အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအတွက် ကင်ဂျုံအန် ဗီယမ်နမ်သို့ရထားနဲ့ ထွက်ခွာ

ပြုံယမ်း၊ ဖေဖော်ဝါရီ-၂၄-၂၀၁၉

မျိုးဆက်(VOM)

 

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် ဗီယမ်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်သို့  မီးရထားနဲ့ ထွက်ခွာသွားပြီဖြစ်ပါတယ်။

 

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် ဗီယမ်နမ်သို့ထွက်ခွာသွားပြီဖြစ်ကြောင်းကို  မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီ ကေစီအင်အေက အတည်ပြုဖော်ပြခဲ့ပါတယ်။

 

ကင်ဂျုံအန်ဟာ  ဖေဖော်ဝါရီ၂၃ရက် ဒေသစံတော်ချိန် ည ၉နာရီကျော်က တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ဒန်ဒေါင်းမြို့ ကိုရောက်ရှိခဲ့ပါတယ်။

 

နျူကလီးယားစွန့်လွှတ်ရေးအတွက်  ဒုတိယအကြိမ်မြောက် အမေရိကန်-မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီ၂၇ရက်နဲ့ ၂၈ရက်နေ့တွေမှာ ဗီယမ်နမ်နိုင်ငံရဲ့မြို့တော် ဟနွိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

 

ပြီးခဲ့သောနှစ်က စင်္ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးဆွေးနွေးမှုတွေကို ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဒုတိယအကြိမ်ဆွေးနွေးပွဲပြုလုပ်တာဖြစ်ပါတယ်။

 

ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲမှာ   နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ရည်ရွယ်တဲ့ တိုးတက်မှုတွေကို လုပ်ဆောင်နိုင်ခြင်းရှိ၊ မရှိ ကမ္ဘာတစ်ဝန်းက အာရုံစိုက်နေပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ နျူကလီးယားစွန့်လွှတ်ရေး ကိစ္စကိုအလျင်မလိုဘူးလို့ ပြောဆိုထားပြီး ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားကို စီးပွားဆိုင်ရာတွေ ကမ်းလှမ်းနိုင်ခြေရှိနေပါတယ်။

 

Ref : BBC/ Reuter

Photo :Reuter

 

#voiceofmyanmar#မြောက်ကိုရီးယား#ဒေါ်နယ်ထရန့် #ကင်ဂျုံအန်

Related posts

Leave a Comment

VOM News

FREE
VIEW