အဂတိလိုက်​စားမှုနဲ့ ​ နေပြည်​​တော်​စည်​ပင်​က ဌာနမှူးကို ​ထောင်​ဒဏ်​(၃)နှစ်​ချမှတ်

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၅-၂၀၁၉

ဟိန်းကို(VOM)

၂၀၁၃ခုနှစ် အဂတိလိုက်စားရေး ဥပဒေပုဒ်မ ၅၆ နဲ့ တရားစွဲဆိုခံထားရတဲ့ ​နေပြည်​​တော် စည်​ပင်​သာယာ​ရေး​ကော်​မတီ က တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံများဌာန ဌာနမှူး ဒေါက်တာခိုင်စိုးလှကို ဒီက​နေ့ ​နေ့လည်​ပိုင်းက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးက​နေ ​ထောင်​ဒဏ်​(၃)နှစ်​ ကျခံ​စေဖို့ အမိန့်​ချခဲ့ပါတယ်​။

ဒေါက်တာ ခိုင်စိုးလှဟာ သားသတ်လုပ်ငန်းလုပ်ကိုင်တဲ့  ဦးမျိုးခက်ဆီက  ၂၀၁၇ သြဂုတ်လ ၁၁ ရက်နေ့တုန်းက ကျပ်ငါးသိန်း၊ ၂၀၁၇ သြဂုတ်လ ၁၉ ရက်နေ့မှာ ကျပ် ဆယ်သိန်း၊ ဦးဘိုဘိုဟန်ဆီကနေ ၂၀၁၇ ခုနျစ် မေလဆန်းမှာ ကျပ်သိန်း လေးဆယ်တို့ကို  ရယူခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့  ကြေညာချက်တွေမှာတွေ့ရပါတယ်။

အဲဒီကိစ္စကြောင့်  ဒေါက်တာခိုင်စိုးလှကို ရာဇဝတ်ကြီးအမှုအမှတ် ၆/၂၀၁၇၊၇/၂၀၁၇တို့နဲ့ ၂၀၁၇ခုနှစ်၊အောက်တိုဘာလ ၃၁ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ တိုင်ကြားချက်အရ နေပြည်တော် ဇမ္ဗူသီရိ ရဲစခန်းမှာ အမှုဖွင့်​ခဲ့ပါတယ်​။

၂၀၁၈ခုနှစ်​ ဇွန်(၁၂)ရက်​နေ့က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က​နေ ၂၀၁၃ခုနှစ် အဂတိလိုက်စားရေး ဥပဒေပုဒ်မ ၅၆နဲ့ စွဲချက်​တင်​စစ်​​ဆေးခဲ့ပါတယ်​။

တိရစ္ဆာန်ကုသရေးနှင့်သားသတ်ရုံများဌာနမှဌာနမှူး​ဒေါက်တာခိုင်စိုးလှဟာ နိုင်ငံ့ဝန်ထမ်းလုပ်ပိုင်ခွင့်ရှိသူများအနေနဲ့ လုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံးစာပြုပြီး ငွေကြေးရယူခဲ့​တာကို စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၆ နဲ့ ​ထောင်​ဒဏ်​(၃)ချမှတ်​ခံရခြင်း ဖြစ်​ပါတယ်​။

ဒေါက်တာခိုင်စိုးလှနဲ့အမှုတွဲတူ ဈေးများဌာနမှူး ဦးမင်းလွင်စိုးကိုဆွဲဆိုထားတဲ့အမှုကိုတော့ နောက်ရုံးချိန်းတွေမှာ စီရင်ချက်ချမှတ်ဖွယ်ရှိပါတယ်။

 

#voiceofmyanmar#အဂတိလိုက်​စားမှုနဲ့တရားစွဲခံရတဲ့#​နေပြည်​​တော်​စည်​ပင်​ကဌာနမှူးကို​ထောင်​ဒဏ်​(၃)နှစ်​ချမှတ်​#

Related posts

Leave a Comment

VOM News

FREE
VIEW