ကနီ တွင်းမ အပန်းဖြေနေရာမှာ ပြည်တွင်းခရီးသွားဝင်ရောက်မှုများလာ

ကနီ၊ ဖေဖော်ဝါရီ ၂၃-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ တွင်းမတွင်းရှိ အများပြည်သူအပန်းဖြေနေရာမှာ ပြည်တွင်းခရီးသွားဝင်ရောက်မှုများလာတယ်လို့  ဒေသခံတွေကပြောပါတယ်။

 

အဲဒီ တွင်းမတွင်းဟာ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝလမ်းဘေး မှာရှိပြီး အရင်က စိမ်းပြာရေညှိ စပီယူလိုင်းနား ထုတ်လုပ်ခဲ့တဲ့တွင်းမတွင်းဖြစ်ပြီး   ၂၀၁၇ခုနှစ်ကစပြီး စိမ်းပြာရေညှိမထွက်ရှိတော့တာကြောင့် ဒေသခံများကလုပ်ထားတဲ့ တွင်းမတွင်းပတ်ပတ်လည် အပန်းဖြေနေရာတွေမှာ ပြည်တွင်းခရီးသွားများဝင်ရောက်အပန်းဖြေမှုများလာတယ်လို့ ဒေသခံ ကိုဇော်မျိုးမောင်က ပြောပါတယ်။

 

 

တွင်းဧရိယာမှာ ၆မိုင်ရှိပြီး ရေမိုင် ၂မိုင်ခွဲရှိတဲ့ တွင်းမတွင်း ပတ်ပတ်လည်မှာ တွင်းထဲမှာရှိတဲ့အိမ်ခြေ ၉၀ခန့်ရှိကာ သဘာဝအတိုင်း တွင်းထဲမှာပေါက်နေတဲ့အုန်းပင်များ အုန်းသီးများခူးကာရောင်းချခြင်း၊ ကွမ်းစိုက်ခြင်း၊ တွင်းပိုးပြုလုပ်ရောင်းခြခြင်းများနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်နေတယ်လို့သိရပါတယ်။

 

#voiceofmyanmar#တွင်းမ#ကနီ

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW