မူးယစ်ဆေးဝါးသုံးစွဲလို့ မလေးရှားကာကွယ်ရေးဝန်ကြီးရဲ့သား အဖမ်းခံရ

ကွာလာလမ်ပူ၊ ဇန်န၀ါရီ-၆-၂၀၁၈

မျိုးဆက် (VOM)

မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ဖျော်ဖြေရေးနေရာတစ်ခုကို ဇန်န၀ါရီ ၅ ရက်မှာ ရဲတပ်ဖွဲ့က ၀င်ရောက်စီးနှင်းရာ အဖမ်းခံရတဲ့ အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ မလေးရှားကာကွယ်ရေးဝန်ကြီး မိုဟာမက်ဆာဘူ ရဲ့ သားဖြစ်တယ်လို့ သိရပါတယ်။

၎င်းတို့ကိုဖမ်းဆီးချိန်မှာ ကာကွယ်ရေးဝန်ကြီးရဲ့ အသက် ၃၁ အနှစ်အရွယ်သားဖြစ်သူဟာ အသက် ၃၃ နှစ်အရွယ် အခြားအမျိုးသားတစ်ဦးနှင့်အတူရှိနေပြီး ဆေးခြောက်သုံးစွဲထားကြပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စီးနင်းမှုမှာ သားဖြစ်သူ အဖမ်းခံခဲ့ရကြောင်း မလေးရှားကာကွယ်ရေ၀န်ကြီး မိုဟာမက်ဆာဘူက ကြေညာချက်တစ်ရပ်မှာ အတည်ပြုပြောဆိုပါတယ်။

သားဖြစ်သူ ထိန်းသိမ်းခံရပြီးနောက် ၎င်းနဲ့ မိသားစုတို့ဟာ တာဝန်ရှိသူတွေထံသွားရောက်ပြီး တည်ဆဲဥပဒေများအတိုင်းအရေးယူဖို့ ပြောဆိုခဲ့ကြောင်း၊ သားဖြစ်သူဟာ အခြားသူများကဲ့သို့ပင် နိုင်ငံရဲ့ ဥပဒေ အရ ပြစ်ဒါဏ်စီရင်ခံရမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဆာဘူက ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စီးနင်းမှုအားလုံးမှာတော့ အမျိုးသမီး ၅၅ ဦးနဲ့ အမျိုးသား ၄၆ ဦး စုစုပေါင်း လူ၁၀၁ ဦးကိုဖမ်းဆီးခဲ့တယ်မြို့တော်ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲက အတည်ပြုပြောဆိုပါတယ်။

Ref : CNA Photo :Mediacorp

#Voiceofmyanmar #မလေးရှားကာကွယ်ရေးဝန်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW