ငွေကြေးအကျိုးအမြတ် လုံးဝမရှိဘဲ အခွေထုတ်လိုက်တဲ့ ဂီတမှူး ဓီရာမိုရ်

ရန်ကုန် ဇန်နဝါရီ ၂၇-၂၀၁၉ သင်းသဒ္ဒါ (VOM) ဇော်ဂျီ ရဲ့ သံစဉ်ခွေ Zaw-G’s Tunes သီချင်းခွေကို ထုတ်ပေးလိုက်တဲ့ ဂီတမှူး ဓီရာမိုရ် ကတော့ သီချင်းခွေထုတ်တာ  ငွေရေးကြေးရေးအကျိုးအမြတ်ကတော့ လုံးဝရှိမှာမဟုတ်ပါဘူးလို့ဆိုပါတယ်။ ”ကျွန်တော်တို့ ဘယ်အသိုင်းအဝိုင်းမဆို လူငယ်တွေကို တံခါးဖွင့်ပေးဖို့လိုတယ်။ မျိုးဆက်သစ် လူငယ်တွေကို ဆွဲခေါ်လာဖို့လိုတယ်။ လမ်းတွေပြဖို့ လိုတယ်၊ လမ်းတွေလည်း ဖောက်ခိုင်းဖို့လိုတယ်။ ဘယ်လိုနေရာမဆို လိုအပ်ပါတယ်။ ဂီတလောကဆိုလည်း ပခုံးပြောင်း တာဝန်ထမ်းဆောင်မယ့် စွမ်းအင်မြှင့်တင်တဲ့ လူတွေလိုအပ်ပါတယ်။ ဒါကြောင့် မျိုးဆက်သစ်တွေကို မြေတောင်မြှောက်တဲ့အနေနဲ့ ကိုယ်တိုင်ထုတ်လုပ်ပေးတယ်။ စွမ်းဆောင်ရည်ရှိတဲ့ ကလေးတွေများလာဖို့အတွက် အရှုံးအမြတ်မတွက်ပဲ လက်ကမ်းကြိုဆိုတာပါ။  ဒီခွေထုတ်တာ ငွေရေးကြေးရေးအကျိုးအမြတ်ကတော့ လုံးဝရှိမှာမဟုတ်ပါဘူး။ ကိုယ့်လောက အတွက်ကောင်းလာမှာပါ”လို့ဆိုပါတယ်။ ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့ကတော့ အကယ်ဒမီ ဓီရာမိုရ်ရဲ့ နာမည်ကျော် အော်ဂက်စတာတီးဝိုင်းနဲ့ Academy Tribute…

Read More

ဘရာဇီးဆည်ကျိုးပေါက်မှု တာဝန်ရှိကုမ္ပဏီကို ဒေါ်လာ ၆၆ သန်းကျော် ဒါဏ်ရိုက်

ဘရာဆီးလီးယား၊ ဇန်န၀ါရီ-၂၇-၂၀၁၉ မျိုးဆက် (VOM) ဘရာဇီးနိုင်ငံမှာ သတ္တုတွင်းလုပ်ငန်းမှာ အသုံးပြုတဲ့ ဆည်ကျိုးပေါက်မှုဖြစ်ပွားခဲ့ရာ သတ္တုတွင်းကိုပိုင်ဆိုင်တဲ့ ကုမ္ပဏီကို ဒါဏ်ငွေအဖြစ် ဒေါ်လာ ၆၆ သန်းကျော် ပေးဆောင်ဖို့ တာဝန်ရှိသူတွေက အမိန့်ပေး လိုက်ပြီး ဘရာဇီးနိုင်ငံသမိုင်းမှာတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြီးမားဆုံးအပြစ်ပေးမှုတစ်ခုဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံတောင်ပိုင်း မီနာဂျရိုက်စ်ဒေသတွင် ဇန်န၀ါရီ ၂၅ ရက်ကဖြစ်ပွားခဲ့သော ဆည်ကျိုးပေါက်မှုမှာ လူ ၃၄ ဦးသေဆုံးခဲ့ရပြီး လူ၃၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်မှုများအတွက် သတ္တုတွင်းကို ပိုင်ဆိုင်တဲ့ ဗာလီအက်စ်အေ ကုမ္ပဏီကို ဒေါ်လာ ၆၆ ဒသမ ၃၂ ပေးဆောင်ဖို့ ဘရာဇီး သဘာဝပတ်ဝန်းကျင်အေဂျင်စီက ဒါဏ်ရိုက်လိုက်တာဖြစ်ပါတယ်။ ကုမ္ပဏီအနေဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းအောင်ပြုလုပ်ခြင်း၊ အဆိုပါနေရာကို နေထိုင်ဖို့မသင့်အောင်ပြုလုပ်ခြင်းနဲ့ အခြားစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒါ့အပြင် ရေကာတာကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုတွေအတွက် ပေးဆောင်ဖို့…

Read More

ဖိလစ်ပိုင်နိုင်ငံ ခရစ်ယာန်ဘုရားကျောင်းမှာ ဗုံးပေါက်ကွဲတာကြောင့် လူ ၂၇ ဦးထက်မနည်းသေဆုံး

မနီလာ၊ ဇန်န၀ါရီ-၂၇-၂၀၁၉ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းတစ်ခုမှာ ဇန်န၀ါရီ ၂၇ ရက်က ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် လူ ၂၇ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒါဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စလာမ်မစ်စစ်သွေးကြွများလှုပ်ရှားနေတဲ့ ဂျိုလိုကျွန်းရှိ ဘုရားကျောင်းရဲ့ တနင်္ဂနွေနေ့ ဆုတောင်းပွဲမှာ ပထမဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်သားတွေက ကယ်ဆယ်ရေးလုပ်ဆောင်နေချိန်မှာ  ကားပါကင်၌ ဒုတိယပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူတွေထဲမှာ စစ်သား ခုနှစ်ဦးပါဝင်ပြီး အများစုကတော့ အရပ်သားတွေဖြစ်ပါတယ်။ ဒါဏ်ရာရသူ ၇၁ ဦးအထိရှိပြီး ၎င်းတို့ထဲ့ အချို့ကို ရဟတ်ယာဉ်တွေနဲ့ အနီးတွင်ရှိသော ဇန်ဘိုအန်ကာမြို့သို့ ပို့ဆောင်ပေးထားပါတယ်။ ဆန္ဒခံယူပွဲမှာ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် မွတ်ဆလင်အများစုနေထိုင်ရာ အဆိုပါဒေသမှာ မဲပေးမှုတွေပြုလုပ်ပြီးနောက် ရက်အနည်ငယ်အကြာမှာ ယခုကဲ့သို့ တိုက်ခိုက်မှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း မည်သည့်အဖွဲ့မှ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဂျိုလိုကျွန်းဟာ အဘူဆာယက်ဖ်အုပ်စုအပါအ၀င် စစ်သွေးကြွများအတွက်…

Read More

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးမှာ  ဒေသခံတွေပါဝင်ဖို့အထူးလိုအပ်နေသလို ဘက်ထရီရှော့တိုက် ငါးဖမ်းတာတွေမလုပ်ဖို့လို

ရန်ကုန် ဇန်န၀ါရီ ၂၇-၂၀၁၉ TGH (VOM) ဒေသခံပြည်သူတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းအရဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ ဘက်ထရီရှော့တိုက်ငါးဖမ်းမယ်ဆိုပါက လင်းပိုင်ရှိရာပတ်ဝန်းကျင်ကို လုံးဝမလုပ်ဘဲ သတိထားရှောင်ကျဉ်ပေးဖို့  လင်းပိုင်သုတေသနနှင့်ထိန်းသိမ်းရေးတာဝန်ခံ ဦးဟန်ဝင်းကပြောပါတယ်။ ဇန်ဝါရီလ ၂၆ ရက်နေ့က မန္တလေး – ကျောက်မြောင်းအကြား၊ ပုသိမ်ကြီးမြို့နယ်ရှိ  ဆင် ကျေးရွာအရှေ့ဘက် ကိုင်းတောထဲမှာ ဧရာဝတီလင်းပိုင်တစ်ကောင်သေဆုံးနေတာနဲ့ပတ်သက်ပြီး ပြောခဲ့တာဖြစ်ပါတယ်။ ဒေသခံအချို့နဲ့ လင်းပိုင်ထိန်းသိမ်းရေးသမားတွေကတော့ ဘက်ထရီးရှော့တိုက်ငါးဖမ်းမှုကြောင့် သေဆုံးတာ ဖြစ်နိုင်တယ်လို့သုံးသပ်ထားပါတယ်။သေဆုံးချိန်ဟာ အနည်းဆုံး ၁၀ ရက်ဝန်းကျင်ရှိနိုင်ပြီး ခန္ဒွာကိုယ်ပေါ်မှာ ရေညှိတက်နေတာကလွဲလို့ ဒဏ်ရာတစ်စုံတစ်ရာမတွေ့ဟု WCS Myanmar ကထုတ်ပြန်ထားပါတယ်။သေဆုံး လင်းပိုင်းမှာ အလျား ၆ ပေ ၆ လက်မရှိပြီးအထီးဖြစ်တယ်လို့ဖော်ပြထားတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းကလည်း မန္တလေးနဲ့ ကျောက်မြောင်းကြား ၊ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧ ၇ိယာဇုန်အတွင်းမျာရှိတဲ့ ၀က်လက်မြို့နယ်မှာ အလျား ၆ ပေ  ၁ လက်မ…

Read More

 လက်ထပ်မယ့်သူ စိတ်ရှင်းအောင်နေတယ်ဆိုတဲ့ အေးမြတ်သူ

ရန်ကုန် ဇန်န၀ါရီ ၂၇-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်အချစ်တော်  မြတ်လေး(ခ)အေးမြတ်သူကတော့ လက်ထပ်မယ့်သူ စိတ်ရှင်းအောင်နေတယ် လို့ ဆိုပါတယ်။ ” ယောက္ခမ ဆူလိမ့်မယ်။ အေးမြတ်သူတို့ အသက်အရွယ်ကလေ တအားကြီး မငယ်တော့ဘူး။ ၃၀ ကျော်သွားပြီ။ သဉ္ဇာလေးက ၃၀တောင်မပြည့်သေးဘူး ထင်တယ်။ အများကြီးငယ် တယ်ဆို တော့ အေးမြတ် သူလည်း သဉ္ဇာအရွယ်တုန်းကဆိုးခဲ့တာပဲလေ။ သဉ္ဇာဆိုးနေတယ်လို့ မပြောဘူးနော်။ အေးမြတ်သူက ၃၀ကျော်လာပြီဆိုတော့ အိမ်ထောင်ပြုသင့်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်လာတယ်ဆိုတော့ အေးမြတ်သူ လည်း ကိုယ်ယူမယ့် အမျိုးသားရဲ့ စိတ်ရှင်းအောင် ကိုယ်ယူမယ့် အမျိုးသားဘက်ကို ပြန်ကြည့်ရတယ်။ အေး မြတ်သူ တအားကြီးဆိုးဖို့ မရှိပါဘူး။ ဒါကြောင့် အေးမြတ်သူ ဖက်ရှင်ပိုင်းကိုလည်း အရမ်းကြီး မလှုပ်ပါဘူး”လို့ ဆိုပါတယ်။   သူမကတော့ လက်ရှိမှာ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ကံစမ်းမဲ ဖွင့်ပွဲတစ်ကို…

Read More

ရိခေါဒါရ်မြို့ ကို သွယ်ယူထားသည့် စိမ့်စမ်းရေခမ်းလာသည့်အတွက် ရိရေအိုင်မှ ရေကို ခပ်ယူသောက်သုံးနေရ

ရိခေါဒါရ် ဇန်န၀ါရီ ၂၇-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် ရိခေါဒါရ်မြို့မှာ နေထိုင်တဲ့ ပြည်သူတွေဟာ သောက်သုံးရေ အသုံးပြုဖို့အတွက် မြို့နဲ့ ၅ မိုင်ကျော် ဝေးတဲ့ နေရာမှာ ရှိတဲ့ စိမ့်စမ်းရေကို သွယ်ယူအသုံးပြုကြရာကနေ စိမ့်စမ်းရေ ခမ်းလာတာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ သောက်သုံးရေကို ရိရေအိုင်ကနေ ခပ်ယူအသုံးပြုနေကြရတယ်လို့ ရိခေါဒါရ်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန်လျန်းမာက ပြောပါတယ်။ ရိခေါဒါရ်မြို့က ပြည်သူတွေဟာ ဆိုရင် အသဲနှလုံးပုံသဏ္ဍာန်ရှိတဲ့ ရိရေအိုင်ဘေးမှာ နေထိုင်ကြတာ ဖြစ်ပြီး သောက်သုံးရေအတွက် စိမ့်စမ်းရေကို အခြားနေရာကနေ သွယ်ယူအသုံးပြုနေကြတာဖြစ်ပါတယ်။ဒီလို သွယ်ယူတဲ့ စိမ့်စမ်းရေဟာ ပွင့်လင်းရာသီ ရောက်လာပြီး ခမ်းခြောက်လာတာကြောင့် မြို့အတွင်း နေထိုင်တဲ့ ပြည်သူတွေ သောက်သုံးရေ မလုံလောက်မှု နဲ့ စတင်ရင်ဆိုင်လာရပါတယ်။ ဒီလို  ကြုံတွေ့လာရတာကြောင့် ရိရေအိုင်ဘေး နေသူတွေဟာ…

Read More

လေးရက်အတွင်း တရားမဝင်သွားလာနေတဲ့ ဘင်္ဂါလီ ၃၅ ဦးဖမ်းဆီးရမိ

စစ်တွေ၊ ဇန်နဝါရီ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းကနေ ရန်ကုန်နဲ့ ပြည်ပနိုင်ငံတွေကို အထောက်အထားမဲ့ ထွက်ခွာသွားနေကြတဲ့ ဘင်္ဂါလီ ၃၅ ဦးတို့ကို လေးရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့က ရခိုင်ပြည်နယ်က ရန်ကုန်ကို ဆန်တွေသယ်ဆောင်လာခဲ့တဲ့ ကုန်တင်ယာဉ်ပေါ်မှာလိုက်ပါလာ တဲ့ ဘင်္ဂါလီ ၁၁ ဦးကို အမ်းမြို့နယ် ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒ့ါအပြင် ၂၄ ရက်နေ့မှာ စစ်တွေမြို့နယ်အတွင်းကနေ မလေးရှားနိုင်ငံကို ရေကြောင်းခရီးကနေ လှေတွေနဲ့သွားရောက်ကြ မယ့် ဘင်္ဂါလီ ၁၈ ဦးနဲ့ လူပွဲစားနှစ်ဦးတို့ကို စစ်တွေမြို့ ဘာဆာရာကမ်းခြေမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။ “စစ်တွေမြို့နယ်အတွင်းကနေပြီးတော့ မလေးရှားကိုထွက်ဖို့ပြင်ဆင်နေကြတဲ့ ဘင်္ဂါလီ ၁၈ ဦးနဲ့ လူပွဲစားနှစ်ဦးကို ဘာဆာရာကမ်းခြေကနေပြီးတော့ ဖမ်းဆီးရမိခဲ့ပါတယ်။ ၂၃ ရက်နေ့ ည ၈ နာရီလောက်မှာ လူစုနေတဲ့အချိန်…

Read More

သက်ငယ်မုဒိမ်းမှုကျူးလွန်​ပြီး ထွက်​​ပြေးတဲ့ ရဲဒု-တပ်​ကြပ်​ကို ရန်​ကုန်​-မန္တ​လေး အမြန်​လမ်း မှာ ဖမ်းဆီးရမိ

မန္တ​လေး၊ ဇန်​နဝါရီ ၂၆-၂၀၁၉ ဟိန်းကို(VOM) အသက်​၁၅နှစ်​အရွယ်​ မိန်းက​လေးကို ဇန်​နဝါရီလ ၂၂ ရက်​​နေ့ ညပိုင်းက သားမယာပြုကျင့်​မှုပြီး ထွက်​​ပြေး​နေတဲ့ မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​ အမှတ်​(၇)ရဲစခန်းက ရဲဒု-တပ်​ကြပ်​ ​တေဇာ​အောင်​ကို ဇန်​နဝါရီ ၂၅ ရက်​ ည​ပိုင်းက ရန်​ကုန်​-မန္တ​လေး အမြန်​လမ်း မိုင်​တိုင်​၆၆/၆ ဒိုက်​ဦးရဲစခန်းအပိုင်​မှာ ဖမ်းဆီးရမိတယ်​လို့ အမှတ်​(၇)ရဲစခန်းက​နေသိရပါတယ်​။ ” သူ့ကို ဇန်​နဝါရီ၂၅ ညပိုင်းက အမြန်​လမ်း ဒိုက်​ဦးရဲစခန်းအပိုင်​မှာ ဖမ်းမိပါတယ်​ ကျွန်​​တော်​တို့စခန်းက ဒု-ရဲအုပ်​ရဲ​မောင်​နဲ့ သူ့မိသားစုကရင်းနှီး​တော့ သူ့နဲ့အဆက်​သွယ်​ရ​အောင်​စည်းရုံးပြီး သူ့နဲ့ဖုန်းရ​တော့ ​​အကျိုးအ​ကြောင်း ​ပြော ​ဖြောင့်​ဖြစည်းရုံးပြီး​တော့ သူ့ကို​ခေါ်လာတယ်​” လို့ အမှတ်​(၇)ရဲစခန်းမှူး ရဲအုပ်​-ခင်​​ဇော်​က​ပြောပါတယ်​။ ရဲဒု-တပ်​ကြပ်​ ​တေဇာ​အောင်​ကို မိန်းက​လေးရဲ့ဖခင်ြ​ဖစ်​သူက တရားလိုပြုလုပ်​ကာ (ပ)၆၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃နဲ့ အမှုဖွင့်​တိုင်​တန်းထားတာဖြစ်​ပါတယ်​။ အသက်​(၁၆)နှစ်​မပြည့်​​သေးတဲ့ မိန်းက​လေးနဲ့ကာမစပ်​ယှက်​ရင်​ အလိုလို​နေရင်းမုဒိမ်းမှု​မြောက်​ပြီးသား ဖြစ်​တဲ့အတွက်​ မဟာ​အောင်​​မြေမြို့နယ်​၊ အမှတ်​(၇)ရဲစခန်းအပိုင်​ထဲမှာ…

Read More

တစ်နှစ်လျှင် ဒေါ်လာသန်း ၁၂၀ တရုတ်ကို အတိုးပေးရမယ့် ရထားလမ်းစီမံကိန်း မလေးရှားဖျက်သိမ်းလိုက်ပြီ

ကွာလာလမ်ပူ၊ ဇန်န၀ါရီ-၂၆ မျိုးဆက် (VOM) မလေးရှားနိုင်ငံဟာ တရုတ်ဆက်သွယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ (CCCC) နဲ့ သဘောတူညီထားတဲ့ ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိ အရှေ့ကမ်းရိုးတန်းရထားလမ်း စီမံကိန်းကို ဖျက်သိမ်းလိုက်ပြီလို့ မလေးရှားစီးပွားရေး ၀န်ကြီးက ဇန်န၀ါရီ ၂၆ ရက်တွင် အတည်ပြုပြောဆိုလိုက်ပါတယ်။ အခြေခံမူတစ်ခုခြင်းစီအပေါ် အခြေခံပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှုတွေကို မလေးရှားနိုင်ငံက ကြိုဆိုမယ်လို့ အာမခံချက်ပေးထားပေမယ့်လည်း အဆိုပါစီမံကိန်းရဲ့  ကုန်ကျစရိတ်မှာ အလွန်များပြားတယ်လို့ စီးပွားရေးဝန်ကြီး မိုဟာမက် အာဇာမင်အလီက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ အဆိုပါ မီးရထားလမ်းစီမံကိန်း ကုန်ကျစရိတ်မှာ အလွန်ကြီးပြီး မိမိတို့မှာ ယင်းကုန်ကျရန် ဘဏ္ဍာရေး အခြေအနေမရှိတာကြောင့် စီမံကိန်း ဖျက်သိမ်းဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။ ယင်းစီမံကိန်းနှင့်ပတ်သက်၍ အတိုးမှာ  တစ်နှစ်လျှင် ဒေါ်လာ သန်း ၁၂၀ ကုန်ကျမှာဖြစ်ပြီး အဆိုပါကုန်ကျစရိတ်ကို မတတ်နိုင်တာကြောင့်…

Read More

ဘရာဇီးနိုင်ငံမှာ ဆည်တစ်ခုကျိုးကျလို့ လူ ၃၀၀ ကျော်ပျောက်ဆုံးနေ

ရီယိုဒီဂျနေရို  ၊ ဇန်န၀ါရီ-၂၆ မျိုးဆက် (VOM) ဘရာဇီးနိုင်ငံမှာ အရှေ့တောင်ပိုင်းရှိ သတ္တုတွင်းမှာရှိတဲ့ ဆည်တစ်ခုဟာ ဇန်န၀ါရီ ၂၅ ရက်မှာ ကျိုးပြီးနောက် အလုပ်သမား ၃၀၀ ကျော်ပျောက်ဆုံးလျှက်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သတ္တုတွင်း အလုပ်သမားတွေ နေ့လည်စာစားနေတဲ့ ကော်ဖီဆိုင်ဟာ ရွှံ့နွံတွေနဲ့ ဖုံးလွှမ်းသွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်သားတွေက မီနက်စ်ဂီရစ်ပြည်နယ် ဘာရူမာဒင်ဟိုမြို့အနီးမှာရှိတဲ့ သတ္တုတွင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။ ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ရာမှာ အသက်ရှင်ဖို့ ရာခိုင်နှုန်းအလွန်နည်းပါးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရိုမီဇီမာက ပြောဆိုပြီး လက်ရှိမှာ လူကိုးဦးသေဆုံးကြောင်း အတည်ပြုပါတယ်။ ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးသတ္တုတွင်း ကုမ္ပဏီ ဗာလီက ပိုင်ဆိုင်တဲ့ အဆိုပါဆည် ဘာကြောင့်ကျိုးခဲ့ တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ မီနက်စ်ဂီရစ်ပြည်နယ်အတွင်း အခြားသောမြို့တစ်မြို့မှာ လူပေါင်း၁၉ဦးသေဆုံးခဲ့တဲ့ ရေကာတာကျိုးမှုတစ်ခုဖြစ်ပေါ်ပြီးနောက် သုံးနှစ်ကျော်မျှအကြာမှာ ယခုဖြစ်ရပ်ဖြစ်ပေခဲ့ခြင်းဖြစ်ပြီး ဘရာဇီးနိုင်ငံရဲ့ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်ရာဒေသသို့…

Read More
VOM News

FREE
VIEW