အချစ်ရေးမှာ ချုပ်ချယ်တဲ့သူကို မကြိုက်ဘူးဆိုတဲ့ ထားထက်ထက်

ရန်ကုန် ဖေဖော်ဝါရီ ၂၄-၂၀၁၉

သင်းသဒ္ဒါ(VOM)

 

အလှမယ် သရုပ်ဆောင်ဖြစ်တဲ့ ထားထက်ထက်ကတော့ အချစ်ရေးမှာ ချုပ်ချယ်တဲ့သူကို မကြိုက်ဘူး လို့ဆိုပါတယ်။

 

“ထားထက်က တစ်ယောက်တည်းပဲနေချင်တော့ မဟုတ်ဘူးပေါ့နော် ။တစ်ယောက်တည်းနေတာကြာရင် အထီးကျန်ဆန်လာတတ်တာပဲလေ။ ထားထက်ကို ချုပ်ချယ်တဲ့သူမျိုးဆိုရင်တော့ မကြိုက်ဘူး။ ကိုယ့်ကို လွတ်လပ်စွာထားမယ် နားလည်မှုရှိတယ်ဆိုရင်တော့ သဘောကျပါတယ်။ ဥပမာ – ဒီအဝတ်အစား မဝတ်ရဘူး။ ဒီပွဲ မတက်ရဘူး။ ဒီလူနဲ့မတွေ့ရဘူး ဆိုတာမျိုး အရမ်းထိန်းချုပ်တတ်တဲ့ လူမျိုးဆိုရင်တော့ အဆင်မပြေဘူး။ နားလည်မှု ရှိတာကိုတော့ လိုချင်တယ်”လို့ဆိုပါတယ်။

 

သူမက ချစ်သူပုံစံကတော့ သဘောကောင်းတယ်။ သည်းခံတတ်တယ်။ စိတ်ရှည်တယ် ဆိုတော့ ကိုယ် ချစ်တဲ့သူတစ်ယောက် ဆိုရင်တော့ အမြဲတမ်းသည်းခံပေးတတ်ပါတယ်။ နားလည်ပေးတတ် တယ်ပေါ့နော်။ အဓိက ကိုယ်နဲ့နီးနီး ကပ်ကပ်နေရသည်ဖြစ်စေ မနေရ သည်ဖြစ်စေ ချစ်နေတာဆိုတော့လေ ထားထက်ကတော့ ချစ်နေတာပါပဲ။ အခုကတော့ တစ်ယောက်ထဲပါလို့သိရပါတယ်။

 

အချစ်ရေးနဲ့ ပတ်သက်ပြီး ချုပ်ချယ်ခံခဲ့ရလားဆိုတော့ “အဲလိုတော့ မဟုတ်ပါဘူး။ ယောက်ကျားလေးအများစုကအရမ်းချစ်လွန်းရင် မိန်းကလေးတွေက မခံနိုင်ကြဘူး လေ။ အရမ်းချစ်လွန်းတော့ သဝန်တိုတာပေါ့နော်။ သူတို့စိတ်ကချုပ်ချယ်တာ မဟုတ်ဘူး။ သူ့ချစ်သူကို ချစ်လွန်းအားကြီးပြီး သူများနောက် ပါသွား မှာကို စိုးရိမ်စိတ်အားကြီးတော့ ချုပ်ချယ်သလို ဖြစ်တာပေါ့နော် ကိုယ်ကလည်း သူ့ကိုချစ်တဲ့အခါကျ တော့ ဒါ တွေကို ဖြည့်ပြီး နားလည်ပေးရတာပေါ့နော်”လို့ဆိုပါတယ်။

သူမကတော့ ယနေ့ ရန်ကုန်မြို့ ကန်တော်ကြီးမှာ Revicon ပြုလုပ်တဲ့  ၃၃ ကြိမ်မြောက် လူထုစုပေါင်း စက်ဘီးနင်းပွဲမှာတော့ လူပေါင်း ၁၅၀၀ လောက်နဲ့ ပါဝင်ပြီးတော့ စက်ဘီးအားကစားချစ်သူတွေနဲ့အတူ ပါဝင်ဆင်နွဲနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ-သင်းသဒ္ဒါ

 

 

#voiceofmyanmar#ထားထက်ထက်

Related posts

Leave a Comment

VOM News

FREE
VIEW