ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ မီးဘေး လူ ၇၀ ဦးထက်မနည်းသေဆုံး

ဒါကာ၊ ဖေဖော်ဝါရီ-၂၁-၂၀၁၉

မျိုးဆက် (VOM)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ ရှေးဟောင်းသမိုင်းဝင်ဒေသတစ်ခုမှာ မီးလောင်ကျွမ်းမှုကြောင့် လူ ၈၀ ဝန်းကျင် သေဆုံးသွားပါတယ်။

 

အဲဒီ မီးလောင်ကျွမ်းမှုဟာ ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက မီးလောင်လွယ်တဲ့ ဓါတုဗေဒပစ္စည်းတွေ သိုလှောင်ထားတဲ့ လူနေအဆောက်အဦ တစ်ခုရဲ့ ပထမထပ်မှာ စတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ အဆောက်အအုံတွေကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

 

ရာစုနှစ်များစွာ ကြာမြင့်ပြီဖြစ်တဲ့ ချော့ဘဇားဒေသဟာ လမ်းတွေအရမ်းကျဉ်းမြောင်းပြီး လူနေထိုင်ရာ အဆောက်အဦးတွေကလည်း တစ်ခုနဲ့တစ်ခု လက်မနည်းငယ်ကွာဝေးပါတယ်။ မီးဟာ ဒေသစံတော်ချိန် ၁၁ နာရီ ၄၀ မိနစ်မှာ လောင်ကျွမ်းခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောပါတယ်။

 

သေဆုံးသူတွေထဲမှာ အဆောက်အဦပြင်ပက လူတွေ၊ စားသောက်ဆိုင်မှာရှိနေတဲ့ ဧည့်သည်အချို့နဲ့ မင်္ဂလာဆောင်တစ်ခုက လူတွေပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

လက်ရှိမှာ အလောင်း ၇၀ ကိုတွေ့ရှိထားပြီး လူ ၅၀ ကျော်ကို ဆေးရုံကို ပို့ဆောင်ထားရပါတယ်။ ဆက်လက်ရှာဖွေမှုတွေပြုလုပ်နေချိန်မှာ သေဆုံးသူအရေအတွက် တိုးမြင့်လာနိုင်တယ်လို့ မီးသတ်ဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ချော့ဘဇားဒေသဟာ ဒါကာမြို့ဟောင်းရဲ့ အရေးပါတဲ့နေရာဒေသတစ်ခုဖြစ်ပြီး မဂိုမင်းဆက်ကာလအတွင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကတည်ဆောက်ခဲ့တဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်ပါတယ်။

 

Ref : BBC/ Reuter

 

ဓါတ်ပုံAFP

 

Related posts

Leave a Comment

VOM News

FREE
VIEW