ပင်နယ်တီလုကန်ပြီး ဂိုးမဝင်​​တဲ့ တိုက်စစ်မှူး ကာမာရာကို သတ်ချင်စိတ်ပေါက်ခဲ့ဟု ဖူဟမ်နည်းပြရေနီယာရီဆို

လန်ဒန်၊ ဇန်နဝါရီ ၁-၂၀၁၈ ရန်နိုင်ထွန်း (VOM) ပင်နယ်တီကန်သွင်းခွင့်ကို အသင်းဖော်ဖြစ်သူ တိုက်စစ်မှူး မီထရိုဗစ်ထံကနေ ဘောလုံးလူယူကန်သွင်းပြီး ဂိုးဝင်အောင် မကန်နိုင်ခဲ့တဲ့ ဖူဟမ်အသင်းတိုက်စစ်မှူး ကာမာရာကို သတ်ချင်စိတ်ပေါက်ခဲ့တယ်လို့ အသင်းနည်းပြ ရေနီယာရီက ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ဖူဟမ်အသင်းဟာ ဟတ်ဒါစဖီးလ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ပွဲချိန် ၈၂ မိနစ်အထိ သရေရလဒ်ဖြစ်နေချိန် ဖူဟမ်အသင်းက ပင်နယ်တီကန်ခွင့်ရရှိခဲ့ရာ ပင်နယ်တီကန်ခွင့်ရရှိထားတဲ့ တိုက်စစ်မှူး မီထရိုဗစ်ထံကနေ ကာမာရာက ဘောလုံးလုယူပြီး ကန်သွင်းရာမှာ ပင်နယ်တီမဝင်ဘဲ ဟတ်ဒါစဖီးလ်အသင်း ဂိုးသမားက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မီထရိုဗစ်ကိုပင်နယ်တီ ပေးကန်ဖို့ ပြောနေတဲ့ကြားက လုကန်သည့် ကာမာရာကို သတ်ပစ်ချင်လောက်အောင်ဒေါသ ဖြစ်ရကြောင်းနဲ့ နည်းပြ၊ အသင်းနဲ့ ပရိတ်သတ်တွေကို စော်ကားလိုက်တာဖြစ်တယ်လို့ ဖူဟမ်နည်းပြ ရေနီယာရီက ပြောဆိုလိုက်ပါတယ်။ အဆိုပါပွဲမှာတော့ တိုက်စစ်မှူး မီထရိုဗစ်ရဲ့ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ နောက်ကျဂိုးနဲ့ ဖူဟမ်အသင်းက ဟတ်ဒါစဖီးလ်အသင်းကို…

Read More

ထိုင်းနိုင်ငံ နှစ်သစ်ကူးညမှာ အမျိုးသားတစ်ဦးက မိသားစုဝင်ခြောက်ဦးကို သေနတ်နဲ့ပစ်သတ်

ဗန်ကောက်၊ ဇန်န၀ါရီ ၁-၂၀၁၉ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးညက ပါတီပွဲကျင်းပနေချိန်မှာ ကလေးငယ်နှစ်ဦးအပါအ၀င် မိသားစုဝင်ခြောက်ဦးကို ထိုင်းအမျိုးသားတစ်ဦးက လိုင်စင်နဲ့ ကိုင်ဆောင်ထားတဲ့ သေနတ်နဲ့ ပစ်သတ်ပြီးနောက် ကိုယ့်ကိုကိုယ်လည်း သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဇန်န၀ါရီ ၁ ရက်က ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်သူ ဆူချီဆွန်ဆောင်ဟာ ချွန်ဖန်ပြည်နယ် တောင်ပိုင်းမှာ ဇနီးသည်ရဲ့ မိသားစုနဲ့ နှစ်သစ်ကူးပွဲပြုလုပ်ခဲ့တာဖြစ်ပြီး ၎င်းကို ဇနီးရဲ့မိသားစုက မကြည်ဖြူတဲ့ ပုံစံနဲ့ ဆက်ဆံခဲ့တာကြောင့် ညသန်းခေါင်ယံရောက်ပြီး ဆယ်မိနစ်အလွန်မှာ ယင်းသို့ အစုလိုက်အပြုံလိုက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ ဆူချီဟာ နှစ်သစ်ကူးပွဲကျင်းပရာနေရရှိ စားပွဲခုံထဲက ၎င်းရဲ့ ပစ္စတိုကိုယူဆောင်ချိန်မှာတော့ အရက်အလွန်အကျွုံသောက်သုံးထားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သေဆုံးသူအားလုံးမှာ ၎င်းရဲ့ မိသားစုဝင်တွေဖြစ်ပြီး ကိုးနှစ်အရွယ် သားဖြစ်သူနဲ့ ခြောက်နှစ်အရွယ်သမီးဖြစ်သူတို့လည်း ပါဝင်တယ်လို့ ဖာတိုခရိုင်ရဲတပ်ဖွဲ့ ဒုဗိုလ်မှူးကြီး လာ့ခန်ပါပန်က ပြောပါတယ်။ ဆူချီဟာ…

Read More

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ မရုပ်သိမ်းရင် နျူကလီးယားစွန့်လွှတ်ရေး သဘောထားပြောင်းမယ်လို့ ကင်ဂျုံအန်သတိပေး

ပြုံးယမ်း၊ ဇန်န၀ါရီ ၁-၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယားက နျူကလီးယားစွန့်လွှတ်ရေး ကတိပြုထားပေမယ့်လည်း အမေရိကန်က ၎င်းရဲ့ အရေးယူပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိနေမယ်ဆိုရင် နျူကလီးယားစွန့်လွှတ်ရေး သဘောထားပြောင်းလဲသွားမှာဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သတိပေး ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်က နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာမှာ ကင်ဂျုံအန်က ယင်းသို့မှတ်ချက်ပြုပြောဆို လိုက်တာဖြစ်ပါတယ်။ လွန်ခဲ့သည့်နှစ်က မိန့်ခွန်းမှာတော့ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့အတူ နိုင်ငံတကာ သံတမန်ရေးရာလမ်းကြောင်းအပေါ် မကြုံစဖူးရောက်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအန်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ နျူကလီးယားစွန့်လွှတ်ရေးဆွေးနွေးဖို့အတွက် ၂၀၁၈ ခုနှစ် ဇွန်လမှာ တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲမှာတော့ နျူကလီးယားစွန့်လွှတ်ရေး ရေရာတိကျမှုမရှိတဲ့ သဘောတူညီချက်အချို့သာရရှိခဲ့ပါတယ်။ မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ၊ ဖိအားတွေနဲ့ ပတ်သက်ပြီး တောင်းဆိုထားတာတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းရှေ့မှောက်မှာ အမေရိကန်က ကတိပေးခဲ့တာတွေကို ဖောက်ဖျက်ရင် မိမိတို့အနေနဲ့ ရွေးချယ်စရာကျန်ရှိမည်မဟုတ်ဘဲ နိုင်ငံရဲ့ အချုပ်အခြာနဲ့ အကျိုးစီးပွား…

Read More

ဒါရိုက်တာဏကြီး နဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ရဲ့ မင်္ဂလာဦးအလှုပြုလုပ်

ရန်ကုန် ဇန်နဝါရီ ၁-၂၀၁၉ သင်းသဒ္ဒါ(VOM) ဒါရိုက်​တာ ဥာဏတင်ဦး (ခ)ဏကြီး နဲ့ အကယ်ဒမီ ပိုင်​ဖြိုးသုတို့ရဲ့ မင်္ဂလာဦးအလှူပွဲကိုတော့ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဗဟိုမှာ ပြုလုပ်ခဲ့ပါတယ်။ ”သု အကယ်ဒမီ စရတုန်းကလည်း ကိုယ်လူချောအဖွဲ့ရော စက်မှုအဖွဲ့တွေကို လှူခဲ့ဖူးပါတယ်၊ အဲလှူရတာ သုအရမ်းပျော်တယ်၊ မင်္ဂလာဦးကျရင် ထိုင်​မသိမ်းတွေနဲ့ လုပ်မယ့်အစား သုတို့တွေကို လှူရအောင်လို့ တိုင်ပင်ပြီး လှူဖြစ်တာပါ၊ ယနေ့ ဝတ်စုံကို ယဉ်သူထိုက်ပိုးထည်တိုက်ကပါ၊ကြာတိုက်ပုံကိုတော့ ခင်စန်းယဉ်ယက္ကန်းတိုက်ပါ၊ ဒီဇိုင်နာ မယုံ့ယုံ့ ဖန်တီးပေးထားတာပါ၊ လက်ဝတ်ရတနာက စိန်နန်း​တော်ကပါ ”လို့ အကယ်ဒမီ ပိုင်ဖြိုးသုက​ပြောပါတယ်​။ အဆိုပါ အခမ်းအနားမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဇင်ဝိုင်း ၊ စက်​မှုအခြေခံ သာရေးနာရေးအဖွဲ့ဝင်​ ခေါင်းဆောင် ကိုသားကျော်တို့က မုဒိတာစကားပြောဆိုခဲ့ပါတယ်။…

Read More

၂၀၁၈ခုနှစ်အတွင်း ​​ကလေးခရိုင်တွင်​ အစား​အ​သောက်​နှင့်​ပက်​သက်​ပြီး တိုင်​ကြားမှု ၄မှုသာရှိ

ကလေးlဇန်​နဝါရီဝါရီ ၁-၂၀၁၉ သူရိယထက်​ ကလေးခရိုင်အတွင်း ၂၀၁၈ခုနှစ်​ ဇန်နဝါရီလမှစတင်၍ နှစ်ကုန်ပိုင်းအထိ ​​​ကလေးခရိုင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ လာရောက်တိုင်ကြားမှု ၄ ခုရှိခဲ့ကြောင်း ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးမှူးဦးစိုးအောင်က ပြောသည်။ အဆိုပါအမှု ၄ မှုမှာ 4 TV ၂ မှု l Online Shop ၁ မှုနှင့်တယ်လီနောဖုန်း ဝိုင်ဖိုင် ၁ မှု စုစုပေါင်း ၄ မှုဖြစ်သည်။ “ဒီလေးမှုကို အရေးယူဖို့ တိုင်ကြားတယ်၊၂ မှုကတော့ ရုံးချုပ်ထိ တိုင်ကြားတယ်၊ ဒါပေမယ့် ကျနော်တို့ဆီပဲ ပြန်လွှဲပေးခဲ့တယ်၊စားသုံးသူကို နှစ်ကြိုက်အောင်လုပ်ပေးတယ်ဆိုရင် ဒါကအဓိကတော့ အရေးယူမှုတစ်ခုပါပဲ၊ အဓိကတော့ စားသုံးသူမနစ်နာရေးပဲ၊ နဂိုက ဒါမျိုးတွေမရှိခဲ့ဘူး၊ ​ရောင်းတဲ့သူက ပစ္စည်းတစ်ခုလဲမပေးဘူးကွာ မတတ်နိုင်ဘူးကွာ ဒီလိုပဲပြီးခဲ့ကျတာ၊ စားသုံးသူရဲ့ အကာအကွယ်ပေးတဲ့ဌာနလဲပေါ်လာပြီ၊ ဥပဒေတွေကလဲ ပေါ်လာပြီဆိုတော့ စားသုံးသူကရေဆုံးကန်းဆုံလိုက်တဲ့အခါမှာ ပြန်ပြီး…

Read More

ကလေးမြို့၌ ဆိုင်ကယ်နဲ့ကား တိုက်မိ တပ်မတော်သား တစ်ဦးသေဆုံး

ကလေး ဇန်​န၀ါရီ ၁-၂၀၁၉ မိုင်​ချယ်​ရီ(VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊  ၅၆မိုင်ကျေးရွာအနီး ကလေး-တမူးသွားကားလမ်းမပေါ်မှာ ဒီဇင်ဘာလ ၃၀ရက် မွန်းလွဲပိုင်းက အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် က တပ်ကြပ်မောင်းတဲ့ စစ်ကားနဲ့ ဆိုင်ကယ် တိုက်မိရာကနေ ဆိုင်ကယ်မောင်းလာတဲ့ ဒုတပ်ကြပ်အဆင့်ရှိ တပ်မတော်သားတစ်ဦး သေဆုံးခဲ့တယ်လို့  ကလေးမြို့မရဲစခန်း ကနေ သိရပါတယ်။ သေဆုံးတဲ့ တပ်မတော်သားဟာ ဆိုရင်အမှတ် ၃၆၃ ခြေမြန်တပ်ရင်း က  ဒုတပ်ကြပ် လျမ်ဆွင်းမန်(၂၉)နှစ်ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သတ်လို့  မော်တော်ယာဉ်မောင်း တပ်ကြပ် ဝင်းနိုင်(၄၆)နှစ်နဲ့ သေဆုံးသူ ဒုတပ်ကြပ် လျမ်ဆွင်းမန် တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က  အမှုဖွင့်ထားတယ်လို့ ကလေးမြို့မရဲစခန်းကနေ သိရပါတယ်။ #voiceofmyanmar#ကလေးမြို့#ဆိုင်ကယ်နဲ့ကားတိုက်တပ်မတော်သားတစ်ဦးသေဆုံး#

Read More

၇ ရက်သားသမီးများအတွက်  ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း  အဆိုးအကောင်း

  ဆရာကြီး ဦးဗိုလ်ထွေးရဲ့မြေး၊ ဆရာကြီးဦးလှကြိုင်ရဲ့တူ မြန်မာနိုင်ငံ၊ ပြက္ခဒိန်အကြံပေးအဖွဲ့ဝင် ဆရာဦးမင်းသိန်း B.Sc (Hons:) H.G.P ရဲ့ ဟောစာတမ်းကို VOM ပရိတ်သတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။ တနင်္ဂနွေ သားသမီးများအတွက် တနင်္ဂနွေဖွား သားသမီးတို့သည် အဖိုးတန်ပစ္စည်းများ၊ အိမ်၊ ခြံ၊ မြေ ဝင်တတ်သည်။ အကျိုးခံစားရတတ်သည်။ လုပ်ငန်းတို့ကို စိတ်ကူးစိတ်သန်းကောင်းခြင်းဖြင့် တိုးချဲ့လုပ်ကိုင်ရတတ်သည်။ အထူးသဖြင့် စားသောက်ကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ အင်္ဂါနံစက်ပစ္စည်းတို့ ရောင်းဝယ်မှုတို့မှ အကျိုးအမြတ်များစွာရကိန်းရှိမည်။ အင်္ဂါနှင့်ကြားသပတေးဖွားတို့နဲ့ အကျိုးပေးနိုင်ပါတယ်။ အလှူအတန်းကောင်းမှု ကုသိုလ်လုပ်ရတတ်သည်၊ စိတ်အလိုမလိုက်သင့်ပါ။ ငယ်ရွယ်သူများ အပေါင်းအသင်းမှားတတ်သည်။ အချစ်ရေးကို ဦးစားပေးမှုကြောင့် ပညာရေးကိုအနှောင့်အယှက် မဖြစ်အောင်ကြိုးစားသင့်သည်။ ခရီးသွားရမယ်ဆိုလျှင် ရေလမ်းခရီးကို ပိုမိုသတိဖြင့်သွားလျှင် အန္တရယ်ကင်းသည်။ အကျိုးရှိသော ပြည်ပခရီး ကြိုတင်ပြင်ဆင်မှုမရှိဘဲ သွားရကိန်းရှိနိုင်သည်။ ၀၊ ၅၊ ၇ ဂဏန်းများအကျိုးပေးအံ့။ ကောင်းအံ့။ ယတြာ- မွေးနေ့နံနက်…

Read More
VOM News

FREE
VIEW