ကနီ တွင်းမ အပန်းဖြေနေရာမှာ ပြည်တွင်းခရီးသွားဝင်ရောက်မှုများလာ

ကနီ၊ ဖေဖော်ဝါရီ ၂၃-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ တွင်းမတွင်းရှိ အများပြည်သူအပန်းဖြေနေရာမှာ ပြည်တွင်းခရီးသွားဝင်ရောက်မှုများလာတယ်လို့  ဒေသခံတွေကပြောပါတယ်။   အဲဒီ တွင်းမတွင်းဟာ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝလမ်းဘေး မှာရှိပြီး အရင်က စိမ်းပြာရေညှိ စပီယူလိုင်းနား ထုတ်လုပ်ခဲ့တဲ့တွင်းမတွင်းဖြစ်ပြီး   ၂၀၁၇ခုနှစ်ကစပြီး စိမ်းပြာရေညှိမထွက်ရှိတော့တာကြောင့် ဒေသခံများကလုပ်ထားတဲ့ တွင်းမတွင်းပတ်ပတ်လည် အပန်းဖြေနေရာတွေမှာ ပြည်တွင်းခရီးသွားများဝင်ရောက်အပန်းဖြေမှုများလာတယ်လို့ ဒေသခံ ကိုဇော်မျိုးမောင်က ပြောပါတယ်။     တွင်းဧရိယာမှာ ၆မိုင်ရှိပြီး ရေမိုင် ၂မိုင်ခွဲရှိတဲ့ တွင်းမတွင်း ပတ်ပတ်လည်မှာ တွင်းထဲမှာရှိတဲ့အိမ်ခြေ ၉၀ခန့်ရှိကာ သဘာဝအတိုင်း တွင်းထဲမှာပေါက်နေတဲ့အုန်းပင်များ အုန်းသီးများခူးကာရောင်းချခြင်း၊ ကွမ်းစိုက်ခြင်း၊ တွင်းပိုးပြုလုပ်ရောင်းခြခြင်းများနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်နေတယ်လို့သိရပါတယ်။   #voiceofmyanmar#တွင်းမ#ကနီ      

Read More

အိန္ဒိယက စစ်ရေးလှုပ်ရှားလာရင် တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်သတိပေး

အစ္စလမ္မာဘက်၊ ဖေဖော်ဝါရီ-၂၃-၂၀၁၉ မျိုးဆက် (VOM)   ကက်ရှ်မီးယားဒေသမှာ  လွန်ခဲ့တဲ့သီတင်းပတ်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့အကြား တင်းမာမှုများမြင့်တက်နေချိန်မှာ အိန္ဒိယနိုင်ငံက စစ်ရေးလှုပ်ရှားမှု တစ်စုံတစ်ရာရှိလာခဲ့ရင် စစ်အင်အားပြည့် ပြန်လည်တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်က သတိပေး ပြောဆိုလိုက်ပါတယ်။   ပါကစ္စတန်အနေဖြင့် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေမရှိဘဲ စစ်ပွဲအတွက်  ခြိမ်းခြောက်မှုတွေကို အိန္ဒိယနိုင်ငံဘက်ကသာပြုလုပ်နေပြီး ပါကစ္စတန်အနေနဲ့ တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ပါကစ္စတန်စစ်တပ်ရဲ့ ထိပ်တန်းဗိုလ်ချုပ် တစ်ဦးဖြစ်သူ အာဆစ်ဂါဖိုးက ဖေဖော်ဝါရီ ၂၂ ရက်ကပြောပါတယ်။   စစ်ရေးကို မိမိတို့ရဲ့ ခုခံကာကွယ်ခွင့်အတွက်သာ အသုံးပြုသွားမှာ ဖြစ်ပြီး အိန္ဒိယကြောင့် ပါကစ္စတန် တပ်ဖွဲ့ဝင်တွေကလုံးဝ အံအားသင့်လိမ့်မည်မဟုတ်ဘဲ မိမိတို့ကြောင့်သာ အိန္ဒိယနိုင်ငံက အံအားသင့်သွားစေရမယ်လို့လည်း ၎င်းကဆိုပါတယ်။   ကက်ရှ်မီးယားဒေသမှာ အိန္ဒိတပ်ဖွဲ့ဝင် ဒါဇင်နှင့်ချီပြီး သေဆုံးခဲ့ရတဲ့ ဖေဖော်ဝါရီ ၁၄ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုအတွက် ကျူးလွန်တဲ့အဖွဲ့ကို…

Read More

သရုပ်ဆောင်ပြီးသားဇာတ်ရုပ်ကို ပြန်မလုပ်ချင်တော့ဘူးဆိုတဲ့ သက်မွန်မြင့်

ရန်ကုန် ဖေဖော်ဝါရီ ၂၄-၂၀၁၉ သင်းသဒ္ဒါ (VOM)   ဗီးနပ်စ်ရဲ့လပ်ပ် ဗီဒီိယို ဇာတ်ကားမှာ မိတင်စိန်အဖြစ်နဲ့ ပရိသတ်ရဲ့ အားပေးမှုကို အများဆုံးရခဲ့တဲ့ အကယ်ဒမီ သက်မွန်မြင့် ကတော့ သရုပ်ဆောင်ပြီးသား ဇာတ်ရုပ်ကို ပြန်သရုပ်မဆောင်ချင်တော့ဘူးလို့ ဆိုပါတယ်။   မိတင်စိန်ကို ဗီဒီယိုရိုက်ထားခဲ့ဖူးတော့ ကိုဝိုင်း အသစ်တဖန်ပြန်လည် မွေးဖွားမယ့် အကြောင်းနဲ့ ပတ်သက်ပြီးတော့ “မိတင်စိန်မှာခုထိကမ်းလှမ်းတာတော့ မရှိသေးဘူး။ တခြားတစ်ယောက်နဲ့ပဲ ရိုက်ဖြစ်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သက်မွန်နဲ့က ဗီဒီယို ရိုက်ပြီးသွားပြီ ၊ ကိုယ်ရိုက်ပြီးသား ကိုယ်သရုပ်ဆောင်ပြီးသား ဇာတ်ကို ပြန်သရုပ်ဆောင်ဖို့ကျတော့ စားပြီးသားထမင်းပြန်စားသလိုဖြစ်မှာပေါ့နော်။ အဲ့ဒါ ကိုယ့်အနေနဲ့သိပ်ပြီးတော့ ရင်မခုန်တော့ဘူး။ အဲ့ကားလေးက ကိုယ့်အရမ်းကြိုက်ခဲ့တဲ့ ကားလေးပေါ့နော်။ ကိုယ်အား ရခဲ့တဲ့ကားပြောရရင် ရုပ်ရှင်သာဖြစ်ခဲ့ရင် အကယ်ဒမီမှန်းလို့ရတယ်ပေါ့နော်။ ကိုယ့်ကိုယ် ကိုယ်အဲ့လိုမျိုးအထိ ကျေနပ်ခဲ့တဲ့ကားလေး ဖြစ်နေတော့ ပြန်မလုပ်ရဲတော့ဘူး။ အဲ့လိုပုံစံမျိုးထွက်မယ်လို့…

Read More

ဆူဒန်မှာ အစိုးရအဖွဲ့ကို သမ္မတက ဖြုတ်ချပြီး နိုင်ငံအရေးပေါ်အခြေအနေကြေညာ

ခါတွမ်၊ ဖေဖော်ဝါရီ-၂၃-၂၀၁၉ မျိုးဆက် (VOM)   ဆူဒန်နိုင်ငံမှာ နိုင်ငံတော်အဆင့် အမျိုးသားအရေးပေါ်ကြေညာချက်တစ်ရပ်ကို သမ္မတအိုမာအယ်ဘာရှီးရာက  ထုတ်ပြန်လိုက်ပြီး အစိုးရအဖွဲ့ကို ဖြုတ်ချကာ ပြည်နယ်အုပ်ချုပ်ရေးမှူးအားလုံးကိုလည်း ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။   ဖေဖော်ဝါရီ ၂၂ ရက်က  ရုပ်သံမိန့်ခွန်းတစ်ရပ်ပြောကြားရာမှာ  မစ္စတာဘာရှီးရာက အခုလိုကြေညာလိုက်တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနေရာမှာ  လုံခြုံရေးတပ်ဖွဲ့ကတာဝန်ရှိသူတွေကို အစားထိုးခန့်အပ်လိုက်ပါတယ်။   မစ္စတာဘာရှီးရာဟာ သမ္မတရာထူးကနေ ဆင်းပေးတော့မှာဖြစ်ကြောင်း ဆူဒန်အမျိုးသားလုံခြုံရေးနဲ့ ထောက်လှမ်းရေးဌာန (အင်အိုင်အက်စ်အက်စ်)က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။  မကြာသေးမှီသီတင်းပတ်များအတွင်းကဖြစ်ပေါ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာ ၎င်းကို အဓိကထား ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။   အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက် အွမ်ဒူမန်မြို့တွင်းရှိ လမ်းတွေပေါ်မှာ ဆန္ဒပြတာတွေ ဖြစ်ပေါ်နေကြောင်း မျက်မြင်သက်သေတွေက ပြောဆိုပြီး ၎င်းတို့ကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တယ်လို့ ဆိုပါတယ်။   ဆန္ဒပြမှုတွေဟာ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် အားထုတ်လုပ်ဆောင်မှုဖြစ်တယ်လို့ သမ္မတအိုမာအယ်ဘာရှီးရာက  ပြစ်တင်ပြောဆိုလိုက်ပြီး…

Read More
VOM News

FREE
VIEW