သရုပ်ဆောင်ပြီးသားဇာတ်ရုပ်ကို ပြန်မလုပ်ချင်တော့ဘူးဆိုတဲ့ သက်မွန်မြင့်

ရန်ကုန် ဖေဖော်ဝါရီ ၂၄-၂၀၁၉

သင်းသဒ္ဒါ (VOM)

 

ဗီးနပ်စ်ရဲ့လပ်ပ် ဗီဒီိယို ဇာတ်ကားမှာ မိတင်စိန်အဖြစ်နဲ့ ပရိသတ်ရဲ့ အားပေးမှုကို အများဆုံးရခဲ့တဲ့ အကယ်ဒမီ သက်မွန်မြင့် ကတော့ သရုပ်ဆောင်ပြီးသား ဇာတ်ရုပ်ကို ပြန်သရုပ်မဆောင်ချင်တော့ဘူးလို့ ဆိုပါတယ်။

 

မိတင်စိန်ကို ဗီဒီယိုရိုက်ထားခဲ့ဖူးတော့ ကိုဝိုင်း အသစ်တဖန်ပြန်လည် မွေးဖွားမယ့် အကြောင်းနဲ့ ပတ်သက်ပြီးတော့

“မိတင်စိန်မှာခုထိကမ်းလှမ်းတာတော့ မရှိသေးဘူး။ တခြားတစ်ယောက်နဲ့ပဲ ရိုက်ဖြစ်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သက်မွန်နဲ့က ဗီဒီယို ရိုက်ပြီးသွားပြီ ၊ ကိုယ်ရိုက်ပြီးသား ကိုယ်သရုပ်ဆောင်ပြီးသား ဇာတ်ကို ပြန်သရုပ်ဆောင်ဖို့ကျတော့ စားပြီးသားထမင်းပြန်စားသလိုဖြစ်မှာပေါ့နော်။ အဲ့ဒါ ကိုယ့်အနေနဲ့သိပ်ပြီးတော့ ရင်မခုန်တော့ဘူး။ အဲ့ကားလေးက ကိုယ့်အရမ်းကြိုက်ခဲ့တဲ့ ကားလေးပေါ့နော်။ ကိုယ်အား ရခဲ့တဲ့ကားပြောရရင် ရုပ်ရှင်သာဖြစ်ခဲ့ရင် အကယ်ဒမီမှန်းလို့ရတယ်ပေါ့နော်။ ကိုယ့်ကိုယ် ကိုယ်အဲ့လိုမျိုးအထိ ကျေနပ်ခဲ့တဲ့ကားလေး ဖြစ်နေတော့ ပြန်မလုပ်ရဲတော့ဘူး။ အဲ့လိုပုံစံမျိုးထွက်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မရှိတော့ဘူး”လို့ဆိုပါတယ်။

သူမကတော့ လတ်တလော ကြော်ငြာတွေ၊ ဓာတ်ပုံတွေအများကြီး ရိုက်ကူးနေပြီးတော့  ၂၀၁၉ မှာတော့ ရုံတင်မယ့် ကားတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။

ဇာတ်ကားရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့

” ခက်ခက်ခဲခဲ လုပ်ရတာပိုပြီးတော့ ကြိုက်တယ်ဒရာမာ ပဲဖြစ်ဖြစ်၊ ကိုယ်သရုပ်မဆောင်ဖူးတဲ့ သရုပ်ဆောင်နေကျ မဟုတ်တဲ့ကာရိုက်တာမျိုး အဲ့ဒါတွေကို ပိုပြီးသဘောကျတယ်။ ပြီးရင် ပေါ့ပေါ့ပါးပါးလုပ်ရတာထက် အိုက်တင်ကိုကစားရတာ ခက်ခက်ခဲခဲလုပ်ရတာ ကိုယ့်ကိုစိန်ခေါ်မှု ပြောင်းလဲစေတဲ့အရာပေါ့နော်။ ကြည့်လိုက်လို့ရှိရင် မိုက်တယ်ဆိုတဲ့ဟာမျိုးကို ကိုယ်က ရိုက်ချင်လာ တယ်”လို့ဆိုပါတယ်။

 

ဓာတ်ပုံ-သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW