NLD ၉၀ အမတ်ဟောင်းနဲ့ အိမ်အကူမိန်းကလေး အပြန်အလှန် တရားစွဲဆို (ရုပ်သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉

TGH (VOM)

NLD ၁၉၉၀ အမတ်ဟောင်းဖြစ်သလို လက်ရှိမှာလည်း ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဌ ဖြစ်သူ  ဦးမင်းဆွေဟာ  အသက်မပြည့်သေးတဲ့ အိမ်အကူအလုပ်သမား မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး နှစ်ဖက် အပြန်အလှန်အမှုဖွင့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဦးမင်းဆွေဟာ ၄င်းရဲ့ ရန်ကုန်မြို့ မရမ်းကုန်မြို့နယ်မှာရှိတဲ့ Grate Light ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အိမ်အကူ အဖြစ်အလုပ်လုပ်ဖို့ခန့်ထားတဲ့ ဖျာပုံမြို့နယ်က အသက် (၁၅) နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရစေခဲ့သလို လက်ရှိမှာလည်း နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အပုတ်ချ၊ သိက္ခာချမှု (နိုင်/ ၁၀) တရားစွဲထားတာကို မကျေနပ်လို့ဆိုပြီး မိန်းကလေးရဲ့မိခင်က ယနေ့ဖေဖော်ဝါရီ ၁၉ ရက်နေ့ မရမ်းကုန်မြို့နယ်ရဲစခန်းမှာ ပုဒ်မ ၃၇၆ အမှုဖွင့်ခဲ့တယ်လို့ ကာယကံရှင်တွေက ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကာယကံရှင် မိန်းကလေးဟာ အသက်၁၂နှစ် အရွယ်ကတည်းက အဲ့ဒီ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အိမ်အကူအဖြစ် စတင်လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW