သမီးအရင်း ကို အဓမ္မပြုဖို့ ကြံစည်သူကို ဖမ်းဆီးအရေးယူ

ကသာ – ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉

နိုင်ကြီး (ကသာ) (VOM)

 

စစ်ကိုင်းတိုင်း ကသာခရိုင် ကောလင်းမြို့ ဈေးရုံရပ်ကွက်မှာ ဖေဖော်ဝ့ရီ(၁၅)ရက်နေ့ညက အိပ်ပျော်နေတဲ့ သမီးအရင်းကို အဖေဖြစ်သူက အရက်မူးပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။

 

ကောလင်းမြို့ ဈေးရုံရပ်ကွက်မှာ နေထိုင်တဲ့ မ. . . (၁၅)နှစ် ဟာ အခင်းဖြစ်ည(၈း၃၀) အချိန် နေအိမ်အိပ်ခန်းအတွင်း ခြင်ထောင်ချပြီး အိပ်နေစဉ် ဖခင်အရင်းဖြစ်သူဟာ အရက်မူးပြီး မဖွယ်မရာ ပြုတာကြောင့် လန့်နိုးလာပြီး မိခင်ဖြစ်သူကို အော်ခေါ်တာကြောင့် သိရှိပြီး မိခင်ဖြစ်သူက ကောလင်းရဲစခန်းကို တိုင်ကြားခဲ့တယ်လို့ ရဲကပြောပါတယ်။

 

ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သူ ဦးမင်းနိုင် (၅၀)နှစ် ကို ချက်ခြင်းဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၆/၅၁၁ နဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ ကောလင်းမြို့မ ရဲစခန်းက ပြောပါတယ် ။

Related posts

Leave a Comment

VOM News

FREE
VIEW