ငွေကြေးအကျိုးအမြတ် လုံးဝမရှိဘဲ အခွေထုတ်လိုက်တဲ့ ဂီတမှူး ဓီရာမိုရ်

ရန်ကုန် ဇန်နဝါရီ ၂၇-၂၀၁၉

သင်းသဒ္ဒါ (VOM)

ဇော်ဂျီ ရဲ့ သံစဉ်ခွေ Zaw-G’s Tunes သီချင်းခွေကို ထုတ်ပေးလိုက်တဲ့ ဂီတမှူး ဓီရာမိုရ် ကတော့ သီချင်းခွေထုတ်တာ  ငွေရေးကြေးရေးအကျိုးအမြတ်ကတော့ လုံးဝရှိမှာမဟုတ်ပါဘူးလို့ဆိုပါတယ်။

”ကျွန်တော်တို့ ဘယ်အသိုင်းအဝိုင်းမဆို လူငယ်တွေကို တံခါးဖွင့်ပေးဖို့လိုတယ်။ မျိုးဆက်သစ် လူငယ်တွေကို ဆွဲခေါ်လာဖို့လိုတယ်။ လမ်းတွေပြဖို့ လိုတယ်၊ လမ်းတွေလည်း ဖောက်ခိုင်းဖို့လိုတယ်။ ဘယ်လိုနေရာမဆို လိုအပ်ပါတယ်။ ဂီတလောကဆိုလည်း ပခုံးပြောင်း တာဝန်ထမ်းဆောင်မယ့် စွမ်းအင်မြှင့်တင်တဲ့ လူတွေလိုအပ်ပါတယ်။ ဒါကြောင့် မျိုးဆက်သစ်တွေကို မြေတောင်မြှောက်တဲ့အနေနဲ့ ကိုယ်တိုင်ထုတ်လုပ်ပေးတယ်။ စွမ်းဆောင်ရည်ရှိတဲ့ ကလေးတွေများလာဖို့အတွက် အရှုံးအမြတ်မတွက်ပဲ လက်ကမ်းကြိုဆိုတာပါ။  ဒီခွေထုတ်တာ ငွေရေးကြေးရေးအကျိုးအမြတ်ကတော့ လုံးဝရှိမှာမဟုတ်ပါဘူး။ ကိုယ့်လောက အတွက်ကောင်းလာမှာပါ”လို့ဆိုပါတယ်။

၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့ကတော့ အကယ်ဒမီ ဓီရာမိုရ်ရဲ့ နာမည်ကျော် အော်ဂက်စတာတီးဝိုင်းနဲ့ Academy Tribute မြန်မာ့ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းတွေကို နာမည်ကြီး အဆိုရှင်တွေက ဂုဏ်ပြုတီးခတ်ဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့ ၊ အမျိုးသားဇာတ်ရုံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ဂီတမှုးတစ်ယောက်အနေနဲ့” နောက်ခံတေးဂီတွေ ဖန်တီးတဲ့နေရာမှာ သင်ကြားမှု တော်တော်ခက်ခဲတဲ့ အပိုင်းလို့လည်း ကျွန်တော် ပြောလို့ရပါတယ်။ ဝါရင့်ဆရာတွေဆီက လက်ဆင့်ကမ်းလာသူတွေရှိမယ်။ ကျွန်တော်တို့ဆိုလည်း ဂီတကိုသတ်သတ်သင်တယ်။နောက်မှ နောက်ခံတေးဂီတကိုသင်ရပါတယ်။ ဒီလို Special Live တွေ ကျွန်တော်တို့ဆီမှာ ရှားနေသေးပါတယ်။ ဒီအတွက် သင်ကြားမှုတွေလည်း လုပ်ဆောင်သွားရှိပါတယ်။အထူးပြုလေ့လာသူတွေလည်း နည်းနေပါသေးတယ်” လို့ဆိုပါတယ်။

ဓာတ်ပုံ- သင်းသဒ္ဒါ

#voiceofmyanmar#ဓီရာမိုရ်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW