၂၁ရာစု ပင်​လုံညီလာခံ နဲ့ ပြည်​တွင်းငြိမ်းချမ်း​ရေးကိုလူထု စိတ်​ပါဝင်​စား​အောင်​ တစ်​ကိုယ်​လမ်း​လျှောက်

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၂၅-၂၀၁၉
ဟိန်းကို(VOM)
သံတွဲမြို့မှာ​နေထိုင်​တဲ့ ဦးစိုး​ဝေ ဆိုသူဟာ ၂၁ရာစု ပင်​လုံညီလာခံ နဲ့ ပြည်​တွင်းငြိမ်းချမ်း​ရေးကိုလူထု စိတ်​ပါဝင်​စား​လာ​စေရန်​ ရည်​ရွယ်​ပြီး ပဲခူးတိုင်း ပြည်မြို့က​နေ့ တစ်​ကိုယ်​​တော်​လမ်း​လျှောက်​လာပြီး ယ​နေ့ည​နေပိုင်းက မန္တ​လေးမြို့ကို ​ရောက်​ရှိခဲ့ပါတယ်​။
ရောက်​ခဲ့တာက ​ကော့​သောင်း၊ မြဝတီ၊ လွိုင်​​ကော်​၊ ​တောင်​ကြ်ီး၊ ​မောင်​​တောမြို့​တွေကို ​ရောက်​ခဲ့ပြီးပြီ ၊ အခက်​အခဲ​တွေ​တော့ရှိတယ်​၊ အဲ့တာ​တွေကို အ​ထွေအထူးမ​ပြော​တော့ဘူး၊ ဘာ​တွေရှိရှိ ကျွန်​​တော်​က သည်းခံစိတ်​ထားပါတယ်​၊ ကျွန်​​တော်​တို့ ၂၁ရာစု ပင်​လုံညီလာခံ နဲ့ ငြိမ်းချမ်း​ရေး ဖြစ်​စဉ်​ကြီးဟာလည်း သည်းခံစိတ်​​မေတ္တာစိတ်​နဲ့ ​ကျော်​ဖြတ်​မှ ​အောင်​မြင်​မှာ ဖြစ်​တယ်​” လို့ တစ်​ကိုယ်​​တော်​လမ်း​လျှောက်​သူ ဦးစိုး​ဝေ က ​ပြောပါတယ်​။
ခုလို တစ်​ကိုယ်​​တော်​လမ်း​လျှောက်​တာကို ၂၀၁၇ခုနှစ်​ သြဂုတ်​(၇)ရက်​​နေ့ မြန်​မာလို ဝါ​ခေါင်​လပြည့်​​နေ့ ​မေတ္တာအခါ​တော်​​နေ့ ၊ ​ဂေါတမဘုရားရှင်​ ငြိမ်းချမ်း​ရေးတရား​ဟောတဲ့​နေ့ က​နေ စတင်​လမ်း​လျှောက်​ခဲ့ပြီး တိုင်းနဲ့ပြည်​နယ်​ ၁၄ခုကို ပြည့်​​အောင်​ ငြိမ်းချမ်း​ရေးအတွက်​ တစ်​ကိုယ်​​တော်​လမ်း​လျှောက်​သွားမှာ ဖြစ်​ပါတယ်​။
#voiceofmyanmar#တကိုယ်တော်လမ်းလျှောက်#ဦးစိုးဝေ#ငြိမ်းချမ်းရေး

 

Related posts

Leave a Comment

VOM News

FREE
VIEW