ထိုင်ဝမ်မှာ ဗီယက်နမ် နိုင်ငံသား ၁၅၂ ဦးပျောက်ဆုံးနေ

ထိုင်ဝမ်၊ ဒီဇင်ဘာ ၂၇-၂၀၁၈

မျိုးဆက် (VOM)

ထိုင်ဝမ်သို့ အလည်အပတ်ဗီဇာနဲ့ လွန်ခဲ့တဲ့ သီတင်းပတ်က ရောက်ရှိခဲ့တဲ့ ဗီယက်နမ်နိုင်ငံသား ၁၅၂ ဦးဟာ လက်ရှိမှာ ပျောက်ဆုံးနေကြပြီး ထိုင်ဝမ်အာဏာပိုင်များက ရှာဖွေလျှက်ရှိပါတယ်။

၎င်းတို့ဟာ ဒီဇင်ဘာ ၂၁ ရက် နဲ့ ၂၃ ရက်တို့မှာ  နိုင်ငံတောင်ပိုင်းရှိ ကာရှန်မြို့ကို  ရောက်ရှိခဲ့ကြတာဖြစ်ပြီး ၎င်းတို့အထဲက လူတစ်ဦးမှလွဲပြီး ကျန်လူတွေကို မတွေ့သေးဘူးလို့  တာဝန်ရှိသူများက ပြောပါတယ်။

အဆိုပါဗီယက်နမ်နိုင်ငံသားတွေဟာ ထိုင်ဝမ်မှာ တရားမ၀င်အလုပ်လုပ်ကိုင်ဖို့ ရည်ရွယ်ထားဖွယ်ရှိတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။  ထိုင်ဝမ်ဟာ  ခရီးသွားလုပ်ငန်းတိုးမြှင့်ဖို့အတွက် ဗီယက်နမ်နိုင်ငံအပါအ၀င် အာရှနိုင်ငံက ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပါတယ်။

၂၀၁၅ ခုနှစ်က  ဗီဇာအစီအစဉ်သစ်စတင်ပြီးနောက်ပိုင်း ခရီးသွားအများဆုံးပျောက်ဆုံးမှုဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ပုန်းအောင်းနေတဲ့ အဆိုပါ ခရီးသွားအဖွဲ့ကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ခု ဖွဲ့စည်းထားကြောင်း ထိုင်ဝမ် လူဝင်မှုကြီးကြပ်ရေး ဌာနက ပြောဆိုပါတယ်။

တကယ်လို့ ၎င်းတို့ကိုဖမ်းမိပါက ထိုင်ဝမ်းက ပြည်နှင်ဒါဏ်ပေးမှာဖြစ်ပြီး သုံးနှစ်မှ ငါးနှစ်အထိ နိုင်ငံအတွင်း လာရောက်ခွင့် ပိတ်ပင်ခံရမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနက ပြောပါတယ်။

#voiceofmyanmar#ဗီယက်နမ်နိုင်ငံသား#၁၅၂ဦးပျောက်ဆုံးနေ#

Ref: UPI/ BBC

Photo : Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW