တက္ကသိုလ်​ဆက်​မတက်​နိုင်​တဲ့ ​ကျောင်းသား​တွေကို ​ပညာသင်​​စရိတ်​​ထောက်​ပံ့

မန္တ​လေး၊ ဇန်​နဝါရီ ၂၆-၂၀၁၉ ဟိန်းကို(VOM) ပညာ​ရေးမှာ အမှန်​တကယ်​ထူးချွန်​ခဲ့ပြီး အ​ကြောင်းအမျိုးမျိုး​ကြောင့်​ တက္ကသိုလ်​ဆက်​လက်​မတက်​​ရောက်​နိုင်​တဲ့ ​မန္တလေးမြို့က ကျောင်းသူ\သား (၃၅)ယောက်ကို ထာဝရမန္တ​လေး ​ဖောင်​​ဒေး​ရှင်းက စီစစ်​​ရွေးချယ်​ပြီး ပညာသင်​စရိတ်​​ထောက်​ပံ့​ပေးတဲ့အစီအစဉ် ဒီက​နေ့ နံနက်​ပိုင်းက ​ရွှေပြည်​သာဟိုတယ်​မှာ ပြုလုပ်​ခဲ့ပါတယ်​။ #voiceofmyanmar#မန္တ​လေး#ဆင်းရဲနွမ်းပါးတဲ့​ကျောင်းသား​တွေကိုပညာသင်​စရိတ်​​ထောက်​ပံ့#

Read More

အကယ်ဒမီပေးပွဲမှာ Star Award ဆုကို ဘုမသိဘမသိ ပေးတာမဟုတ်ဘူးလို့ ဆရာဟိန်းလတ်ဆို

ရန်ကုန် ဇန်န၀ါရီ ၂၆-၂၀၁၉ သင်းသဒ္ဒါ (VOM) မြန်မာနိုင်ငံ သတင်းစာရေးဆရာအသင်း MJA က ကြီးမှူးပြီးတော့ ၂၀၁၈ ခုနှစ် ရုပ်ရှင်ဇာတ်ကား တွေကို Star Award ဆုပေးမှာနဲ့ ပတ်သက်ပြီးတော့ သတင်းစာဆရာဟိန်းလတ်က တချို့လူတွေ ပြောသလို ဘုမသိဘမသိပေးချင် သလိုလျှောက်ပေးတာမဟုတ်ဘဲ သေချာစိစစ်ပေးမှာပါလို့ ဆိုပါတယ်။ တချို့တွေက သတင်းစာသမားတွေကပေးတယ်ဆိုပြီးတော့ ဝေဖန်နေတဲ့အပေါ်”ကျွန်တော်တို့ သတင်းစာဆရာဆိုတာ ဦးဝင်းငြိမ်း ၊ ဦးမြတ်ခိုင်၊ ကျွန်တော်ရော ရုပ်ရှင်လောကနဲ့ ထိဆက်နေတယ်။ စာနယ်ဇင်း လောက၀င်လာကတည်းက အကုန်နဲ့လည်း ရင်းနှီးတယ်။ ရုပ်ရှင်ဝေဖန်ရေးတွေ ရေးဖြစ် တယ်။ ရုပ်ရှင်အညွှန်းတွေလည်း ရေးဖြစ်တယ်။ ကျွန်တော်တို့ ဒီအထဲမှာပါတဲ့သူအများစုက ရုပ်ရှင်အကြောင်းကို သိနေကြတယ်။ သတင်းစာ ဆရာ ရိုးရိုးမဟုတ်ဘူး။ ထို့အတူ ဂီတအကြောင်းနားလည်တဲ့ အင်္လကာဝတ်ရည်ကို မောင်မောင်အေးတို့ ဂီတပိုင်းမှာပါတယ်။ ဓာတ်ပုံအကြောင်းနားလည်တဲ့ ဓာတ်ပုံဆရာတွေပါတယ်။ ရုပ်ရှင်ကြည့်သူ သဘာရှင့်သူတွေ…

Read More

ပလက်ဝ အောက်ဘလိုင်ကျေးရွာနား တိုက်ပွဲဖြစ်လို့ စာသင်ကျောင်း ပိတ်ထားရ

ပလက်ဝ ဇန်န၀ါရီ ၂၆ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းမှာ ရှိတဲ့ အောက်ဘလိုင်ကျေးရွာနားဝန်ကျင်မှာ တပ်မတော်နဲ့ AA (ရခိုင့်တပ်မတော်) အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အောက်ဘလိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို ပိတ်ထားရတယ်လို့ အောက်ဘလိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ တစ်ဦး က ပြောပါတယ်။ အောက်ဘလိုင်ကျေးရွာအနီးမှာ ဇန်န၀ါရီလ ပထမပတ်ထဲကနေ စတင်ပြီးတော့ တပ်မတော်နဲ့ AA (ရခိုင်လက်နက်ကိုင်တပ်မတော်) တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒီလိုဖြစ်ပွားနေတာကြောင့် ကျောင်းသားကျောင်းသူ ၁၀၀ကျော် တက်ရောက်နေပြီး ကျောင်းဆရာ ဆရာမ ဦးရေ ၇ ဦးနဲ့ ဖွင့်လှစ်နေတဲ့ စာသင်ကျောင်းကို ဇန်န၀ါရီလ ၂၁ ရက်နေ့ထဲ က စတင်ပြီးတော့ ပိတ်ထားခဲ့တာဆိုရင် ဇန်န၀ါရီလ ၂၆ ရက်နေ့အထိ ပိတ်ထားဆဲ ဖြစ်ပါတယ်။ ဒီလို ပိတ်ထားပြီးတဲ့နောက် တစ်ခြားနယ်ကနေ…

Read More

ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲဖြစ် လက်နက်ကြီးများဖြင့်ပစ်ခတ် ကျေးရွာသားတွေထွက်ပြေးခဲ့ရ

ရသေ့တောင်၊ ဇန်နဝါရီ ၂၆-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းမှာ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မနက်ပိုင်း ၉ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ကျေးရွာသားတွေ နီးစပ်ရာအဆောက်အအုံတွေမှာ ထွက်ပြေးပုန်းအောင်နေခဲ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီတိုက်ပွဲဟာ မြန်မာ့တပ်တော်နဲ့ AA တို့အကြားဖြစ်ပွားခဲ့တာဖြစ်ပြီး ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုတွေ ရပ်နားနေခဲ့ရာကနေ ဒီကနေ့မနက်ပိုင်းမှာ ပြန်လည်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ “တိုက်ပွဲကတော့ ၉ နာရီလောက်မှာစဖြစ်တယ်။ ကျွန်တော်တို့ရွာနဲ့ သမီးလှကြားမှာဖြစ်တာပါ။ လက်နက်ကြီးတွေနဲ့ ပစ်နေကြတော့ ရွာသားတွေလဲ အိမ်မှာမနေရဲကြဘဲ အကုန်လုံးပုန်းနေကြရပါတယ်။”လို့ အိုးဖောက်ကျေးရွာသားတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတိုက်ပွဲဖြစ်ပွားတာတွေမကြားရတော့ပေမယ့် ဒေသခံကျေးရွာသားတွေက ဘယ်ကိုမှမသွားရဲမလာရဲဖြစ်နေကြပြီး ဆက်လက်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။ “တိုက်ပွဲဖြစ်တဲ့နေရာကတော့ အာကာတောင်နားမှာဖြစ်တာပါ။ အနီးအနားမှာတော့ ကျေးရွာတွေရှိတာပေါ့။ အိုးဖောက်တို့ သမီးလှတို့ရှိတယ်။ ရွာတွေကိုထိခိုက်တာတော့မကြားဘူး။ ရွာနဲ့ဖြစ်တဲ့နေရာနဲ့သိပ်မဝေးတော့ ရွာသားတွေစိုးရိမ်တာပေါ့။” လို့ သူကပြောပါတယ်။ အခုလိုမျိုး ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် မောင်တောမြို့နယ် ရန်အောင်မြင်ကျေးရွာက…

Read More

မိတ်အင် စစ်ကိုင်း လို့ဂုဏ်ယူစွာပြောနိုင်တဲ့ မြန်မာ့ရိုးရာအရုပ်များ

စစ်ကိုင်း ဇန်နဝါရီ ၂၆-၂၀၁၉ စောပြည့်ချမ်းသာ (VOM) မြန်မာ့ရိုးရာအရုပ်တွေဖြစ်တဲ့ ပစ်တိုင်းထောင် ၊ ဇီးကွက်၊ ဖိုးဝရုပ် စတဲ့ အရုပ်တွေကို စစ်ကိုင်းမြို့နယ်က အလုပ်များပြီး နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။  တစ်နှစ်ပတ်လုံး လုပ်ကိုင်သောလုပ်ငန်းဖြစ်ပြီး နတ်တော်၊ ပြာသို၊ တပို့တွဲလများမှာ အရောင်းပါးသော်လည်း တပေါင်း၊ တန်ခူးလမှာတော့အရောင်းပြန်စလာရာ ဝါဆိုလ မှာရောင်းရဆုံးကာလလို့သိရပါတယ်။ စစ်ကိုင်းမြို့ တဲကြီးတိုက်နယ် ဂုံညင်းထောင်ကျေးရွာက  မြန်မာ့ရိုးရာအရုပ်လုပ်ငန်းပြု လုပ်ပုံအကြောင်းကိုVoice Of Myanmar သတင်းဌာနက သွားရောက်မေးမြန်းခဲ့ပါတယ်။ #voiceofmyanmar#စစ်ကိုင်း#ရိုးရာအရုပ်လေးများ

Read More

မြန်မာပြည်ရဲ့ ပထမဆုံး သိပ္ပံဇာတ်ကားကို အမိုက်ခံပြီးရိုက်တာဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်

ရန်ကုန် ဇန်န၀ါရီ ၂၆-၂၀၁၉ သင်းသဒ္ဒါ(VOM) မြန်မာပြည်ရဲ့ ပထမဆုံး သပ္ပံရုပ်ရှင်ဖြစ်တဲ့ အနန္တဇာတ်ကားကိုတော့ ဒါရိုက်တာ ညိုမင်းလွင်က  အမိုက်ခံပြီးတော့ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ “အာကာသ သိပ္ပံ ရုပ်ရှင်ဇာတ်ကားတစ်ကားကတော့ ရှိသင့်တယ်ထင်လို့ ကျွန်တော် ရိုက်ခဲ့တာပါ။ နောက်ပိုင်း လူငယ်တွေလည်း ဖန်တီးလုပ်ဆောင်နေကြပြီ။ အရှေ့ကနေ အမိုက်ခံပြီး လုပ်ပြပေမယ့် လူတစ်ယောက် လိုနေသေးတယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်အမိုက်ခံပြီးတော့ လုပ်ဆောင်တာပါ” လို့ဆိုပါတယ်။ ထိုင်းနိုင်ငံ မြန်မာရုပ်ရှင်ပွဲတော်မှာ အနန္တဇာတ်ကားကို အင်တာနက်မှာတွြေ့ပီး အဖွင့်ဇာတ်ကားအဖြစ် သူ့တို့ဘက် ကမ်းလှမ်းတာကို ခံရတယ်လို့ သိရပါတယ်။ ထိုင်းမှာ ပြသဖို့အတွက် အကယ်ဒမီ ဦးကြည်မင်း သိန်းက တဆင့် ဆက်သွယ်လာတာပါလို့ သိရပါတယ်။ ပရိသတ်ကို အမြည်းတွေ ပေးနေပေမယ့် ကိုယ်တိုင် စိတ်တိုင်မကျသေးလို့ ကြားနေတယ်။ လောဘကြီးတာ ကြောင့်ပါ။ ဒီ ဇာတ်ကားကတော့…

Read More

နျူကလီးယားအင်အားကြီး ငါးနိုင်ငံဆွေးနွေးပွဲ တရုတ်နိုင်ငံ မှာကျင်းပတော့မည်

ပေကျင်း၊ ဇန်န၀ါရီ-၂၆-၂၀၁၉ မျိုးဆက် (VOM) ကမ္ဘာ့နျူကလီးယားအင်အားကြီး နိုင်ငံအကြား တရားဝင်တွေ့ဆုံပွဲတစ်ရပ်ကို တရုတ်နိုင်ငံက လက်ခံကျင်းပမယ်လို့  အတည်ပြုလိုက်ပြီး ဒီလိုတွေ့ဆုံတာဟာ နှစ်နှစ်တာကာလအတွင်း ပထမဆုံး အကြိမ်တွေ့ဆုံခြင်းဖြစ်ပါတယ်။ တရုတ်၊ အမေရိကန်၊ ရုရှား၊ ဗြိတိန်နှင့်ပြင်သစ်နိုင်ငံတို့မှ ကိုယ်စားလှယ်တွေဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးဆွေးနွေးဖို့ လာမယ့် သီတင်းပတ်မှာ တွေ့ဆုံကြမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်က ဇန်န၀ါရီ ၂၅ ရက်က ပြောပါတယ်။ ဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ နျူကလီးယားအင်အားကြီးနိုင်ငံတွေ အကြား ပိုမိုအားကောင်းစွာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နျူကလီးယားမပြန့်ပွားရေးစာချုပ်ကို ထိန်းသိမ်းသွားဖို့ဖြစ်ပြီး နျူကလီး ယားမဟာဗျူဟာ၊ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေးတို့ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။ ဒါ့အပြင် ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆာဂီရိုင်ကော့ဗ်ဟာ အမေရိကန်လက်နက်ထိန်းချုပ်ရေးနဲ့ နိုင်ငံတကာ လုံခြုံရေးဌာန ဒုတိယ၀န်ကြီး အန်ဒရီရာသွန်မဆင်နဲ့ တွေ့ဆုံမယ်လို့ ယခုသီတင်းပတ် အစောပိုင်းက ရုရှားနိုင်ငံရဲ့ ထုတ်ပြန်ချက်ကို လည်း…

Read More

ခွင့်ပြုမိန့်မပေးသော်လည်း မန္တလေး မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း ပန္နက်တင်

မန္တလေး ဇန်နဝါရီ ၂၆-၂၀၁၉ ထိန်လင်း (VOM) မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောရွာမှာ အမျိုးသားရေးဆရာတော် ဦးဝီရသူဦးဆောင် ဖွင့်လှစ်ထားတဲ့ မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းရဲ့  ၄ထပ်ကျောင်းဆောင်ဆောက်လုပ်ဖို့ကို သက်ဆိုင်ရာက တားမြစ်ထားပါတယ်။ ဒီကနေ့ ပန္နက်တင်အခမ်းအနားမလုပ်ခင်ညက မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဆက်မလုပ်ဖို့ လက်ရောက်တားမြစ်ခဲ့ပေမယ့် ဒီကနေ့မနက်မှာတော့ ပန္နက်တင်အခမ်းအနားကို အမျိုးသားရေးကိုထောက်ခံတဲ့ ဆရာတော်တွေနဲ့ ဒေသခံတွေပေါင်းပြီး ပြုလုပ်သွားခဲ့ပါတယ်။ ဒီအခမ်းအနားအပြီးမှာ ဆရာတော်ဦးဝီရသူက မဟော်သဓာကျောင်းကို သူတို့မဖြစ်မနေလုပ်ဆောင်မယ့်အကြောင်းကို ခုလိုမိန့်ခဲ့ပါတယ်။ #VOICEOFMYANMAR#ဦးဝီရသူ#မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း

Read More

အသက်​(၈)နှစ်​အရွယ်​ မိန်းက​လေးအား အဓမ္မပြုကျင့်​ခဲ့သူကို ဖမ်းဆီးရမိ

မန္တ​လေး၊ ဇန်​နဝါရီ ၂၅-၂၀၁၉ ဟိန်းကို(VOM) ဒီဇင်​ဘာ ၁၄ရက်​​နေ့က ပြည်​ကြီးတံခွန်​မြို့နယ်​ထဲမှာ အသက်(၈)နှစ်အရွယ် မိန်းကလေးကို မန္တလေး-ပြင်ဦးလွင်လမ်း၊ ပြင်စာကျေးရွာနားက ​တောစပ်​ကို ​ခေါ်ပြီး အဓမ္မပြုကျင့်​ကာ ရိုက်​နှက်​နှိပ်စက်​ခဲ့တဲ့ သီဟနိုင်(​ခေါ်)အသေးလေး အသက်(၂၉)နှစ်၊ (ဘ)ဦးကျော်သူအောင်ကို ၂၀၁၉ခုနှစ်​ ဇန်​နဝါရီ ၂၄ရက်​​နေ့ ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ရပ်စောက်မြို့မှာ ဖမ်းဆီးရမိတယ်​လို့ ပြည်​ကြီးတံခွန်​မြို့နယ်​ စက်​မှုနယ်​​မြေရဲစခန်း စခန်းမှူး ရဲအုပ်​​ကျော်​​ကျော်​လတ်​ က ​ပြောပါတယ်​။ ဖမ်းဆီရမိတာနဲ့ ပက်​သက်​ပြီး ကျွန်​​တော်​တို့ VOMသတင်းဌာနက အဓမ္မပြုကျင့်​ခံခဲ့ရတဲ့ မိန်းက​လေး ရဲ့ အိမ်​ကို သွား​ရောက်​​မေးမြန်းရာ ” ကျွန်​​တော်​တို့က​တော့ လက်​​တွေ့ခံစားရတဲ့သူ​လေ ခုသူ့ကိုဖမ်းမိပြီဆိုလည်း ​နောက်​သူက ပြန်​လွတ်​လာလို့ရှိရင်​ ဒီ​ကောင်​က ဒီလိုမျိုးဆက်​လုပ်​​နေအုံးမှာပဲ​လေ။ သူများသားသမီး​တွေကိုလည်း ဒီလိုဆက်​လုပ်​ ​စော်​ကား​နေအုံးမှာပဲ​လေ။ အမှုကျူးလွန်​ပြီးရင်​ ​နောက်​ထပ်​ကျူးလွန်​ဖို့က လွယ်​သွားပြီ​လေ အဲ့​တော့ကျွန်​​တော်​တို့က တခါတည်း ကြိုးမိန့်​ပဲချ​စေချင်​တယ်​” လို့ မိန်းက​လေးရဲ့…

Read More

ဒုတိယအကြိမ် The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ် Rဇာနည်ဝင်ရောက်လာ

ရန်ကုန် – ဇန်ဝါရီ ၂၅၊ ၂၀၁၉   The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲကို  လာမည့်ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။   ဒုတိယအကြိမ် ပြိုင်ပွဲရဲ့  အကဲဖြတ်ဒိုင်လူကြီးစာရင်းမှာ အဆိုတော် လင်းလင်းနေရာ အစား အဆိုတော် Rဇာနည် ဝင်ရောက်လာတာဖြစ်ပါတယ်။ ကျန် ဒိုင်လူကြီးတွေက နီနီခင်ဇော် ၊ ရန်ရန်ချမ်း ၊ဟန်ထူးလွင် တို့ပဲဖြစ်ပါတယ်။   ဒီပြိုင်ပွဲကိုတော့ ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ဇွန်လ ၁၆ ရက်အထိပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲကို လျှောက်ထားသူ ၈,၀၀၀ ရှိတယ်လို့လည်းဆိုပါတယ်။ ဒီthe voice myanmar ပွဲကိုMPT ကအဓိက ပံ့ပိုးကူညီထားပါတယ်။   “ အဆိုဘက်မှာ ဝါသနာပါတဲ့လူငယ်တွေ အတွက်တော့ တကယ်ကောင်းတဲ့အစီအစဉ်ဖြစ်တယ်။ ရွက်ပုန်းသီး လူငယ်တွေဖော်ထုတ်တာလည်းဖြစ်တယ်။ ကိုယ်ပိုင် တေးစီးရီးအခွေထုတ်ဖို့ဆိုတာ…

Read More
VOM News

FREE
VIEW