မန္တလေး၊ ဇန်နဝါရီ ၂၄-၂၀၁၉
ဟိန်းကို(VOM)
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲက ဝန်ကြီးတွေနဲ့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုကို ဒီကနေ့ မနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။
“မန္တလေးတိုင်းဝန်ကြီးချုပ် က တက်နိုင်တဲ့ဘက်က ဖမ်းဆီးခံထားရတဲ့ကျောင်းသားတွေရဲ့ အမှုတွေကို ဖြေလျှော့ပေးသွားမှာဖြစ်ပြီး မန္တလေးတိုင်းအတွင်းက ကျောင်းသားတွေအသတ်ခံရတဲ့ အမှုတွေကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေတယ်လို့” တွေ့ဆုံမှုမှာ ပါဝင်တဲ့
ပခုက္ကူ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုသက်မောင်မောင်က ပြောပါတယ်။
တွေ့ဆုံမှုမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း နှင့် အခြားသောသက်ဆိုင်ရာဝန်ကြီး များနဲ့ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်(၃)ဦး တို့တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံမှုမှာ ဝန်ကြီးချုပ်ပေးခဲ့တဲ့ ကတိကဝတ်တွေကိုလည်း တကယ်ကြိုးစားပေးပါလို့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေက ပြောပါတယ်။
#voiceofmyanmar#မန္တလေး#ဝန်ကြီးအဖွဲ့နဲ့ကျောင်းသားသမဂ္ဂတို့တွေ့ဆုံ