၇ ရက်သားသမီးများအတွက်  ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း  အဆိုးအကောင်း

 

ဆရာကြီး ဦးဗိုလ်ထွေးရဲ့မြေး၊ ဆရာကြီးဦးလှကြိုင်ရဲ့တူ မြန်မာနိုင်ငံ၊ ပြက္ခဒိန်အကြံပေးအဖွဲ့ဝင် ဆရာဦးမင်းသိန်း B.Sc (Hons:) H.G.P ရဲ့ ဟောစာတမ်းကို VOM ပရိတ်သတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ သားသမီးများအတွက်

တနင်္ဂနွေဖွား သားသမီးတို့သည် အဖိုးတန်ပစ္စည်းများ၊ အိမ်၊ ခြံ၊ မြေ ဝင်တတ်သည်။ အကျိုးခံစားရတတ်သည်။ လုပ်ငန်းတို့ကို စိတ်ကူးစိတ်သန်းကောင်းခြင်းဖြင့် တိုးချဲ့လုပ်ကိုင်ရတတ်သည်။ အထူးသဖြင့် စားသောက်ကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ အင်္ဂါနံစက်ပစ္စည်းတို့ ရောင်းဝယ်မှုတို့မှ အကျိုးအမြတ်များစွာရကိန်းရှိမည်။ အင်္ဂါနှင့်ကြားသပတေးဖွားတို့နဲ့ အကျိုးပေးနိုင်ပါတယ်။ အလှူအတန်းကောင်းမှု ကုသိုလ်လုပ်ရတတ်သည်၊ စိတ်အလိုမလိုက်သင့်ပါ။ ငယ်ရွယ်သူများ အပေါင်းအသင်းမှားတတ်သည်။ အချစ်ရေးကို ဦးစားပေးမှုကြောင့် ပညာရေးကိုအနှောင့်အယှက် မဖြစ်အောင်ကြိုးစားသင့်သည်။ ခရီးသွားရမယ်ဆိုလျှင် ရေလမ်းခရီးကို ပိုမိုသတိဖြင့်သွားလျှင် အန္တရယ်ကင်းသည်။ အကျိုးရှိသော ပြည်ပခရီး ကြိုတင်ပြင်ဆင်မှုမရှိဘဲ သွားရကိန်းရှိနိုင်သည်။

ဝ၊ ၅၊ ၇ ဂဏန်းများအကျိုးပေးအံ့။ ကောင်းအံ့။

ယတြာ- မွေးနေ့နံနက် ၉း၀၀နာရီတွင်း ပန်းနုရောင်ဝတ်ဆင်ပြီး အနောက်တောင်ထောင့် စနေနံဘုရားတွင် အုန်း (၉) ညွန့်လှူပါ။

 

တနလာင်္သားသမီးများအတွက်

တနလာင်္သားသမီးတို့သည် လုပ်ငန်းအခွင့်အလမ်းကောင်းရ၍ တိုးတက်မှုရှိနိုင်သည်။ လုပ်ငန်းအပြောင်းအရွှေ့ရှိနိုင်သည်။ ရာထူးတိုးနိုင်သည်။ အများ၏ ကြည်ညိုလေးစားမှုကို ခံရကိန်းရှိသည်။ ဂုဏ်ဒြပ်တိုးနိုင်သည်။ လူမှုရေးရာ အိမ်တွင်းရေးရာ ပြဿနာများကို စိတ်ရှည်သည်းခံပြီး ဖြေရှင်းပေးမှုကြောင့် အောင်မြင်ပြေလည်မှုရရှိနိုင်သည်။ ပညာရေးတွင် အခွင့်အလမ်းကောင်းများကြုံနိုင်ပြီး ကြိုးစားခြင်းကြောင့် ထူးချွန်စွာအောင်မြင်နိုင်သည်။ ချစ်မှုရေးရာတွင် ဘဝလက်တွဲဖေါ်ကိုတွေဆုံနိုင်မည်။ အဖျော်ယမကာ ၊ ဖက်ရှင်ဒီဇိုင်နာအလှကုန်တို့နှင့်အကျိုးပေးသည်။ ငွေကြေးအတွက် စိတ်သောက ပူပန်ရတတ်သည်။ ဗုဒ္ဓဟူးနေ့ဖွား သောကြာဖွားတို့နှင့်အကျိုးပေးအံ့။ စပ်တူရှယ်ယာကိစ္စများ ၊ ရင်းနှီးမြုပ်နှံမှုကြီးသော လုပ်ငန်းများကို ရှောင်သင့်သည်။ ရေနှင်ဆက်စပ်လုပ်ငန်းများ၊ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာလုပ်ငန်းများ အကျိုးပေးနိုင်သည်။ ကျန်မာရေးတွင် ဆီးရောဂါ၊ ခါးနာရောဂါဖြစ်တတ်သည်။  စိုးရိမ်စရာတော့မရှိပါ။

၁၊ ၆ ၊ ၉  ဂဏန်းများ အကျိုးပေးအံ့

ယတြာ- မွေးနေ့နံနက် ၉နာရီ၉မိနစ်တွင် ရာဟုနံဘုရားမှာ မဟော်ဂနီရောင်ဝတ်ဆင်ပြီး ပေါက်စီ (၃) လုံးလှူတန်းပေးပါ။

 

အင်္ဂါသားသမီးများအတွက်

အင်္ဂါနေ့ဖွားသားသမီးတို့သည် စိတ်တည်ငြိမ်စွာလုပ်ကိုင်နိုင်လျှင် လုပ်ငန်းကိစ္စများအောင်မြင်မှုရရှိအံ့။ အကျိုးအမြတ်ဖြစ်ထွန်းအံ့။ ဤနှစ်တွင် မိတ်ကောင်းဆွေကောင်းများတွေ့ဆုံနိုင်ပြီး အကြံအစည်များ အောင်မြင်အံ့။ ယာဉ် ၊ ကား၊ အိမ်ခြံမြေများအတွက် အကျိုးရှိနိုင်သည်။ အင်္ဂါနေ့ ၊ ကြာသပတေးနေ့ဖွားတို့နှင့် အကျိုးပေးကောင်းနိုင်သည်။ စာပေလုပ်ငန်း ၊ ဆက်သွယ်ရေးလုပ်ငန်း၊ ပို့အောင်ရေးလုပ်ငန်းများ အကျိုးပေးအံ့။ ငွေကုန်ကြေးကျများတတ်သည်။ ခရီးယာယီများ မကြာခဏသွားရတတ်သည်။ ဆွေမျိုးသားချင်းများအတွက် စိတ်မချမ်းမသာဖြစ်တတ်သည်။ ကျမ္မာရေးဂရုစိုက်လျှင်ပိုမိုကောင်းမွန်အံ့။  အသည်း ၊ အဆုတ် ဝေဒနာဖြစ်တတ်သည်။ ပညာရေးတွင် အခွင့်အလမ်းကောင်းများရနိုင်၍ ပိုမိုကြိုးစားပါက ထူးချွန်စွာအောင်မြင်နိုင်သည်။ ချစ်မှုရေးရာတွင် မာန်မာနကြောင့် စိတ်သဘောထားကွဲလွဲမှုကြံရတတ်သည်။

၂၊ ၇၊ ၈ ဂဏန်းများအကျိုးပေးတတ်သည်။

ယတြာ- မွေးနေ့နံနက် ၉နာရီ ၃၆ တွင် ဖက်ဖူးစိမ်းရောင် ဝတ်ဆင်ပြီး အနောက်မြောက်အရပ် ရာဟုနံဘုရားတွင် ရွက်လှ ၉ ညွန့်ပူဇော်ပါ။

 

ဗုဒ္ဓဟူးသားသမီးများအတွက်

ဗုဒ္ဓဟူးနေ့ဖွား သားသမီးတို့သည် လုပ်ငန်းကိစ္စများဆောင်ရွက်ရာတွင် အခက်ခဲများကိုကျော်လွှားနိုင်ကာ အောင်မြင်မှုရရှိနိုင်သည်။ စားသောက်ကုန် ၊ အဝတ်အထည်ရောင်းဝယ်ရေး၊ အလှကုန်ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းများတွင် အကျိုးပေးနိုင်သည်။ တနလာင်္နေ့၊ စနေနေ့ဖွားတို့နှင့် အကျိုးပေးကောင်းနိုင်သည်။ အိမ်ခြံမြေ ရောင်းဝယ်မှုလုပ်ငန်းများတွင် ဝင်ငွေကောင်းနိုင်သည်။ မည်သည့်လုပ်ငန်းကိုမဆို သတိနှင့်လုပ်ကိုင်ပါက အောင်မြင်မှုရရှိလိမ့်မည်။ ပညာရေးတွင် ထူးချွန်ပြီး ကွန်ပျူတာ ဘာသာရပ်တွင် ပိုမိုထူးချွန်မည်။ ပျိုရွယ်သူများ ချစ်မှုရေးရာတွင် နာလည်မှုလွဲမှားနေတတ်သည်။ အိမ်တွင်းရေး၊ မိသားစုအရေးကိစ္စရှုပ်ထွေးမှုများကို အေးဆေးတည်ငြိမ်စွာဖြင့် ဖြေရှင်းပေးနိုင်လိမ့်မည်။ ဂုဏ်သတင်းကျော်ကြားလိမ့်မည်။ ကျန်မာရေးတွင် တခါတရံခေါင်းမူးဝေခြင်း ၊ ခါး၊ အကြောဝေဒနာတို့ဖြစ်တတ်သည်။

၃၊ ၅၊ ၈ ဂဏန်းများ ပိုမိုအကျိုးပေးတတ်သည်။

ယတြာ- မွေးနေ့နံနက် ၉နာရီ၄၅ တွင် မိုးပြာရောင်ဝတ်ဆင်ပြီး မြောက်အရပ်ရှိ သောကြာနံဘုရားတွင် မလှိုင်လုံး ၉လုံးလှူပါ။

 

ရာဟုဖွား သားသမီးများအတွက်

ရာဟုနေ့ဖွား သားသမီးတို့သည် နေရာသစ် ၊ ဝန်းကျင်သစ်၊ မိတ်ဆွေသစ်တို့နှင့် အကျိုးပေးနိုင်သည်။ အတန်ကြာ ခွဲနေသော မိတ်ဆွေရင်းခြာများနှင့် ဆုံဆည်းနိုင်သည်။ အိမ်ထောင်ရေးတွင် တခါတရံ အထင်မြင်လွဲမှားမှုများကြုံနိုင်သော်လည်း အဆင်ပြေမည်။ ဆီး၊ ကျောက်ကပ်၊ အသည်းဝေဒနာများ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းခြင်းကြောင့် ဝေဒနာများသက်သာနိုင်သည်။ ပညာရေးတွင် စိတ်ပျံ့လွှင့်မှုမရှိဘဲ ကြိုးစားလျှင်ထူးချွန်စွာအောင်မြင်နိုင်မည်။ စန်းပွင့်သောကာလဖြစ်၍ ဖူးစာရှင်တွေ့နိုင်သည်။

၇၊ ၈၊ ၉ ဂဏန်းများအကျိုးပေးမည်။

ယတြာ- မွေးနေ့နံနက် ၉နာရီ ၅၄ တွင် အဖြူရောင်ဝတ်ဆင်ပြီး တောင်အရပ် ဗုဒ္ဓဟူးနံဘုရားတွင် မုန်လုံးရေပေါ် ၉ လုံးလှူပေးပါ။

 

ကြာသပတေးသားသမီးများအတွက်

ကြာသပတေးသားသမီးတို့သည် လုပ်ငန်းကိစ္စတိုးတက်အောင်မြင်မှုများကို စေတနာ ၊ အနစ်နာခံမှုများကြောင့် ပိုမိုအောင်မြင်မည်။ ငွေပေးငွေယူကိစ္စများ ငွေကြေးကိစ္စများတွင် ဆုံးရှုံးမှုပေါ်နိုင်သည်ကို သတိဖြင့်လုပ်သင့်သည်။ တနင်္ဂနွေဖွား အင်္ဂါနေ့ဖွားတို့နှင့် အကျိုးပေးကောင်းနိုင်သည်။ ဟိုတယ် ခရီးသွားလုပ်ငန်း ကန်ထရိုက်လုပ်ငန်းတို့ အကျိုးပေးနိုင်သည်။ ပျိုရွယ်သူများ မေတ္တာရေးရာ ကိစ္စများတွင် အနှောက်အယှက်ပေးသူပေါ်ပေါက်လာတတ်၍ အထင်လွဲမှုမရှိအောင် နားလည်မှုရှိသင့်သည်။ မိမိလုပ်ဖေါ်ကိုင်ဖက်တို့နှင့် သဘောထားခြင်းမတိုက်ဆိုင်မှုဖြစ်တတ်သည်။ အစာအိမ်၊ ချက်အောက်ဝေဒနာ ဆီးလမ်းကြောင်းဝေဒနာများဖြစ်ပွားတတ်သည်။ ခွဲစိတ်ကုသမှုခံရတတ်သည်။ ပညာရေးတွင် အပေါင်းအသင်းမမှားအောင် ဂရုစိုက်ပြီး ကြိုးစားလျှင်အောင်မြင်မည်။

ဝ၊ ၃၊ ၉ ဂဏန်းများအကျိုးပေးအံ့

ယတြာ- မွေးနေ့နံနက် ၉ နာရီအချိန်တွင် အရှေ့တောင်ထောင့် အင်္ဂါနံဘုရားတွင် နို့နှစ်ရောင်ဝတ်ဆင်ပြီး ပေါက်ပန်းဖြူ ၉ ပွင့် လှူပါ။

 

သောကြာသားသမီးများအတွက်

သောကြာနေ့ဖွားသားသမီးတို့သည် စိတ်ပင်ပမ်းလူပင်ပမ်းပြီး အလုပ်ကြိုးစားရသလောက် လုပ်ငန်းတွင် အကျိုးအမြတ်ဖြစ်ထွန်းမည်။ မိသားစုအတွင်း အမြင်မတူ ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းနိုင်မည်။ မိတ်ကောင်းဆွေကောင်းတို့၏ အကူအညီကြောင့် ပိုမိုအောင်မြင်နိုင်သည်။ အထူးသဖြင့် စပ်တူလုပ်ငန်း အိမ်၊ ခြံ၊မြေတွင် ရင်းနှီးမြုပ်နှံပြီး ရောင်းဝယ်ရေးလုပ်ငန်း ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတို့တွင် ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းနိုင်သည်။ ကျန်းမာရေးတွင်း အဆုတ်ရောဂါ၊ အကြော ၊ ချက်အောက်ပိုင်းဝေဒနာဖြစ်နိုင်သည်။ မတော်တဆ ထိခိုက်ဒဏ်ရာရတတ်သည်။ သူတပါးအတွက် အာမခံခြင်း၊ တာဝန်ခံခြင်းတို့ကိုရှောင်ရှားသင့်သည်။ စိတ်ပျံ့လွှင့်မှုကြောင့် ပညာရေးတွင် နှောင့်နှေးခြင်းကို သတိပြုသင့်သည်။ ချစ်မှုရေးရာတွင် စစ်မှန်သည့် ဖူးစာရှင်နှင့် ဆုံဆည်းနိုင်ရန် နှလုံးသားထက် ဦးနှောက်ဆုံးဖြတ်ချက် ပိုပိုအရေးပါသည်။

၁၊ ၇၊ ၈ ဂဏန်းများ အကျိုးပေးကောင်းအံ့

ယတြာ – မွေးနေ့နံနက် ၉နာရီ ၂၇ တွင် ကြက်သွေးရောင်ဝင်ဆင်ပြီး တနင်္ဂနွေနံဘုရားတွင် သြဇာညွန့် ၉ ညွန့် လှူပါ။

 

စနေသားသမီးများအတွက်

စနေ့နေ့ဖွားသားသမီးတို့သည် အခက်ခဲ၊ အနှောက်အယှက်တို့ဖြင့် မိမိမျှော်မှန်းချက်များ အကြံအစည်များ အောင်မြင်အောင်လုပ်ဆောင်နိုင်လိမ့်မည်။ ပေါင်းသင်းဆက်ဆံရေး လူမှုရေးတို့တွင် တိုးတက်အောင်မြင်မည်။ မိတ်ဆွေသစ်များတိုးမည်။ အထူးသဖြင့် အနုပညာလုပ်ငန်း ၊စက်မှုလုပ်ငန်း၊ ယာဉ် ၊ ကားရောင်းဝယ်မှုလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းတို့မှ အကျိုးအမြတ် ဝင်နိုင်သည်။ တနင်္ဂနွေဖွား ၊ ဗုဒ္ဓဟူးနေ့ဖွားတို့နှင့်အကျိုးပေးအံ့။ ကောင်းမှုကုသိုလ်များ ပြုလုပ်ရတတ်သည်။ အိမ်ထောင်ဖက် ကျန်းမာရေးချို့တဲ့တတ်သည်။ အချစ်ရေး ချစ်မှုရေးရာတွင် အထင်လွဲမှုကြုံရတတ်သည်။ ပညာရေးတွင် အခွင့်အလမ်းအသစ်များကို အရယူ၍ ကြိုးစားပါက ထူးချွန်စွာ အောင်မြင်နိုင်သည်။ အကြောရောဂါ၊ လေရောဂါများ မကြခဏဖြစ်ပွားတတ်သည်။ မိသားစုသဘောမတူသူနှင့် နှလုံးသားရေားရာကိစ္စများ ကြုံနိုင်သော်လည်း နောက်ပိုင်းတွင် အဆင်ပြေနိုင်သည်။

ဝ၊ ၂၊ ၆ ဂဏန်းသည် ပိုမိုအကျိုးရှိအံ့။

ယတြာ- မွေးနေ့နံနက် ၁၀ နာရီ ၁၇ မိနစ်တွင် သနပ်ခါးရောင် ဝတ်ဆင်ပြီး တောင်အရပ် ဗုဒ္ဓဟူးနံဘုရားတွင် ရှမ်းခေါက်ဆွဲကပ်လှူပါ။

 

ဆရာဦးမင်းသိန်း B.Sc (Hons:) H.G.P မြန်မာနိုင်ငံ၊ ပြက္ခဒိန်အကြံပေးအဖွဲ့ဝင်

ဆရာဦးမင်းသိန်းရေးသားစီစဉ်တဲ့ ၂၀၁၉ ခုနှစ် တနှစ်စာ ရွှေမန်း ဗေဒင်ဒိုင်ယာရီလည်း ထွက်ရှိနေပြီဖြစ်ပြီး မှာကြားလိုရင် လှိုင်စာပေ- ၀၉-၄၅၆၀၀၀၂၂၇၊ ၀၉-၄၄၀၁၅၁၆၉၊ ၀၉-၉၇၄၈၇၈၁၁၇ ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW