ကောင်းမှုတော်စေတီ အဖြူရောင်ဆေးသင်္ကန်းကပ်လှူခြင်း ၇၅ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်း  ဖေဖော်ဝါရီ ၂၁-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့၊ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီး အဖြူရောင်ဆေးသင်္ကန်းကပ်လှူဖို့ လုပ်နေတာမှာ ၇၅ရာခိုင်နှုန်းပြီးစီးနေပြီလို့ ကောင်းမှုတော်စေတီတော် ဂေါပကအဖွဲ့ကပြောပါတယ်။

စေတီတော်ကြီးရဲ့ အောက်ခြေကနေစပြီး ဆေးဖြူသင်္ကန်းကို စသုတ်နေပြီး၊ စေတီတော် လုံးတော်မှာတော့ ရွှေဆေးတွေ ခွာချတုန်းက ကွာသွားတဲ့နေရာ၊ ချိုင့်ဖြစ်နေတဲ့နေရာတွေကို အင်္ဂတွေဖြည့်တဲ့လုပ်ငန်းတွေ ပြီးစီလုဖြစ်နေပြီလို့ ဆိုပါတယ်။

စေတီတော်လုံးတော်မှာ အင်္ဂတေဖြည့်တဲ့ လုပ်ငန်းတွေ ပြီးတာနဲ့ တပတ်အတွင်း လုံးတော်ပြည့် ဆေးဖြူသင်္ကန်းကပ်တော့မှာဖြစ်တယ်လို့ ကောင်းမှုတော် စေတီတော် ဂေါပကအဖွဲ့က ပြောပါတယ်။

လာမယ့်တပေါင်းလပြည့်နေ့မှာတော့ အဖြူရောင်ဆေးသင်္ကန်းကပ်လှူပြီးသွားတဲ့ ကောင်းမှုတော်စေတီတော်မြတ်ကြီးကို စစ်ကိုင်းမြို့မှ ပင့်သံဃာ အပါး ၁၀၀၀ တို့နဲ့ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်း၊ သံဃာအပါး ၁၀၀၀ အား ဆွမ်းကြီးလောင်းလှူ ပြီး ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး ဖွင့်လှစ်ခြင်း အခမ်းအနားများ ကျင်းပသွားမှာလို့ ဂေါပက ဥက္ကဋ္ဌ ဦးနီတင်က VOM ကို ပြောပါတယ်။

 

 

#ကောင်းမှုတော် #ကောင်းမှုတော်စေတီတော် #စစ်ကိုင်း

Related posts

VOM News

FREE
VIEW