အိန္ဒိယနိုင်ငံမှာ အဆိပ်သင့်ချက်အရက်တွေသောက်လို့ လူ ၁၃၀ သေဆုံး

ဒေလီ၊ ဖေဖော်ဝါရီ-၂၄-၂၀၁၉ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာ အဆိပ်သင့်နေတဲ့  မှောင်ခိုအရက်တွေကို သောက်မိတာကြောင့် လူပေါင်း ၁၃၀ ဦးသေဆုံးသွားပြီး လူ ၂၀၀ ကျော်ကိုဆေးရုံတင်ထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။   နိုင်ငံမြောက်ပိုင်းရှိ ဥတာပရာဒက်နဲ့ ဥတာရာခန် ပြည်နယ်တွေမှာ  မှောင်ခိုအရက်တွေကြောင့် လူ ၁၀၀ခန့်သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဖေဖော်ဝါရီ ၂၄ ရက်မှာ အာသံပြည်နယ်အတွင်းမှာ နောက်ထပ် ၃၅ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။   ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး လူဆယ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဆိပ်မိသူတွေထဲမှာ  အမျိုးသမီးတွေလည်းပါဝင်ပြီး ၎င်းတို့အားလုံးဟာ အာသံပြည်နယ်ရှိ လက်ဖက်စိုက်ခင်းတွေမှာ  အလုပ်လုပ်ကိုင်နေသူတွေဖြစ်ကြပါတယ်။   ဒီလိုအဆိပ်သင့်မှုကြောင့် ဖေဖော်ဝါရီ ၂၁ ရက်က ပထမဆုံးလူသေဆုံးခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၁၁ ခုနှစ်က အနောက်ဘန်ဂေါပြည်နယ်မှာ အရက်အဆိပ်သင့်မှုကြောင့် လူ ၁၇၀ သေဆုံးခဲ့တာထက်…

Read More

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအတွက် ကင်ဂျုံအန် ဗီယမ်နမ်သို့ရထားနဲ့ ထွက်ခွာ

ပြုံယမ်း၊ ဖေဖော်ဝါရီ-၂၄-၂၀၁၉ မျိုးဆက်(VOM)   မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် ဗီယမ်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်သို့  မီးရထားနဲ့ ထွက်ခွာသွားပြီဖြစ်ပါတယ်။   မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် ဗီယမ်နမ်သို့ထွက်ခွာသွားပြီဖြစ်ကြောင်းကို  မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီ ကေစီအင်အေက အတည်ပြုဖော်ပြခဲ့ပါတယ်။   ကင်ဂျုံအန်ဟာ  ဖေဖော်ဝါရီ၂၃ရက် ဒေသစံတော်ချိန် ည ၉နာရီကျော်က တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ဒန်ဒေါင်းမြို့ ကိုရောက်ရှိခဲ့ပါတယ်။   နျူကလီးယားစွန့်လွှတ်ရေးအတွက်  ဒုတိယအကြိမ်မြောက် အမေရိကန်-မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီ၂၇ရက်နဲ့ ၂၈ရက်နေ့တွေမှာ ဗီယမ်နမ်နိုင်ငံရဲ့မြို့တော် ဟနွိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။   ပြီးခဲ့သောနှစ်က စင်္ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးဆွေးနွေးမှုတွေကို ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဒုတိယအကြိမ်ဆွေးနွေးပွဲပြုလုပ်တာဖြစ်ပါတယ်။   ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲမှာ   နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ရည်ရွယ်တဲ့ တိုးတက်မှုတွေကို လုပ်ဆောင်နိုင်ခြင်းရှိ၊ မရှိ ကမ္ဘာတစ်ဝန်းက အာရုံစိုက်နေပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ နျူကလီးယားစွန့်လွှတ်ရေး ကိစ္စကိုအလျင်မလိုဘူးလို့ ပြောဆိုထားပြီး…

Read More

အချစ်ရေးမှာ ချုပ်ချယ်တဲ့သူကို မကြိုက်ဘူးဆိုတဲ့ ထားထက်ထက်

ရန်ကုန် ဖေဖော်ဝါရီ ၂၄-၂၀၁၉ သင်းသဒ္ဒါ(VOM)   အလှမယ် သရုပ်ဆောင်ဖြစ်တဲ့ ထားထက်ထက်ကတော့ အချစ်ရေးမှာ ချုပ်ချယ်တဲ့သူကို မကြိုက်ဘူး လို့ဆိုပါတယ်။   “ထားထက်က တစ်ယောက်တည်းပဲနေချင်တော့ မဟုတ်ဘူးပေါ့နော် ။တစ်ယောက်တည်းနေတာကြာရင် အထီးကျန်ဆန်လာတတ်တာပဲလေ။ ထားထက်ကို ချုပ်ချယ်တဲ့သူမျိုးဆိုရင်တော့ မကြိုက်ဘူး။ ကိုယ့်ကို လွတ်လပ်စွာထားမယ် နားလည်မှုရှိတယ်ဆိုရင်တော့ သဘောကျပါတယ်။ ဥပမာ – ဒီအဝတ်အစား မဝတ်ရဘူး။ ဒီပွဲ မတက်ရဘူး။ ဒီလူနဲ့မတွေ့ရဘူး ဆိုတာမျိုး အရမ်းထိန်းချုပ်တတ်တဲ့ လူမျိုးဆိုရင်တော့ အဆင်မပြေဘူး။ နားလည်မှု ရှိတာကိုတော့ လိုချင်တယ်”လို့ဆိုပါတယ်။   သူမက ချစ်သူပုံစံကတော့ သဘောကောင်းတယ်။ သည်းခံတတ်တယ်။ စိတ်ရှည်တယ် ဆိုတော့ ကိုယ် ချစ်တဲ့သူတစ်ယောက် ဆိုရင်တော့ အမြဲတမ်းသည်းခံပေးတတ်ပါတယ်။ နားလည်ပေးတတ် တယ်ပေါ့နော်။ အဓိက ကိုယ်နဲ့နီးနီး ကပ်ကပ်နေရသည်ဖြစ်စေ မနေရ သည်ဖြစ်စေ ချစ်နေတာဆိုတော့လေ ထားထက်ကတော့ ချစ်နေတာပါပဲ။…

Read More

စစ်ကိုင်းက လူ၅၀၀ ဝန်းကျင် ၂၀၀၈ ခြေဥ ပြင်ဆင်ရေး ထောက်ခံပွဲပြုလုပ်

စစ်ကိုင်း ဖေဖော်ဝါရီ ၂၄-၂၀၁၉ စောပြည့်ချမ်းသာ(VOM)     စစ်ကိုင်းမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံရေးအတွက် လူထု ထောက်ခံပွဲ ပြုလုပ်ရာမှာ စစ်ကိုင်းမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကနေ  မြို့မဘောလုံးကွင်းကို လူ ၅၀၀ခန့် ချီတက်လမ်းလျှောက်ခဲ့ပြီး မြို့မ ဘောလုံးကွင်း မှာ စာရေးဆရာ ထင်လင်းဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးဟောပြောခြင်းများ ပြုလုပ်ခဲ့ပါတယ်။     #voiceofmyanmar#စစ်ကိုင်း#၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး

Read More

လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် ရမ်းချောင်းအထက်ပိုင်းက ရွာသားတွေထွက်ပြေး

မြောက်ဦး၊ ဖောဖော်ဝါရီ ၂၄-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မြောက်ပိုင်း ရမ်းချောင်းအထက်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ ရက်နေ့က စတင်ပြီး မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။   အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်အကျအဆုံးတွေများပြားခဲ့ကြောင်းနဲ့ ကျောက်ကျပ်ကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာလည်း ညတိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတဲ့အတွက် ရမ်းချောင်းအထက်ပိုင်းက အဆင်အိုး ကျေးရွာသားတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။   “ကျွန်တော်တို့က တစ်နေ့က ညနေပိုင်းမှာ ဒီရွာကိုရောက်လာခဲ့ကြတာပါ။ ကျွန်တော်တို့ရွာနဲ့ တစ်မိုင်လောက်ပဲဝေးတဲ့ ရန်အောင်ပြင်ကျေးရွာနားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့လာတဲ့အချိန်ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြားနေရတဲ့အတွက် မနေရဲဘဲ ထွက်ပြေးလာခဲ့ကြတာပါ။”လို့ ဆင်အိုးကျေးရွာသား ကိုသန်းနိုင်က ပြောပါတယ်။   ရမ်းချောင်းဖျားဒေသအတွင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့အထိ နားလိပ်ကျေးရွာနဲ့ သာစည်ကျေးရွာအကြားမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်ကာလအတွင်း ဆင်အိုးကျေးရွာအနီးမှာလည်း…

Read More
VOM News

FREE
VIEW