ကွေးညွတ်နိုင်တဲ့ Galaxy Fold နဲ့  Galaxy S10 စမတ်ဖုန်းသစ်တွေ ဆမ်ဆောင်းမိတ်ဆက်

ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ-၂၁-၂၀၁၉

မျိုးဆက် (VOM)

 

ဆမ်ဆောင်းရဲ့ 5G ကွန်ရက်စနစ်ပါဝင်တဲ့ Galaxy S10 နဲ့  အခြား S10 စမတ်ဖုန်း သုံးလုံးကို ဖေဖော်ဝါရီ ၂၁ ရက်က မိတ်ဆက်ပြသလိုက်ပြီး ဒီပွဲမှာ ကွေးညွတ်စမတ်ဖုန်းဖြစ်တဲ့ Galaxy Fold ကိုလည်း  ဆမ်ဆောင်းကုမ္ပဏီက ထုတ်ဖော်ပြသလိုက်ပါတယ်။

 

ကွေးညွတ်စမတ်ဖုန်းကို အစောပိုင်းက မျှော်လင့်ထားတာထက် နှစ်လစောပြီး ရောင်းချသွားမှာဖြစ်ပါတယ်။ မိတ်ဆက်လိုက်တဲ့  Galaxy S10၊ S10+ နဲ့  S10e တို့ထဲက S10e ကို ဒေါ်လာ ၁၀၇၈ နဲ့ ရောင်းချမှာဖြစ်ပြီး ကျန်စမတ်ဖုန်းအမျိုးအစားနှစ်ခုကိုတော့ ဒေါ်လာ ၁၃၀၀ ကနေ ၂၂၀၀ အကြားဈေးနှုန်းတွေနဲ့ မတ်လ ၈ ရက်ကစပြီး ရောင်းချသွားမှာဖြစ်ပါတယ်။

 

5G စနစ်ပါဝင်တဲ့ Galaxy S10 မော်ဒယ်မှာ ကွေးညွတ်မျက်နှာပြင်မဟုတ်တဲ့ ကုမ္ပဏီရဲ့ အကြီးဆုံးမျက်နှာပြင်တပ်ဆင်ထားပြီး 5G ကွန်ရက်ဝန်ဆောင်မှုရရှိပါက Data Speed အမြန်ဆုံးဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

 

ယခင်က ထုတ်လုပ်ရောင်းချခဲ့တဲ့ Galaxy S9 မော်ဒယ်စမတ်ဖုန်းတွေမှာ ဈေးနှုန်းကြောင့် မျှော်လင့်ထားတာထက် ရောင်းအားကျဆင်းခဲ့တယ်လို့ ဆမ်ဆောင်းကုမ္ပဏီက ၀န်ခံထားပါတယ်။

 

Galaxy Fold ကွေးညွတ်စမတ်ဖုန်းကတော့  ဖြန့်ထားပါက တက်ဘလက်မျက်နှာပြင်ကဲ့သို့ ၇ ဒသမ ၃ လက်မအရွယ်ရှိပြီး တစ်ပြိုင်တည်းတွင် အပလီကေးရှင်းကို အသုံးပြုနိုင်တယ်လို့  ဆိုပါတယ်။

 

4G ကွန်ရက်စနစ်သာပါဝင်သေးတဲ့ အဆိုပါ ကွေးညွတ်စမတ်ဖုန်းကို ဧပြီ ၂၆ ရက်မှာ ၁၉၈၀ ဒေါ်လာနဲ့ စတင်ရောင်းချဖို့  စီစဉ်ထားပြီး ပိုမိုဈေးမြင့်မားတဲ့ 5G ကွန်ရက်စနစ်ပါ ကွေးညွတ်စမတ်ဖုန်းကိုလည်း ထုတ်လုပ်သွားမယ်လို့  ဆမ်ဆောင်းကုမ္ပဏီက ပြောပါတယ်။

 

Ref: CNA/ BBC

Photo : Samsung

Related posts

Leave a Comment

VOM News

FREE
VIEW