အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား ပုံစံတူ ကြေးရုပ်ထု စိုက်ထူခွင့်ရရှိ

မန္တလေး၊ ဖေဖော်ဝါရီ ၂၁-၂၀၁၉

မောင်တာရာ(VOM)

 

မန္တလေးတိုင်း၊ တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းမှာ ထားရှိမယ့် အင်းဝမြို့တည်နန်းတည်ဘုရင်ဖြစ်တဲ့ သတိုးမင်းဖျား ပုံစံတူ ကြေးရုပ်တု စိုက်ထူခွင့် ကို မန္တလေးတိုင်း အစိုးရအဖွဲ့က ခွင့်ပြုထားပြီးဖြစ်ကြောင်း ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောပါတယ်။

 

 

သတိုးမင်းဖျား ပုံစံတူ ကြေးရုပ်တုကို  သီတဂူဆရာတော်ဘုရားကြီး မိန့်ကြားချက်နဲ့ ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ဦးစီးပြီး ၂၀၁၇ ခုနှစ် ဇွန်လထဲက စတင်ထုလုပ်ခဲ့ကာ ၂၀၁၈ ခုနှစ် ဇွန်လက ထုလုပ်ပြီးစီးခဲ့ပါတယ်။

 

 

ရုပ်တုထုလုပ်ရန်အတွက် ပုဂံမြို့ဟောင်း နဲ့ စစ်ကိုင်းမြို့တို့မှာရှိတဲ့ နံရံဆေးရေးပန်းချီတွေကိုလေ့လာပြီး အင်းဝခေတ် ဝတ်စားဆင်ယင်မှုပုံစံကို ရယူထုလုပ်ခဲ့ရကြောင်း တမ္ပဝတီ ဦးဝင်းမောင် က  ပြောပါတယ်။

 

 

”သတိုးမင်းဖျား ကြေးရုပ်ထုက ပြီးစီးထားပါပြီး စိုက်ထူခွင့်ကို ရရှိဖို့ စောင့်နေတာပါ။အခု မန္တလေးတိုင်းဒေသကြီး အစိုးရကတော့ ခွင့်ပြုပြီးဖြစ်တယ် ။ အရင်ဦးဆုံး ရုပ်တုထားမယ့် ခုံလုပ်ရဦးမယ် ။ ခုံကိုတော့ ဆရာတော်ဘုရားကြီး (သီတဂူဆရာတော်ဘုရားကြီး) မွေးနေ့ တပေါင်းလပြည့်ကျော်မှ လုပ်ဖြစ်မယ်။”ဟု ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောပါတယ်

 

ကြေးရုပ်တင်မယ် ခုံမှာ အမြင့် ၈ ပေခန့်ရှိမည်ဖြစ်ပြီး ကြေးရုပ်ထားရှိရန်အတွက် သက်ဆိုင်ရာက ခွင့်ပြုပေးခြင်းမရှိသေးသောကြောင့် ကြံ့ကြာနေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

 

သတိုးမင်းဖျားရဲ့ ပုံစံတူ ကြေးရုပ်ထုမှာ အမြင့်ပေ ၁၃ ပေ ၆ လက်မ ရှိပြီး မတ်တပ်ရပ်ပုံစံဖြစ်ကာ လက်တစ်ဖက်မှာ ဓားကိုကိုင်ဆွဲထားပြီး ကျန်လက်တစ်ဖက်ကတော့ လှံတံကို ကိုင်မြှောက်ထားတဲ့ ပုံစံဖြစ်ပြီး  ကြေး အလေးချိန်မှာ တန်ချိန် တစ်တန်ခွဲခန့် ရှိကြောင်း သိရပါတယ်။

 

#voiceofmyanmar#သတိုးမင်းဖျား#တံတားဦး#အင်းဝ

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW