NLD ၉၀ အမတ်ဟောင်းနဲ့ အိမ်အကူမိန်းကလေး အပြန်အလှန် တရားစွဲဆို (ရုပ်သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉ TGH (VOM) NLD ၁၉၉၀ အမတ်ဟောင်းဖြစ်သလို လက်ရှိမှာလည်း ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဌ ဖြစ်သူ  ဦးမင်းဆွေဟာ  အသက်မပြည့်သေးတဲ့ အိမ်အကူအလုပ်သမား မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး နှစ်ဖက် အပြန်အလှန်အမှုဖွင့်ခဲ့ကြတယ်လို့ သိရပါတယ်။ ဦးမင်းဆွေဟာ ၄င်းရဲ့ ရန်ကုန်မြို့ မရမ်းကုန်မြို့နယ်မှာရှိတဲ့ Grate Light ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အိမ်အကူ အဖြစ်အလုပ်လုပ်ဖို့ခန့်ထားတဲ့ ဖျာပုံမြို့နယ်က အသက် (၁၅) နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရစေခဲ့သလို လက်ရှိမှာလည်း နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အပုတ်ချ၊ သိက္ခာချမှု (နိုင်/ ၁၀) တရားစွဲထားတာကို မကျေနပ်လို့ဆိုပြီး မိန်းကလေးရဲ့မိခင်က ယနေ့ဖေဖော်ဝါရီ ၁၉ ရက်နေ့ မရမ်းကုန်မြို့နယ်ရဲစခန်းမှာ ပုဒ်မ ၃၇၆ အမှုဖွင့်ခဲ့တယ်လို့ ကာယကံရှင်တွေက ဒီနေ့…

Read More

၉၀ အမတ်ဟောင်းနဲ့ အိမ်အကူမိန်းကလေး အပြန်အလှန် တရားစွဲဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉ TGH (VOM)   ၁၉၉၀ အမတ်ဟောင်းဖြစ်သလို လက်ရှိမှာလည်း ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီပါတီရဲ့ ဥက္ကဌ ဖြစ်သူ ဦးမင်းဆွေဟာ  အသက်မပြည့်သေးတဲ့ အိမ်အကူအလုပ်သမား မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး နှစ်ဖက် အပြန်အလှန်အမှုဖွင့်ခဲ့ကြတယ်လို့ သိရပါတယ်။ ဦးမင်းဆွေဟာ ၄င်းရဲ့ ရန်ကုန်မြို့ မရမ်းကုန်မြို့နယ်မှာရှိတဲ့ Grate Light ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အိမ်အကူ အဖြစ်အလုပ်လုပ်ဖို့ခန့်ထားတဲ့ ဖျာပုံမြို့နယ်က အသက် (၁၅) နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရစေခဲ့သလို လက်ရှိမှာလည်း နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အပုတ်ချ၊ သိက္ခာချမှု (နိုင်/ ၁၀) တရားစွဲထားတာကို မကျေနပ်လို့ဆိုပြီး မိန်းကလေးရဲ့မိခင်က ယနေ့ဖေဖော်ဝါရီ ၁၉ ရက်နေ့ မရမ်းကုန်မြို့နယ်ရဲစခန်းမှာ ပုဒ်မ ၃၇၆ အမှုဖွင့်ခဲ့တယ်လို့ ကာယကံရှင်တွေက ဒီနေ့…

Read More

ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာ မီးနင်းပွဲ

စရီမာရီယမ္မာန် မယ်တော်ကြီးဘုရားကျောင်း(၂၄)ကြိမ်မြောက် မီးနင်းပွဲ ကျင်းပ မန္တလေး၊ ဖေဖေါ်ဝါရီ ၁၉-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက် ၇၇လမ်း ၂၆လမ်း နဲ့ ၂၇လမ်းကြား မှာ တည်ထားကိုးကွယ်တဲ့ စရီမာရီယမ္မာန် မယ်တော်ကြီးဘုရားကျောင်းရှေ့မှာ ဒီကနေ့ ညနေပိုင်းက ရိုးရာမီးနင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ” ကျန်းမာရေးမကောင်းဘူးဆိုရင် ကျန်းမာရေးကောင်းရမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ ကျန်းမာရေးကောင်းသွားရင် မီးကိုနင်းရတာ အဓိဋ္ဌာန်အောင်သွားပြီဆိုတဲ့သဘောနဲ့ နင်းရတာပေါ့၊ စီးပွားရေးဆိုလည်း အဲ့လိုပဲ စီးပွားရေးမှာ အောင်မြင်ရင် အဲ့လို မီးနင်းတယ်၊ အစတည်းက မယ်တော်ကြီးဆီလာပြီး အဓိဋ္ဌာန်ထားလိုက်တာ အောင်မြင်သွားတိုင်း ခုလို မီးလာနင်းရတယ် ” လို့ မဟာပိန္နဲဘုရားကျောင်း နဲ့ စရီမာရီယမ္မာန် မယ်တော်ကြီး ဘုရားကျောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးNအပါဦး (ခ) ဦးမောင်မောင်လွင် က ပြောပါတယ်။ ခုလို မီးနင်းပွဲတော်ကျင်းပလာတာဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီး…

Read More

ကက်ရှ်မီးယား ဗုံးခွဲတိုက်ခိုက်မှုမှာ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ ပါဝင်တယ်လို့ အိန္ဒိယစွပ်စွဲ

ဒေလီ၊ ဖေဖော်ဝါရီ-၁၉-၂၀၁၉ မျိုးဆက်( VOM)   ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စုက အိန္ဒိယတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားကို ဗုံးခွဲတိုက်ခိုက်မှုမှာ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ ပါဝင်ပတ်သက်နေတယ်လို့ အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ အိန္ဒိယထိပ်တန်း စစ်ဘက်တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၉ ရက်က ပြောပါတယ်။   တိုက်ခိုက်မှု နောက်ကွယ်က ခေါင်းဆောင်တွေကို ခြေရာခံခဲ့ပြီး ၎င်းတို့ဟာ နယ်စပ်မှာရှိတဲ့ ပါကစ္စတန်ဘက်အခြမ်းကိုနေ ကြိုးကိုင်ခဲ့တယ်လို့ အိန္ဒိယစစ်ဘက်က ဒုဗိုလ်ချုပ်ကြီး ဒေလွန်က သတင်းထောက်တွေကိုပြောပါတယ်။   လွန်ခဲ့တဲ့ ကြာသပတေးနေ့က ကက်ရှ်မီးယားဒေသမှာ ဖြစ်ပွားခဲ့တဲ့  အဆိုပါဗုံးခွဲတိုက်ခိုက်မှုကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၄၀ သေဆုံးခဲ့ပြီး တိုက်ခိုက်မှုကို ပါကစ္စတန်အခြေစိုက် Jaish-e-Mohammad စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ၀န်ခံထားပါတယ်။   ပါကစ္စတန်ဘက်ကတော့ ဗုံးခွဲတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချပြီး ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားကာ ဆိုးရွားနေတဲ့ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ကြားဝင်ပေးဖို့…

Read More

နယ်စပ်တံတိုင်းကာရံဖို့ အရေးပေါ်အခြေအနေ ကြေညာတာကြောင့် အမေရိကန် ပြည်နယ် ၁၆ ခုက အစိုးရကို တရားစွဲ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၉-၂၀၁၉ မျိုးဆက် (VOM)   မက္ကဆီကိုနယ်စပ်မှာ တံတိုင်းကာရံရေးအတွက် ရန်ပုံငွေတိုးမြင့်ပေးဖို့အတွက် အရေးပေါ်အခြေ အနေကြေညာခဲ့တဲ့ ဒေါ်နယ်ထရန့်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကယ်လီဖိုးနီးယားပြည်နယ်ဦးဆောင်တဲ့ အမေရိကန်ပြည်နယ် ၁၆ ခုက အမေရိကန် အစိုးရကို တရားစွဲလိုက်ပါတယ်။   တံတိုင်းအတွက် ရန်ပုံငွေ ၅ ဒသမ ၇ ဘီလီယံကို ခွင့်ပြုဖို့ အမေရိကန် ကွန်ဂရက်က ငြင်းပယ်လိုက်ပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်မှာ အရေးပေါ်အခြေအနေကို ဒေါ်နယ်ထရန့်က ကြေညာခဲ့တာဖြစ်ပါတယ်။   မစ္စတာထရန့်ဟာ ရွေးကောက်ပွဲကာလက အဓိကကတိကဝတ်ဖြစ်တဲ့ တံတိုင်းတည် ဆောက်ရေးလုပ်ငန်း အတွက် ရန်ပုံငွေရဖို့နဲ့ ကွန်ဂရက်ကို ရှောင်လွှဲဖို့ အရေးပေါ်အာဏာထုတ်သုံးပြီးနောက် ရက်ပိုင်းအကြာမှာ ပြည်နယ် ၁၆ ခုက တရားစွဲလိုက်တာဖြစ်ပါတယ်။   အစိုးရကို တရားစွဲတဲ့ ပြည်နယ်တွေကတော့ ဒေါ်နယ်ထရန့်က သမ္မတအာဏာ အလွဲသုံးစားပြုတာကို  တားဆီးချင်တယ်လို့…

Read More

ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးတို့  ပါတီကိုဘယ်လိုရပ်တည်မလဲ

ရန်ကုန် ဖေဖေါ်ဝါရီ ၁၉ -၂၀၁၉ နေလင်း (VOM) ၈၈ မျိုးဆက်ကျောင်းသားအများစုနဲ့ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီဟာ အခုဆိုရင် နိုင်ငံနေရာ အတော်များများမှာ သူတို့ရဲ့ ပါတီရုံးတွေ ဖွင့်လာတာကို တွေ့ရပါတယ်။   ပါတီရဲ့ လက်ရှိအနေအထားနဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ပထမဆုံးအနေနဲ့  ပါတီရဲ့ လက်ရှိအခြေအနေကို စမေးကြည့်တော့   #ဦးကိုကိုကြီး#  

Read More

ပျူရိုးရာ ဥာဏ်ရိုးမီးပူဇော်ပွဲကို ပြည်မြို့မှာ အစဉ်လာမပျက် စည်ကားစွာကျင်းပ

ပြည် ဖေဖေါ်ဝါရီ ၁၉ – ၂၀၁၉ လမင်း (VOM)   ပျူလူမျိုးတို့ရဲ့ရိုးရာယဉ်ကျေးမှု ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ ဥာဏ်ရိုးမီးပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တပို့တွဲလပြည့်နေ့ မနက် ၄ နာရီအချိန်ခန့်က ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပြည်မြို့ရှိ ရှေးဟောင်းသမိုင်းဝင်စေတီတစ်ဆူဖြစ်တဲ့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးမှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။ ဥာဏ်ရိုးမီးပူဇော်ပွဲကိုကျင်းပလာခဲ့တာဟာ  နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ အထူးခြားဆုံး ရှေးရိုးရာဘာသာရေးပွဲတစ်ခုလည်းဖြစ်ပါတယ်။ ချမ်းအေးတဲ့ တပို့တွဲလရာသီမှာ ဗုဒ္ဓဘုရားရှင်ကို အလင်းဓာတ်နဲ့ အနွေးဓာတ်လှူဒါန်းလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ရှေးလူကြီးတွေက ပြောခဲ့တာကြောင့် ဒီနေ့ခေတ်လူငယ်တွေထိ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ ယဉ်ကျေးမှုဖြစ်ပါတယ် ။ တပို့တွဲလပြည့်နေ့မတိုင်မီ တောသူတောင်သားတွေဟာ  တောတောင်တွေထဲက ဆင်စွယ်အလားသဏ္ဍန်တူပြီး  ဥာဏ်ပင်လို့ခေါ်တဲ့ အဖြူရောင်အဆင်းရှိ ပေါ့ပါးတဲ့ သစ်ကိုင်းချောင်းကလေးတွေကို ခုတ်ယူနေပူလှန်း လှပမှုရှိအောင်အချောကိုင်ပြီး ရွှေဆံတော်ဘုရားကြီး မြောက်စောင်းတန်းအရှေ့ဘက်မှာ ရောင်းချကြပါတယ်။ ကိုယ်တိုင်မခုတ်နိုင်သူတွေက အဲဒီဆိုင်တွေကနေဝယ်ပြီး…

Read More

စစ်ကိုင်းမြို့က ဘဲဥထုပွဲတော်

စစ်ကိုင်း ဖေဖော်ဝါရီ ၁၉-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်အတွင်းရှိတဲ့  ဇိနမာရ်အောင် လောကချမ်းသာ ကြေးဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်မှာရိုးရာ အစဉ် အလာမပြတ်ထည့်သွင်းကျင်းပလာတဲ့ဘဲဥ ထုပွဲတော်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန်က စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ VOM ရဲ့ စစ်ကိုင်းသတင်းထောက် စောပြည့်ချမ်းသာက ရိုက်ကူးတင်ဆက်ထားပါတယ်။   စစ်ကိုင်း#voiceofmyanmar#ဘဲဥထုပွဲ

Read More

မြောက်ဦးမြို့နယ် ရမ်းချောင်းအထက်ပိုင်းမှာ တိုက်ပွဲဖြစ်နေ

မြောက်ဦး၊ ဖေဖော်ဝါရီ ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ မြောက်ဦးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ ရမ်းချောင်းအထက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ AA တို့ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်လောက်ကစတင်ပြီးတော့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။   အဲဒီတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ရန်အောင်ပြင်ကျေးရွာနဲ့ ကျောက်ဆည်ပြင်ကျေးရွာအကြားမှာရှိတဲ့ ပဒင်း မြောင်ထဲမှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။   “တိုက်ပွဲက ရန်အောင်ပြင်နဲ့ ကျောက်ဆည်ပြင်ရွာကြားက ပဒင်းမြောင်ထဲမှာဖြစ်နေတာပါ။ ရန်အောင်ပြင်ရွာနဲ့ နီးပါတယ်။ မနက် ၁၀ နာရီမထိုးခင်လောက်ကနေ စဖြစ်တယ်လို့ သတင်းရပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။   တိုက်ပွဲဖြစ်ပွားမှုမှာ လက်ရှိအချိန်ထိဖြစ်ပွားနေခြင်းဖြစ်ပြီး အခြေအနေမှာ ပြင်းထန်နေတဲ့အတွက် လက်နက်ကြီးပစ်ခတ်သံတွေကိုလည်း ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမဘေးရှိ တောင်ဦးကျေးရွာကနေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “တိုက်ပွဲကတော့ဖြစ်နေတုန်းပါပဲ။ တောင်ဦးတို့ ကျီရာပြင်တို့ကနေ ပစ်ခတ်တာတွေကို ကြားနေရပါတယ်။ လက်နက်ကြီးသံရော လက်နက်ငယ်သံရောကြားရပါတယ်။ တောင်ဦးနဲ့ အဲဒီနေရာနဲ့ သိပ်မဝေးဘူး။…

Read More
VOM News

FREE
VIEW