျံသစ် ၂၀၁၉ ခုနှစ်မှာ ဖြန့်ကြက်ချထားတော့မယ့် ရုရှား

မော်စကို၊ ဒီဇင်ဘာ ၂၇-၂၀၁၈ မျိုးဆက် (VOM) နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်ပြီး အသံထက်မြန်တဲ့  ရုရှားရဲ့ ပထမဆုံးဒုံးပျံကို နိုင်ငံအတွင်းမှာ ၂၀၁၉ ခုနှစ်မှာစပြီး ဖြန့်ကြက်ချထားတော့မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂၆ ရက်ကပြောပါတယ်။ Avangard လို့အမည်ရတဲ့ အဆိုပါ ဒုံးပျံတွေဟာ  ဒုံးပျံကာကွယ်ရေး စနစ်တွေကို ရှောင်ရှားဖို့အတွက် ပိုမိုမြင့်မားတဲ့ အမြင့်ကနေ လျင်မြန်စွာ ပျံသန်းနိုင်ဖို့ ဒီဇိုင်းဆွဲထုတ်လုပ်ထားပြီး စမ်းသပ်မှုအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ပူတင်က ဆိုပါတယ်။ အသံထက်မြန်တဲ့ နျူကလီးထိပ်ဖူးတပ် ဒုံးပျံကို ရုရှားနိုင်ငံ အနောက်တောင်ပိုင်းမှာ ပစ်လွှတ်စမ်းသပ်ခဲ့ပြီး နိုင်ငံအရှေ့ပိုင်းရှိ ပစ်မှတ်တစ်ခုကို ထိမှန်ဖျက်ဆီးနိုင်ခဲ့ကာ နည်းပညာဆိုင်ရာသတ်မှတ်ချက်တွေကိုလည်း စစ်ဆေးအတည်ပြုနိုင်ခဲ့တယ်လို့  ရုရှားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ လာမယ့် ၂၀၁၉ ခုနှစ်မှစပြီး ရုရှားတပ်ဖွဲ့ဝင်တွေအနေနဲ့ ကမ္ဘာ့တိုက်ကြီးတွေအထိရောက်ရှိနိုင်တဲ့ မဟာဗျူဟာမြောက် Avangard ဒုံးပျံကိုအသုံးပြုနိုင်တော့မယ်လို့ ပူတင်က ပြောပါတယ်။ ရုရှားနိုင်ငံက ဒုံးပျံစနစ်သစ်ကို…

Read More

ယိုးချောင်းအထက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေ

ကျောက်တော်၊ ဒီဇင်ဘာ ၂၇-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသမှာ ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ယိုးချောင်းအထက်ပိုင်းမှာရှိတဲ့ သလူချောင်းကျေးရွာနဲ့ ပညာဝကျေးရွာအကြားမှာရှိတဲ့ မြာတောင်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တိုက်ပွဲက မနက် ၅ နာရီခွဲလောက်မှာ စဖြစ်ပါတယ်၊ ပစ်ခတ်သံတွေကြားရတယ်၊ လက်နက်ကြီးသံတွေလည်း ကြားရပါတယ် ”လို့ ကန်ဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဲဒီနယ်မြေအတွင်း အခုလ ပထမအပါတ်ကနေ မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီး ကျေးရွာတချို့က ဒေသခံတွေဟာ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သလူချောင်းနဲ့ ပညာဝကျေးရွာတွေမှာ ရွာသားတွေထွက်ပြေးသွားခဲ့ကြပေမယ့် သူတို့ရဲ့ကျွဲနွားတွေကို စောင့်ရှောက်ပြီးရှိနေတဲ့ ကျေးရွာသားတချို့ ကျန်ရှိနေတာဖြစ်ပါတယ်။ “အထက်ပိုင်းမှာတော့ ကျေးရွာ ၁၇ လောက်ရှိပါတယ်၊ အခုတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရိက္ခာတွေသယ်ယူခွင့်မပြုတော့ စားရေးသောက်ရေးအခက်အခဲတွေဖြစ်နေတယ်၊ ထပ်ပြီးတိုက်ပွဲတွေဆက်ဖြစ်နေရင်တော့ အဲဒီရွာသားတွေ…

Read More

ထိုင်ဝမ်မှာ ဗီယက်နမ် နိုင်ငံသား ၁၅၂ ဦးပျောက်ဆုံးနေ

ထိုင်ဝမ်၊ ဒီဇင်ဘာ ၂၇-၂၀၁၈ မျိုးဆက် (VOM) ထိုင်ဝမ်သို့ အလည်အပတ်ဗီဇာနဲ့ လွန်ခဲ့တဲ့ သီတင်းပတ်က ရောက်ရှိခဲ့တဲ့ ဗီယက်နမ်နိုင်ငံသား ၁၅၂ ဦးဟာ လက်ရှိမှာ ပျောက်ဆုံးနေကြပြီး ထိုင်ဝမ်အာဏာပိုင်များက ရှာဖွေလျှက်ရှိပါတယ်။ ၎င်းတို့ဟာ ဒီဇင်ဘာ ၂၁ ရက် နဲ့ ၂၃ ရက်တို့မှာ  နိုင်ငံတောင်ပိုင်းရှိ ကာရှန်မြို့ကို  ရောက်ရှိခဲ့ကြတာဖြစ်ပြီး ၎င်းတို့အထဲက လူတစ်ဦးမှလွဲပြီး ကျန်လူတွေကို မတွေ့သေးဘူးလို့  တာဝန်ရှိသူများက ပြောပါတယ်။ အဆိုပါဗီယက်နမ်နိုင်ငံသားတွေဟာ ထိုင်ဝမ်မှာ တရားမ၀င်အလုပ်လုပ်ကိုင်ဖို့ ရည်ရွယ်ထားဖွယ်ရှိတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။  ထိုင်ဝမ်ဟာ  ခရီးသွားလုပ်ငန်းတိုးမြှင့်ဖို့အတွက် ဗီယက်နမ်နိုင်ငံအပါအ၀င် အာရှနိုင်ငံက ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပါတယ်။ ၂၀၁၅ ခုနှစ်က  ဗီဇာအစီအစဉ်သစ်စတင်ပြီးနောက်ပိုင်း ခရီးသွားအများဆုံးပျောက်ဆုံးမှုဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ပုန်းအောင်းနေတဲ့ အဆိုပါ ခရီးသွားအဖွဲ့ကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ခု ဖွဲ့စည်းထားကြောင်း ထိုင်ဝမ် လူဝင်မှုကြီးကြပ်ရေး ဌာနက…

Read More

ရွှေကျွန်းသာ အပန်းဖြေစခန်းကို အခုလ ၃၁ ရက်နေ့ ဖွင့်လှစ်မည်

  ကျောက်မြောင်း ဒီဇင်ဘာ ၂၇-၂၀၁၈ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ကျောက်မြောင်းမြို့နယ် ဆယ်ပင်ကျွန်းကျေးရွာအတွင်း ဧရာဝတီမြစ်လယ် ကျွန်းပေါ်မှာ ပြုလုပ်ထားတဲ့ ရွှေကျွန်းသာ အပန်းဖြေစခန်းကို ယခုလ ၃၁ ရက်နေ့ ကစတင်ပြီး ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးခရီးသွားဖွံ့ဖြိုးရေးကော်မတီ ကပြောပါတယ်။ အဲ့ဒီ ရွှေကျွန်းသာ အပန်းဖြေစခန်းတွင်သဘာဝ သဲသောင်ပြင်ပေါ်မှာ ဒေသခံ ပညာရှင်များ ပြုလုပ်ဖန်တီးထားတဲ့သဲပန်းပု၊ ရေပေါ်စက်ဘီး၊ မြင်းစီး စတဲ့ အပန်းဖြေစရာများ ပြုလုပ်ဆောင်ရွက်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးခရီးသွားဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင် ဦးမင်းထင်ကပြောပါတယ်။ ရွှေကျွန်းသာ အပန်းဖြေစခန်းကို မြေနုကျွန်း၅ဧကခန့်  တည်ဆောက်ထားတာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးစဥ့်ကူးမြို့ နဲ့ စစ်ကိုင်းတိုင်းဒေသကြီးကျောက်မြောင်းမြို့ကြား ဧရာဝတီမြစ်လယ်က ကျွန်းပေါ်မှာပြုလုပ်ထားတာဖြစ်ပြီး စဥ့်ကူးမြို့ကနေ  ကူးတို့မော်တော်နဲ့၊ကျောက်မြောင်းမြကနေ ကူးတို့မော်တော်တို့နဲ့ လာရောက်နိုင်တယ်လို့သိရပါတယ်။ #voiceofmyanmar#ရွှေကျွန်းသာအပန်းဖြေစခန်း#အခုလ၃၁ရက်နေ့ဖွင့်လှစ်မည်#

Read More

ဖေ့စ်ဘွတ်ခ် မသုံးတော့ဘူးဆိုတဲ့ ရဲရင့်အောင်

ရန်ကုန် ဒီဇင်ဘာ ၂၇-၂၀၁၈ သင်းသဒ္ဒါ(VOM) ဂီတပိုင်းမှာတော့ လူငယ်ပရိသတ်တွေရဲ့ အသည်းစွဲ အဆိုတော်ရဲရင့်အောင်ကတော့ facebook မသုံးတော့ဘူး လို့ ဆိုပါတယ်။ “ကျွန်တော်တို့ မနက်မိုးလင်းရင် တခြားအလုပ်တွေမစဉ်းစားပဲနဲ့ ဒီfacebook ကိုပဲ ဖွင့်နေတယ်၊ ဒီလိုသုံးနေလို့ ကျွန်တော်အတွက် အကျိုးမရှိဘူး၊ facebook ပေါ်မှာ တွေ့လိုက်တဲ့ စကားလုံးတွေဖြစ်စဉ်တွေက အနိဋ္ဌာရုံရယ် အားလုံး အနုတ်လက္ခဏာ သွားနေတာများတယ်၊ အဲဒါကို နေ့တိုင်းကြည့်နေချင်အားဖြင့် ကျွန်တော် မသိစိတ်က တဖြေးဖြေး အနုတ်လက္ခဏာဘက်သွားတယ်လို့ ခံစားလာရတယ်၊ ဖုန်းထဲက ဖျက်လိုက်တာပါ”လို့ ဆိုပါတယ်။ ရဲရင့်အောင်ကတော့ ”Jin Party” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ရန်အောင် ၊လူမင်း၊ မင်းမော်ကွန်း၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်၊ ယဉ်လက်၊ ရွှေအိမ်စည် ၊Bella ၊ခင်လှိုင် ၊ကိုပေါက် စတဲ့ အနုပညာရှင်တွေပါဝင် သရုပ်ဆောင်မယ်လို့ သိရပါတယ်၊ သူကတော့ တစ်ကိုယ်တော်သီချင်းခွေမထွက်တာ ၄…

Read More

အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲ နောက်ထပ်သုံးလရွှေ့ဆိုင်း

ကဘူး၊ ဒီဇင်ဘာ ၂၇-၂၀၁၈ မျိုးဆက် (VOM) လာမယ့်နှစ်မှာ ကျင်းပမယ့် အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲကို နောက်ထပ်သုံးလ ရွှေ့ဆိုင်းလိုက်တယ်လို့ အာဖဂန်ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။ သမ္မတရွေးကောက်ပွဲကို ကနဦးက ဧပြီလမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့်  ရွေးကောက်ပွဲကျင်းပဖို့ကို  ဇူလိုင်လလယ် သို့မဟုတ် သြဂုတ်လ အစောပိုင်းအထိ ရွှေ့ဆိုင်းလိုက်တယ်လို့ ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို သမ္မတထရန့်က ရုပ်သိမ်းသွားမယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် အာဖဂန်သမ္မတရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကို ရွှေ့ဆိုင်းလိုက်ခြင်းလည်းဖြစ်ပါတယ်။ အာဖဂန်မှာ အကြမ်းဖျဉ်အားဖြင့် ထက်ဝက်ခန့်ကျန်ရှိနေသေးတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၇၀၀၀ကို လအနည်းငယ်အတွင်း ရုပ်သိမ်းသွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အောက်တိုဘာလက ကျင်းပခဲ့တဲ့ အာဖဂန်ပါလီမန်ရွေးကောက်ပွဲတွေမှာ  တာလီဘန်နဲ့ အိုင်အက်စ်အဖွဲ့တွေက နှောက်ယှက်ခဲ့တာကြောင့်  ပြသနာအတော်များများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး  သမ္မတရွေးကောက်ပွဲကိုလည်း ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။…

Read More

လူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်အကောင်အထည်ဖော်ဆောင်ရေး ညှိနှိုင်းဆွေးနွေးမှုပြုလုပ်

စစ်တွေ၊ ဒီဇင်ဘာ ၂၆-၂၀၁၈ ခိုင်လင်းစံ (VOM) ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးက လူငယ်တွေပါဝင်ပြီး လူငယ်ရေးရာမူဝါဒတစ်ရပ် ချမှတ်အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွေကို ပြုလုပ်လျှက်ရှိနေပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲက လူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်ဆောင်ရေး မူကြမ်းကိုချမှတ်လိုက်တာဖြစ်ပါတယ်။ “နိုဝင်ဘာလ ၁၄-၁၅မှာ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကနေပြီးတော့ မူဝါဒတစ်ရပ်ကိုချမှတ်နိုင်ခဲ့ပါတယ်၊ အခုဒီမှာပြုလုပ်တဲ့ဆွေးနွေးပွဲက အဲဒီမူကြမ်းမှာပါတဲ့အချက်တွေကို ပြည်နယ်အဆင့်ကော်မတီတွေကို ချပြတာဖြစ်ပါတယ်၊ နောက်တစ်ခုက ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အခက်အခဲတွေ၊ ပြဿနာတွေ၊ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ထည့်သွင်းမယ့်အချက်တွေကို ဆွေးနွေးနေတာဖြစ်ပါတယ် ”လို့ ရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုစောကလျာထွန်းက ပြောပါတယ်။ ဒါ့အပြင် အဲဒီဆွေးနွေးပွဲမှာ ပြည်ထောင်စုအဆင့်ကချမှတ်လိုက်တဲ့ မူကြမ်းမှာပါဝင်တဲ့အချက်တွေကို ရခိုင်ပြည်နယ် အတွင်းက ဌာနဆိုင်ရာတွေအနေနဲ့လည်း အကူအညီပေးနိုင်ရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ “ဒီမူဝါဒနဲ့ပတ်သက်လို့ ကျွန်မတို့ ပြည်နယ်အဆင့်မှာဆွေးနွေးတာကတော့ အခုဆိုရင် တတိယအကြိမ်ပေါ့နော်၊ အခု…

Read More

ပရီးမီးယားလိဂ်ကို ဦးဆောင်ဖို့ လီဗာပူးအသင်းမှာ ဖိအားမရှိဘူးလို့ နည်းပြဂျာဂျင်ကလော့ဆို

လန်ဒန်၊ ဒီဇင်ဘာ ၂၆-၂၀၁၈ ရန်နိုင်ထွန်း (VOM) ပရီးမီးယားလိဂ် ရာသီတစ်ဝက် ​​ကုန်ဆုံးတော့မယ့်အချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်ဖို့အတွက် လီဗာပူးအသင်းမှာ ဖိအားမရှိဘူးလို့ နည်းပြဖြစ်သူ ဂျာဂျင်ကလော့က ဖွင့်ဟပြောဆိုလိုက်ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာတော့ အနီးဆုံးပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းထက် လေးမှတ်အသာရရှိပြီး ရှုံးပွဲမရှိစံချိန်နဲ့ လီဗာပူးအသင်းက ရာသီဝက်ကို ဦးဆောင်နေတာဖြစ်ပါတယ်။ မိမိတို့အနေနဲ့ အမှတ်အနည်းငယ်ဖြင့်သာ အမှတ်ပေးဇယားကိုဦးဆောင်နေတာဖြစ်တဲ့ အတွက် အောင်ပွဲခံဦးမှာမဟုတ်သလို ဒီရလဒ်အပေါ် ကျေနပ်နေမှာ မဟုတ်ဘူးလို့ နည်းပြ ဂျာဂျင်ကလော့က ဆိုပါတယ်။ လီဗာပူးအသင်းဟာ ယခုရာသီမှာ သိသိသာသာနဲ့ အကောင်းဆုံးကစားသွားနိုင်ခဲ့ပြီး လွန်ခဲ့တဲ့နှစ် ဒုတိယရာသီဝက်ကထက်ပိုကောင်းဖို့အတွက် ယခုရလဒ်တွေက အထောက်အကူဖြစ်စေတယ်လို့ ၎င်းက ပြောပါတယ်။ လွန်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၁၀ ရာသီမှာတော့ ခရစ်စမတ်ကာလမှ အမှတ်ပေးဇယား ကိုဦးဆောင်နိုင်တဲ့အသင်းဟာ ရာသီကုန်မှာ ချန်ပီယံဖြစ်သွားတဲ့ သာဓကတွေရှိနေခဲ့ပါတယ်။ ဒုတိယ ရာသီဝက်မှာ ပွဲပေါင်း ၂၀ ကစားရဦးမှာဖြစ်လို့ ယခုရလဒ်အပေါ်မှာ…

Read More
VOM News

FREE
VIEW