မူးယစ်ဆေးသယ်ဆောင်လာသူတွေရဲ့နေအိမ်က ကျည်ဆံတွေတွေ့

တောင်ကုတ်၊ ဖေဖော်ဝါရီ ၂၁-၂၀၁၉ ခိုင်လင်းစံ (VOM)   တောင်ကုတ်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလာတဲ့ ဒေသခံလူငယ်နှစ်ဦးကို ပန်းတောင်းလမ်းထဲ စစ်ဆေးရာမှာ ဆိုင်းကယ်ဘောက်အတွင်းကနေ wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။   အဲဒီလူငယ်တွေဟာ မောင်ဖြိုးဟိန်းနဲ့ မောင်ကျော်မင်းထက် (ခ) ဖိုးချိုတို့ နှစ်ဦးဖြစ်ပြီးတော့  သူတို့ရဲ့နေအိမ်တွေကို သွားရောက်ရှာဖွေရာမှာ ကျည်ဆံတွေကို ထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။   “မောင်ဖြိုးဟိန်းနဲ့ မောင်ကျော်မင်းထက်(ခ) ဖိုးချိုတို့စီးလာတဲ့ ဆိုင်ကယ်ကို စစ်ဆေးတဲ့အခါမှာ စိတ်ကြွဆေးပြား ၁၉၀ ကို ဖမ်းမိခဲ့ပါတယ်။ သူတို့နေအိမ်တွေကို သွားရှာတဲ့အခါမှာတော့ ၉ မမ ကျည်ဆံ ၅၉ တောင့်နဲ့ ၅ ဒသမ ၅၆ ကျည်ဆံ အတောင့် ၈၀ ကိုထပ်ပြီးတော့ သိမ်းဆည်းရမိခဲ့တာပါ။ မောင်ဖြိုးဟိန်းရဲ့နေအိမ်ကနေ စက္ကူပုံးတွေနဲ့ထည့်ထားတာကို ရှာဖွေတွေ့ရှိခဲ့တာပါ။”လို့…

Read More

ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ဆက်စပ်တယ်ဆိုပြီး မင်းဖူးကျေးရွာသားနှစ်ဦး ထိန်းသိမ်းခံရ

ရသေ့တောင်၊ ဖေဖော်ဝါရီ ၂၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် မေယုကမ်းဒေသမှာရှိတဲ့ မင်းဖူးကျေးရွာအနီး မနေ့က မနက်ပိုင်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။   အဲဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ မင်းဖူးကျေးရွာသားနှစ်ဦးကို တပ်မတော်က ထိန်းသိမ်းထားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။   “မနေ့က ကျွန်တော်တို့ရွာသားနှစ်ဦးကို တပ်မတော်က ဖမ်းဆီးသွားပါတယ်။ ဘာကြောင့်ဖမ်းလဲဆိုတော့ မနေ့ကမနက်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်တာနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းသွားတာပါ” လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။   တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တပ်မတော်က ကျေးရွာသားတွေကို ခေါ်ယူစစ်ဆေးမှုတွေ ရှိခဲ့ပြီး ညနေပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။   “ရွာသားတွေကို စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ နှစ်ယောက်ကိုတော့ ခေါ်သွားပြီးတော့ ကျန်တဲ့ရွာသားတွေကိုတော့ လွှတ်ပေးခဲ့ပါတယ်။ ဒီနေ့တော့ ရွာမှာ စစ်သားတွေ မရှိတော့ဘူး” လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။  …

Read More

ကောင်းမှုတော်စေတီ အဖြူရောင်ဆေးသင်္ကန်းကပ်လှူခြင်း ၇၅ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်း  ဖေဖော်ဝါရီ ၂၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့၊ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီး အဖြူရောင်ဆေးသင်္ကန်းကပ်လှူဖို့ လုပ်နေတာမှာ ၇၅ရာခိုင်နှုန်းပြီးစီးနေပြီလို့ ကောင်းမှုတော်စေတီတော် ဂေါပကအဖွဲ့ကပြောပါတယ်။ စေတီတော်ကြီးရဲ့ အောက်ခြေကနေစပြီး ဆေးဖြူသင်္ကန်းကို စသုတ်နေပြီး၊ စေတီတော် လုံးတော်မှာတော့ ရွှေဆေးတွေ ခွာချတုန်းက ကွာသွားတဲ့နေရာ၊ ချိုင့်ဖြစ်နေတဲ့နေရာတွေကို အင်္ဂတွေဖြည့်တဲ့လုပ်ငန်းတွေ ပြီးစီလုဖြစ်နေပြီလို့ ဆိုပါတယ်။ စေတီတော်လုံးတော်မှာ အင်္ဂတေဖြည့်တဲ့ လုပ်ငန်းတွေ ပြီးတာနဲ့ တပတ်အတွင်း လုံးတော်ပြည့် ဆေးဖြူသင်္ကန်းကပ်တော့မှာဖြစ်တယ်လို့ ကောင်းမှုတော် စေတီတော် ဂေါပကအဖွဲ့က ပြောပါတယ်။ လာမယ့်တပေါင်းလပြည့်နေ့မှာတော့ အဖြူရောင်ဆေးသင်္ကန်းကပ်လှူပြီးသွားတဲ့ ကောင်းမှုတော်စေတီတော်မြတ်ကြီးကို စစ်ကိုင်းမြို့မှ ပင့်သံဃာ အပါး ၁၀၀၀ တို့နဲ့ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်း၊ သံဃာအပါး ၁၀၀၀ အား ဆွမ်းကြီးလောင်းလှူ ပြီး ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး ဖွင့်လှစ်ခြင်း အခမ်းအနားများ ကျင်းပသွားမှာလို့ ဂေါပက ဥက္ကဋ္ဌ ဦးနီတင်က VOM ကို ပြောပါတယ်။     #ကောင်းမှုတော် #ကောင်းမှုတော်စေတီတော် #စစ်ကိုင်း

Read More

ချင်းလွှတ်တော် ဒုဥက္ကဋ္ဌကို တာဝန်မှ ရပ်စဲရန် ညွန်ကြားခံရ

ဟားခါး ဖေဖော်ဝါရီ ၂၁-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအောင်သန်း ကို  လွှတ်တော် ဒုဥက္ကဌတာဝန်မှ ရပ်စဲဖို့ အတွက် ပါတီဗဟိုကနေ ညွန်ကြားထားပါတယ်။   ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ က ဒီကိစ္စအပေါ် ခုလိုပြောပြပါတယ်။ “ဗဟိုပါတီကနေ လာခဲ့တဲ့ ကိစ္စပါ။ သူစာတင်ပြီးမှ အခုဗဟိုကနေ ၂၃ ရက်နေ့ နောက်ဆုံး မတင်ရင်တော့ လွှတ်တော်မှာဆုံးဖြတ်မယ်ဆိုပြီး စာလာတယ်။ ဘာကိစ္စလဲ တော့မသိဘူး။ တိုင်စာက ခြောက်ခု တင်တယ်ဆိုပြီးတော့ သူနဲ့ ကျွန်တော့်ရှေ့မှာ ဗဟိုပါတီကော်မတီတွေက ပြောတာတော့ ရှိတယ်။ ဘယ်သူ ဘယ်သူ တိုင်တာလဲ ဘာကြောင့်လဲ ဘယ်သူမှ မသိကြဘူး။ သူ့နေရာမှာ ရွေးချယ်ထားတာတော့ မရှိသေးဘူး။ အပေါ်က လူကြီးတွေက ထပ်ပြီးတော့ စီစဉ်မှာပါ” လို့ ပြောပါတယ်။…

Read More

ကွေးညွတ်နိုင်တဲ့ Galaxy Fold နဲ့  Galaxy S10 စမတ်ဖုန်းသစ်တွေ ဆမ်ဆောင်းမိတ်ဆက်

ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ-၂၁-၂၀၁၉ မျိုးဆက် (VOM)   ဆမ်ဆောင်းရဲ့ 5G ကွန်ရက်စနစ်ပါဝင်တဲ့ Galaxy S10 နဲ့  အခြား S10 စမတ်ဖုန်း သုံးလုံးကို ဖေဖော်ဝါရီ ၂၁ ရက်က မိတ်ဆက်ပြသလိုက်ပြီး ဒီပွဲမှာ ကွေးညွတ်စမတ်ဖုန်းဖြစ်တဲ့ Galaxy Fold ကိုလည်း  ဆမ်ဆောင်းကုမ္ပဏီက ထုတ်ဖော်ပြသလိုက်ပါတယ်။   ကွေးညွတ်စမတ်ဖုန်းကို အစောပိုင်းက မျှော်လင့်ထားတာထက် နှစ်လစောပြီး ရောင်းချသွားမှာဖြစ်ပါတယ်။ မိတ်ဆက်လိုက်တဲ့  Galaxy S10၊ S10+ နဲ့  S10e တို့ထဲက S10e ကို ဒေါ်လာ ၁၀၇၈ နဲ့ ရောင်းချမှာဖြစ်ပြီး ကျန်စမတ်ဖုန်းအမျိုးအစားနှစ်ခုကိုတော့ ဒေါ်လာ ၁၃၀၀ ကနေ ၂၂၀၀ အကြားဈေးနှုန်းတွေနဲ့ မတ်လ ၈ ရက်ကစပြီး ရောင်းချသွားမှာဖြစ်ပါတယ်။   5G စနစ်ပါဝင်တဲ့ Galaxy S10…

Read More

အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား ပုံစံတူ ကြေးရုပ်ထု စိုက်ထူခွင့်ရရှိ

မန္တလေး၊ ဖေဖော်ဝါရီ ၂၁-၂၀၁၉ မောင်တာရာ(VOM)   မန္တလေးတိုင်း၊ တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းမှာ ထားရှိမယ့် အင်းဝမြို့တည်နန်းတည်ဘုရင်ဖြစ်တဲ့ သတိုးမင်းဖျား ပုံစံတူ ကြေးရုပ်တု စိုက်ထူခွင့် ကို မန္တလေးတိုင်း အစိုးရအဖွဲ့က ခွင့်ပြုထားပြီးဖြစ်ကြောင်း ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောပါတယ်။     သတိုးမင်းဖျား ပုံစံတူ ကြေးရုပ်တုကို  သီတဂူဆရာတော်ဘုရားကြီး မိန့်ကြားချက်နဲ့ ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ဦးစီးပြီး ၂၀၁၇ ခုနှစ် ဇွန်လထဲက စတင်ထုလုပ်ခဲ့ကာ ၂၀၁၈ ခုနှစ် ဇွန်လက ထုလုပ်ပြီးစီးခဲ့ပါတယ်။     ရုပ်တုထုလုပ်ရန်အတွက် ပုဂံမြို့ဟောင်း နဲ့ စစ်ကိုင်းမြို့တို့မှာရှိတဲ့ နံရံဆေးရေးပန်းချီတွေကိုလေ့လာပြီး အင်းဝခေတ် ဝတ်စားဆင်ယင်မှုပုံစံကို ရယူထုလုပ်ခဲ့ရကြောင်း တမ္ပဝတီ ဦးဝင်းမောင် က  ပြောပါတယ်။     ”သတိုးမင်းဖျား…

Read More

မင်းဖူးရွာက ကျည်ထိဒဏ်ရာရသွားတဲ့ကလေးငယ်ကို စစ်တွေဆေးရုံသို့ပို့ဆောင်

ရသေ့တောင်၊ ဖေဖော်ဝါရီ ၂၁–၂၀၁၉ ခိုင်လင်းစံ (VOM)   ရသေ့တောင်မြို့နယ် မေယုကမ်းဒေသ မင်းဖူးကျေးရွာအနီး မနေ့က မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကျေးရွာသား တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။   ကျည်ထိမှန်တဲ့ကလေးငယ်ဟာ အသက် ၄ နှစ်အရွယ်ရှိတဲ့ မကေသီစိုးဖြစ်ပြီး ကျည်ထိဒဏ်ရာဟာ စိုးရိမ်ရတဲ့အနေအထား မဟုတ်ဆိုပြီး ကျေးရွာမှာဆေးဝါးကုသမှုတွေပြုလုပ်ပေးထားခဲ့ရာ နောက်ပိုင်းမှာ နှာခေါင်းသွေးယိုစိမ့်မှုတွေဖြစ်လာတဲ့ အတွက် ဒီမနက်ပိုင်းမှာ စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။   “မနေ့က ကျည်ချန်ပြီးတော့ ထိသွားလို့ဒဏ်ရာရတဲ့ကလေးကို ဒီမနက်ကပဲ စစ်တွေဆေးရုံကိုပို့ဆောင်လိုက်ပါတယ်။ အခုကားနဲ့သွားနေတုန်းပါပဲ။ မနေ့ကတော့ ဒဏ်ရာနည်းနည်းလေးဆိုပြီးတော့ ဆေးဝါးတွေထည့်ပေးထားလိုက်တယ်။ ဒါပေမယ့် ငယ်ထိပ်တည့်တည့်မှာဖြစ်တဲ့အတွက် နှာခေါင်းသွေးယိုတာတွေဖြစ်လာလို့ အခုဆေးရုံကို ပို့လိုက်တာပါ”လို့ မင်းဖူးကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။   မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာတော့ တပ်မတော်စစ်ကြောင်းက ကျေးရွာသားတွေကို ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး ကျေးရွာအတွင်းပစ်ခတ်မှုတွေပြုလုပ်ရာမှာ ကလေးတစ်ဦးဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။…

Read More

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ မီးဘေး လူ ၇၀ ဦးထက်မနည်းသေဆုံး

ဒါကာ၊ ဖေဖော်ဝါရီ-၂၁-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ ရှေးဟောင်းသမိုင်းဝင်ဒေသတစ်ခုမှာ မီးလောင်ကျွမ်းမှုကြောင့် လူ ၈၀ ဝန်းကျင် သေဆုံးသွားပါတယ်။   အဲဒီ မီးလောင်ကျွမ်းမှုဟာ ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက မီးလောင်လွယ်တဲ့ ဓါတုဗေဒပစ္စည်းတွေ သိုလှောင်ထားတဲ့ လူနေအဆောက်အဦ တစ်ခုရဲ့ ပထမထပ်မှာ စတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ အဆောက်အအုံတွေကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။   ရာစုနှစ်များစွာ ကြာမြင့်ပြီဖြစ်တဲ့ ချော့ဘဇားဒေသဟာ လမ်းတွေအရမ်းကျဉ်းမြောင်းပြီး လူနေထိုင်ရာ အဆောက်အဦးတွေကလည်း တစ်ခုနဲ့တစ်ခု လက်မနည်းငယ်ကွာဝေးပါတယ်။ မီးဟာ ဒေသစံတော်ချိန် ၁၁ နာရီ ၄၀ မိနစ်မှာ လောင်ကျွမ်းခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောပါတယ်။   သေဆုံးသူတွေထဲမှာ အဆောက်အဦပြင်ပက လူတွေ၊ စားသောက်ဆိုင်မှာရှိနေတဲ့ ဧည့်သည်အချို့နဲ့ မင်္ဂလာဆောင်တစ်ခုက လူတွေပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။…

Read More

တရုတ်နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ခွင့်ပြုမယ်ဆိုရင်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁-၂၀၁၉ TGH (VOM)   တရုတ်နိုင်ငံသားတွေကိုသာ ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်ခွင့်ပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တရုတ်တန်းဖြစ်သွားပြီး မြန်မာတွေကို ရွှေပြည်သာ ၊လှိုင်သာယာတို့မှာသွားကြည့်ရလိမ့်မယ်လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးသက်လွင်တိုးက ပြောပါတယ်။   “တရုတ်ခရီးသွားတွေက ထိန်းမရသိမ်းမရ ဖြစ်နေပြီ။ ကိုရီးယားတွေကို အဲဒီလိုမဖြစ်အောင် လုပ်ရမယ်။ ချက်ချင်းတိုင်ကြားနိုင်ရမယ်။ ဒါမျိုးတွေကို ထိန်းချုပ်ဖို့အတွက် တိကျတဲ့ ခရီးသွားဥပဒေလည်း ထွက်လာပြီ။ ဒါကိုပိုပြီးထိရောက်ဖို့အတွက် နည်းဥပဒေကို ရေးဆွဲနေတယ်။ တရုတ်တွေကိုသာ ဗီဇာ free ပေးလိုက်ရင် မြန်မာနိုင်ငံဟာ တရုတ်တန်းဖြစ်သွားမယ်။ ရွှေပြည်သာတို့ လှိုင်သာယာတို့မှာ မြန်မာကို သွားကြည့်ရလိမ့်မယ်။ မန္တလေးဆို အဲဒီလို ဖြစ်နေပြီ။ ပိုက်ဆံက ဟိုဘက်အိတ် ဒီဘက်အိတ်ဝင်နေတာ။ ဗဟိုဘဏ်ကလည်း အခု ကြေညာချက်ထုတ်ထားတယ်ဆိုတော့ နောက်ပိုင်းအဆင်ပြေမယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။  …

Read More
VOM News

FREE
VIEW